ရတနာပုံဆိုက်ဘာစီးတီး သတ်မှတ်ဦးရေထက် ပိုမိုဝင်ခွင့်ပြု

ရတနာပုံဆိုက်ဘာစီးတီး သတ်မှတ်ဦးရေထက် ပိုမိုဝင်ခွင့်ပြု

အခုနှစ်အတွက် နည်းပညာတက္ကသိုလ် ရတနာပုံဆိုက်ဘာစီးတီးရဲ့ အမြင့်ဆုံး ဝင်ခွင့်အမှတ်က ၅၀၅ မှတ်ဖြစ်ပြီး အနိမ့်ဆုံးအမှတ် ၄၅၀ ရှိသူတွေကိုလည်း ဝင်ခွင့်ပြုလိုက် တာဖြစ်ပါတယ်။

နည်းပညာတက္ကသိုလ် ရတနာပုံဆိုက်ဘာစီးတီးအနေနဲ့ ကျောင်းသားလက်ခံတဲ့အခါမှာ ကျောင်းသားဦးရေနဲ့ ကျောင်းသူဦးရေ ၅၀း၅၀ လက်ခံမှာဖြစ်ပြီး စုစုပေါင်း ကျောင်းသူ ကျောင်းသားဦးရေ ၂၅၀ လက်ခံမယ်လို့ ဝင်ခွင့်လမ်းညွှန်စာအုပ်မှာ သတ်မှတ် ဖော်ပြထားပါတယ်။

READ - ရန်ကုန် နိုင်ငံခြားဘာသာ တက္ကသိုလ် မှ မဟာဝိဇ္ဇာ နှင့် ဒီပလိုမာ သင်တန်းများအတွက် လျှောက်လွှာခေါ်ယူခြင်း

တက္ကသိုလ်ဝင်တန်းမှာ စုစုပေါင်းရမှတ် ၄၂၀ မှတ်နဲ့ အထက်ရရှိသူတွေ လျှောက်ထားခွင့်ပြုခဲ့ပြီး လျှောက်ထားတဲ့သူတွေရဲ့ ရမှတ်တွေနဲ့ လျှောက်ထားသူဦးရေပေါ်မူ တည်ပြီး ဝင်ခွင့်သတ်မှတ်ပေးတာဖြစ်တယ်လို့ သိရပါတယ်။

နည်းပညာတက္ကသိုလ် ရတနာပုံဆိုက်ဘာစီးတီးက ပညာသင်နှစ်ခြောက်နှစ်တက်ရောက်ရမှာဖြစ်ပြီး B.E ဘွဲ့ပေးအပ်တာဖြစ်ပါတယ်။

ထိုတက္ကသိုလ်မှာ သတင်းအချက်အလက်နဲ့ဆက်သွယ်ရေး နည်းပညာဘာသာရပ်၊ အီလက်ထရွန်းနစ် အင်ဂျင်နီယာဘာသာရပ်၊ အဆင့်မြင့် ဒြပ်ပစ္စည်း အင်ဂျင်နီယာဘာသာရပ်နဲ့ တိကျစက်ပစ္စည်း ထုတ်လုပ်မှုအင်ဂျင်နီယာဘာသာရပ်စတဲ့ ဘာသာရပ်တွေကို သင်ကြားပေးနေပါသည်။

မိမိတို့ တက်ရောက်လိုသည့် သင်တန်းကျောင်းများနှင့် ပုဂ္ဂလိက တက္ကသိုလ်များကို ရှာဖွေလိုပါက ဒီ Link မှာရှာဖွေနိုင်ပါသည်။

Source: kumudranews

News Read 7461 times