မွန်ပြည်နယ် ငါးလုပ်ငန်း သင်တန်းကျောင်း(သထုံ)တွင် ဇူလိုင် ၁၆ မှ ၁၈ ရက်ထိ သုံးရက် ကြာဖွင့်လှစ်သည့် အခြေခံငါးမွေး မြူရေးနှင့် ငါးဆေးထိုးသား ဖောက်သင်တန်းသို့ မော်လမြိုင် တက္ကသိုလ် အဏ္ဏ၀ါသိပ္ပံနှင့် သတ္တဗေဒဌာနမှ သရုပ်ပြဆရာမနှစ်ဦး အပါအ၀င်ကျောင်းသား၊ ကျောင်းသူ ၂၀ ဦးနှင့် စိတ်ဝင်စားသည့် ဒေသခံလူငယ်များ တက်ရောက်ကြောင်း ၎င်းကပြောသည်။
‘‘ဒီသင်တန်းကျောင်း မဖွင့် ခင်တုန်းက ငါးမွေးမြူရေးအ ကြောင်းကို စိတ်ဝင်စားတဲ့ ဒေသ ခံတွေနဲ့ တက္ကသိုလ်ကျောင်းသား တွေကို သင်ကြားပေးတာတော့ ရှိ ခဲ့တယ်။
အခုလို သင်တန်းကျောင်း ဖွင့်လိုက်တော့ တက္ကသိုလ်ကျောင်းသားတွေအနေနဲ့ ငါးနဲ့သက်ဆိုင် တဲ့ အကြောင်းတွေကို ပိုပြီးလက် တွေ့ကျကျ လေ့လာသင်ယူနိုင် တော့မှာပါ’’ ဟု ဦးဝင်းဗိုလ်က ပြောသည်။
အဆိုပါ သင်တန်းတွင် ငါး ကန်ရွေးချယ်ခြင်း၊ ငါးသားပေါက် ပြုစုထိန်းသိမ်းခြင်း၊ ငါးစာရွေး ချယ်ခြင်းစသည့် ငါးမွေးမြူထိန်း သိမ်းရေး ဘာသာရပ်များအပြင် ငါးဆေးထိုးသားဖောက်နည်းများ ကို စာတွေ့၊ လက်တွေ့သင်ကြား မည်ဟု ဆိုသည်။
‘‘အခုလို ငါးမွေးမြူရေးအ သိပညာတွေကို ကိုယ်တိုင်လေ့ လာသင်ယူရတဲ့အတွက် ကျောင်း သား၊ ကျောင်းသူများကို ပြန် လည်သင်ကြားပေးတဲ့ နေရာမှာ အထောက်အကူဖြစ်လာမှာပါ။
စာတွေ့အပြင် လက်တွေ့သင်ယူ ရတော့ ငါးအကြောင်းတွေနဲ့ ပတ် သက်ပြီး ပိုမိုသိရှိနားလည်သွား မှာ ဖြစ်ပါတယ်’’ ဟု မော်လမြိုင် တက္ကသိုလ် အဏ္ဏ၀ါသိပ္ပံဌာနမှ သရုပ်ပြဆရာမဒေါ်သဇင်ထက် က ပြောသည်။
ငါးမျိုးစိတ်များ၊ ငါးသား ဖောက်နည်းနှင့် ပြုစုထိန်းသိမ်း ရေးစနစ်များကို လက်တွေ့ကျကျ လေ့လာသင်ယူထားခြင်းကြောင့် ဘွဲ့ရလူငယ်များ အလုပ်အကိုင် အခွင့်အလမ်းများရရှိလာမည်ဖြစ် ကြောင်း မော်လမြိုင်တက္ကသိုလ် သတ္တဗေဒဒုတိယနှစ် ဂုဏ်ထူး တန်းကျောင်းသူတစ်ဦးက ပြော သည်။
မုတ္တမပင်လယ်ကွေ့တွင် ငါးမွေးမြူထုတ်လုပ်မှု မြင့်တက် ရေးနှင့် ဒေသခံများ၏ အလုပ်အ ကိုင် အခွင့်အလမ်းများအတွက် ဆွစ်ဇာလန်ဖွံ့ဖြိုးရေး ရန်ပုံငွေ ဖြင့် မုတ္တမပင်လယ်ကွေ့စီမံကိန်း က ဆောက်လုပ်လှူဒါန်းသည့် ငါးလုပ်ငန်း သင်တန်းကျောင်း (သထုံ)ကို ယခုနှစ် ဇူလိုင် ၉ ရက် တွင် စတင်ဖွင့်လှစ်ခဲ့သည်။
မိမိတို့ တက်ရောက်လိုသည့် သင်တန်းကျောင်းများနှင့် ပုဂ္ဂလိကကျောင်းများကို ရှာဖွေလိုပါက ဒီ Link မှာရှာဖွေနိုင်ပါသည်။
ပညာရေးလမ်းညွှန် website တွင် ပါဝင်သော သင်တန်းများ၊ ကျောင်းများ၊ Scholarship၊ Knowledge များနှင့် ပတ်သက်သော အချက်အလက်များကို ၀င်ရောက်ရှာဖွေ ဖတ်ရှုနိုင်ပါတယ်။
source: 7day daily