နည်းပညာတက္ကသိုလ် ၃၀ တွင် ရတနာပုံဆိုက်ဘာစီးတီး၏ အနိမ့်ဆုံးဝင်ခွင့်အမှတ်မှာ အများဆုံးဖြစ်

နည်းပညာတက္ကသိုလ် ၃၀ တွင် ရတနာပုံဆိုက်ဘာစီးတီး၏ အနိမ့်ဆုံးဝင်ခွင့်အမှတ်မှာ အများဆုံးဖြစ်

၂၀၁၈-၁၉ ပညာသင်နှစ်အတွက် နည်းပညာတက္ကသိုလ် ၃၀ အတွက် ၂၀၁၈ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ အောင်မြင်သော ကျောင်းသား/သူများအား လျှောက်ထားခွင့် ပေးခဲ့ရာ လက်ရှိတွင် နည်းပညာတက္ကသိုလ်များ၏ ၀င်ခွင့်ရစာရင်းများ ထွက်ပေါ်လာပြီ ဖြစ်သည်။

ထိုတက္ကသိုလ်များထဲတွင် အနိမ့်ဆုံးဝင်ခွင့်ရမှတ်အမြင့်ဆုံးတက္ကသိုလ် ၃ ခုမှာ ရတနာပုံဆိုက်ဘာစီးတီး (၄၇၉ မှတ်)၊ ရန်ကုန်အနောက်ပိုင်းနည်းပညာတက္ကသိုလ် (၄၇၄ မှတ်)၊ သန်လျင်နည်းပညာတက္ကသိုလ် (၄၆၉ မှတ်) တို့ဖြစ်ကြောင်း အဆင့်မြင့်ပညာဦးစီးဌာနမှ သိရသည်။

"လျှောက်တဲ့ကလေးများရဲ့ အမှတ်တွေကမြင့်တာကိုး။ အဲဒါကြောင့် အနိမ့်ဆုံးဝင်ခွင့်ရမှတ်တွေကများတာ၊ အမြင့်ဆုံးဝင်ခွင့်အမှတ်ကလည်း ၅၀၀ ကျော်တွေအထိ ပါလာတယ်" ဟု ပြောသည်။

ယခုနှစ်အတွက် ရတနာပုံဆိုက်ဘာစီးတီး၏ ၀င်ခွင့်ကို တက္ကသိုလ်ဝင်တန်းစုစုပေါင်း ၄၂၀ ရရှိပါက လျှောက်ထားခွင့်ပေးခဲ့ပြီး နည်းပညာတက္ကသိုလ်များ၏ ၀င်ခွင့်ကို တက္ကသိုလ်ဝင်တန်း ရမှတ် စုစုပေါင်း ၃၆၀ ရရှိပါက လျှောက်ထားခွင့်ပေးခဲ့သည်။

နည်းပညာတက္ကသိုလ်များကို တက်ရောက်ခွင့်ရရှိမည့်သူများသည် သင်တန်းကာလ လေးနှစ်တက်ရောက်ရမည် ဖြစ်ပြီး ရတနာပုံဆိုက်ဘာစီးတီးကို တက်ရောက်ခွင့်ရသူများသည် သင်တန်းကာလ ခြောက်နှစ်တက်ရောက်ရမည် ဖြစ်သည်။

၂၀၁၈-၁၉ ပညာသင်နှစ်အတွက် ၂၀၁၈ ခုနှစ် တက္ကသိုလ်ဝင်တန်းအောင်မြင်သော ကျောင်းသား/သူများကို ရန်ကုန်နည်းပညာတက္ကသိုလ်၊ မန္တလေးနည်းပညာတက္ကသိုလ်နှင့် နည်းပညာတက္ကသိုလ် (မန္တလေး) တို့က တက္ကသိုလ်အလိုက် သီးခြားခေါ်ယူခဲ့ပြီး မည်သည့် စာစစ်ဌာနကမဆို အောင်မြင်သူများ လျှောက်ထားနိုင်ခဲ့သည်။

ယခုနှစ်အတွက် နည်းပညာတက္ကသိုလ်များ၏ အနိမ့်ဆုံးဝင်ခွင့်အမှတ်များထဲတွင် မြိတ်နည်းပညာတက္ကသိုလ်၏ ၀င်ခွင့်အမှတ်မှာ ၄၀၁ မှတ်ဖြင့် အနည်းဆုံးဖြစ်သည်။

ပညာရေးလမ်းညွှန်website တွင်မြန်မာတစ်နိုင်ငံလုံးတွင် ပြောင်းလဲနေသော ပညာရေးအခြေအနေများအခမဲ့ ပညာရေးသင်ကြားပေးနေသည့် သင်တန်းကျောင်းများ၊ ပြည်တွင်း၊ ပြည်ပပညာသင်ဆုများ၊ ပညာရေးအတွက် သင်တန်းများ၊ အလုပ်ခွင်ဝင်ရန် လိုအပ်သော သင်တန်းများ စသည်တို့ပါဝင်ပါတယ်နော်...။

source: democracy

News Read 11455 times