စုစုပေါင်း အများဆုံး ၃၃၀ ဦး လက်ခံပါ့မယ်။ အနိမ့်ဆုံးဝင်ခွင့်ရမှတ်ကို တက္ကသိုလ်ဝင်ခွင့်တွေ စိစစ်ရွေးချယ်ပြီးမှသာ သိနိုင်ပါမယ်။
မန္တလေးနည်းပညာတက္ကသိုလ်
မန္တလေးနည်းပညာတက္ကသိုလ်ကို သင်္ချာ၊ ဓာတုဗေဒနဲ့ ရူပဗေဒ ဘာသာရပ်တွေပါဝင်တဲ့ ဘာသာတွဲတွေမှာ တက္ကသိုလ်ဝင်စာမေးပွဲရမှတ်စုစုပေါင်း ၄၈၀ နဲ့ အထက်ရရှိသူတွေ လျှောက်ထားနိုင်ပါတယ်။ စုစုပေါင်း အများဆုံး ၃၃၀ ဦး လက်ခံမှာ ဖြစ်ပါတယ်။
အခြားနည်းပညာတက္ကသိုလ်များ
အခြားနည်းပညာတက္ကသိုလ်တွေကတော့ ကျား - မ ၆၀း၄၀ လက်ခံမှာ ဖြစ်ပါ တယ်။
သတ်မှတ်ဘာသာတွဲ တွေမှာ တက္ကသိုလ်ဝင်စာမေးပွဲ ရမှတ်စုစုပေါင်း ၃၆၀နဲ့ အထက်ရရှိသူတွေ လျှောက်ထားနိုင်ပါတယ်။
ရန်ကုန်ကွန်ပျူတာ တက္ကသိုလ်
ရန်ကုန်ကွန်ပျူတာ တက္ကသိုလ်က သင်္ချာ၊ ဓာတုဗေဒနဲ့ ရူပဗေဒ ဘာသာရပ်တွေပါဝင်တဲ့ ဘာသာတွဲတွေမှာ တက္ကသိုလ်ဝင်စာမေးပွဲရမှတ်စုစုပေါင်း ၄၂၀ နဲ့ အထက်ရရှိသူတွေ လျှောက်ထားနိုင်ပါတယ်။ စုစုပေါင်း ၄၀ဝ ဦး လက်ခံမှာ ဖြစ်ပါတယ်။
သတင်းအချက်အလက် နည်းပညာတက္ကသိုလ်
သတင်းအချက်အလက် နည်းပညာတက္ကသိုလ်ကတော့ သင်္ချာ၊ ဓာ တုဗေဒနဲ့ ရူပဗေဒဘာသာရပ်တွေ ပါဝင်တဲ့ ဘာသာတွဲတွေမှာ တက္ကသိုလ်ဝင်စာမေးပွဲ ရမှတ် စုစုပေါင်း ၄၅၀ နဲ့အထက်ရရှိသူတွေ လျှောက်ထားနိုင်ပါ တယ်။ စုစုပေါင်း ၂၀ဝ ဦး လက်ခံပါမယ်။
မန္တလေးကွန်ပျူတာ တက္ကသိုလ်
မန္တလေးကွန်ပျူတာ တက္ကသိုလ်ကို သင်္ချာ၊ ဓာတုဗေဒနဲ့ ရူပဗေဒ ဘာသာရပ်တွေ ပါဝင်တဲ့ ဘာသာတွဲတွေမှာ တက္ကသိုလ်ဝင်စာမေးပွဲ ရမှတ်စုစုပေါင်း ၄၅၀နဲ့ အထက်ရရှိသူတွေ လျှောက်ထား နိုင်ပါတယ်။ စုစုပေါင်း ၂၅၀ ဦး လက်ခံပါ မယ်။
အခြားကွန်ပျူတာက္ကသိုလ်များ
အခြားကွန်ပျူတာက္ကသိုလ်တွေကတော့ သင်္ချာ၊ ဓာတုဗေဒနဲ့ ရူပဗေဒဘာသာရပ်တွေ ပါဝင်တဲ့ ဘာသာတွဲ တွေမှာ ရမှတ်စုစုပေါင်း ၄၀ဝနဲ့ အထက်ရရှိသူတွေ ကွန်ပျူတာတက္ကသိုလ် (မန္တလေး)သို့ လျှောက်ထားနိုင်ပါ တယ်။
အခြားကွန်ပျူတာ တက္ကသိုလ်တွေကို တက္ကသိုလ်ဝင်စာမေးပွဲ ရမှတ်စုစုပေါင်း ၃၆၅ နဲ့ အထက်ရရှိသူတွေ လည်း လျှောက်ထားနိုင်ပါတယ်။
မြန်မာနိုင်ငံလေကြောင်းနဲ့ အာကာသပညာတက္ကသိုလ်
မြန်မာနိုင်ငံလေကြောင်းနဲ့ အာကာသပညာတက္ကသိုလ်က ကျား-မ ၈၀း ၂၀ လက်ခံမှာ ဖြစ်ပါတယ်။ တက္ကသိုလ်ဝင်စာမေးပွဲ စုစုပေါင်း ရမှတ် ၄၂၀နဲ့ အထက် ရရှိ သူတွေ လျှောက်ထားနိုင်ပါတယ်။ စုစုပေါင်း ၁၅၀ ဦး လက်ခံမှာ ဖြစ်ပါတယ်။
နည်းပညာတက္ကသိုလ် ကတော့ (ရတနာပုံ ဆိုင်ဘာစီးတီး) ကျား-မ ၅၀း၅၀ လက်ခံမှာ ဖြစ်ပါတယ်။ တက္ကသိုလ်ဝင်စာမေးပွဲ စုစုပေါင်း ရမှတ် ၄၂၀နဲ့ အထက် ရရှိသူတွေ လျှောက်ထားနိုင်ပါတယ်။ စုစုပေါင်း ၃၀ဝ ဦး လက်ခံမှာ ဖြစ်ပါတယ်။
သတင်းအချက်အလက်နဲ့ နည်းပညာတက္ကသိုလ်က တက္ကသိုလ်ဝင်စာမေးပွဲမှာ စုစုပေါင်းရမှတ် ၄၅၀ နဲ့ အထက် ရရှိသူတွေ လျှောက်ထားနိုင်မှာ ဖြစ်ပါတယ်။ သင်္ချာ၊ ဓာတု၊ ရူပ ဘာသာရပ်တွေ ပါဝင်တဲ့ ဘာသာတွဲနဲ့ အောင်မြင်သူတွေ လျှောက်ထားနိုင်မှာ ဖြစ်ပါတယ်။ ကျောင်းသူ ကျောင်းသားဦးရေ ၂၀ဝ ဦး လက်ခံမှာ ဖြစ်ပါတယ်။
မိမိတို့ တက်ရောက်လိုသည့် သင်တန်းကျောင်းများနှင့် ပုဂ္ဂလိက တက္ကသိုလ်များကို ရှာဖွေလိုပါက ဒီ Link မှာရှာဖွေနိုင်ပါသည်။
Source: kumudranews (မေသော်တာမောင်)