ရန်ကုန်နဲ့ မန္တလေးတက္ကသိုလ်မှာ ဘာသာရပ်သစ်သုံးခု တိုးချဲ့သင်ကြားမယ်

ရန်ကုန်နဲ့ မန္တလေးတက္ကသိုလ်မှာ ဘာသာရပ်သစ်သုံးခု တိုးချဲ့သင်ကြားမယ်

ရန်ကုန်တက္ကသိုလ်နဲ့ မန္တလေးတက္ကသိုလ်တို့မှာ ဘာသာရပ်အသစ်သုံးခုကို တိုးချဲ့သင် ကြားမှာဖြစ်ကြောင်း ယခုနှစ် တက္ကသိုလ်ဝင်ခွင့်လမ်းညွှန်မှာ ကြေညာထားပါတယ်။

ဇီဝဗေဒ၊ အဏုဇီဝဗေဒ၊ Environmental Studiesဘာသာရပ်အသစ်သုံးခုကို ထပ်မံဖွင့်လှစ်သင်ကြားမှာဖြစ်ပြီး ဘာသာရပ်တစ်ခုကို ကျောင်းသား၊ကျောင်းသူ ၁၀၀ ဦးလက်ခံသင်ကြားမှာဖြစ်တယ်လို့ သိရပါတယ်။

READ - အင်းစိန်ဂျီတီအိုင်ကျောင်းဝင်ခွင့် အောက်တိုဘာလအတွင်း ခေါ်ယူမည်

‘‘အရင်က ဘာသာရပ် ၂၂ ခု၊ ဒီနှစ်အသစ်တိုးဘာသာရပ်သုံးခုရှိပါတယ်။ ဒီဘာသာရပ်အသစ်တွေက ဖွင့်ဖို့လုပ်နေတာကြာပြီ။ ဒီနှစ်ကတော့ ဆရာအင်အားရော၊ စာသင်ခန်း အနေအထားရော အားလုံးပြည့်စုံလို့ ဖွင့်ဖြစ်တာပါ’’ လို့ ရန်ကုန်တက္ကသိုလ်ကျောင်းသားရေးရာနှင့် ကျောင်းဆောင် များကြီးကြပ်ရေးဌာန လက်ထောက်မော်ကွန်းထိန်းဦးအောင်စိုးက ပြောထားပါသည်။

အဆိုပါအထူးပြုဘာသာရပ်တွေ တက်ရောက်လိုပါက တက္ကသိုလ်ဝင်ခွင့်သင်တန်းရွေးချယ်မှု ကတ်ပြားမှာ ထည့်သွင်း လျှောက်ထားရမှာဖြစ်ပြီး ဘယ်ဒေသမှတက္ကသိုလ်ဝင်စာမေးပွဲအောင် မြင်ခဲ့သူဖြစ်စေ အဆိုပါ တက္ကသိုလ်နှစ်ခုသို့ ရွေးချယ်တက်ရောက်နိုင်တယ်လို့ သိရပါတယ်။

ဇီဝဓာတုဗေဒ ဘာသာရပ်အတွက် ဓာတုဗေဒရမှတ် ၉၀၊ အဏု ဇီဝဗေဒဘာသာရပ်အတွက် ဇီဝ ဗေဒရမှတ် ၉၀၊ Environmental Studies ဘာသာရပ်အတွက် အင်္ဂလိပ်စာရမှတ် ၇၅ မှတ်အသီး သီးနဲ့ စုစုပေါင်းရမှတ် ၄၉၀ ရရှိ ထားပါက သိပ္ပံချွန်ဆုအဖြစ် တစ်လကို ကျပ်တစ်သိန်းနဲ့ ဘွဲ့ရတဲ့ အထိ အစိုးရပညာသင်ဆု ရရှိမှာ ဖြစ်ပါတယ်။

ရန်ကုန်နဲ့မန္တလေးတက္ကသိုလ်တို့မှာ ၂၀၁၇-၁၈ ပညာသင်နှစ် ပထမနှစ်သင်တန်းတွေကို ဒီဇင်ဘာလမှာ စတင်ဖွင့်လှစ်မှာဖြစ်ပြီး ကျောင်းသား၊ ကျောင်းသူ ၂,၀၀၀ ဦးစီလက်ခံမှာ ဖြစ်ပါတယ်။

မိမိတို့ တက်ရောက်လိုသည့် သင်တန်းကျောင်းများနှင့် ပုဂ္ဂလိက တက္ကသိုလ်များကို ရှာဖွေလိုပါက ဒီ Link မှာရှာဖွေနိုင်ပါသည်။

Source: 7Day Daily (duwun)

News Read 5736 times