၂၀၁၆ ခုနှစ်က ဆေး (၁) ရန်ကုန်၊ ဆေးတက္ကသိုလ် မန္တလေး၊ ဆေးတက္ကသိုလ်မကွေး၊ ဆေး (၂) ရန်ကုန်နဲ့ ဆေးတက္ကသိုလ် တောင်ကြီးတို့ က ကျောင်းသားဦးရေ စုစုပေါင်း (၁၆၀၀) ခေါ်ခဲ့ပေမယ့်လို့ ယခုနှစ်မှာတော့ (၁၃၀၀) ဦးသာ ခေါ်မယ့်အကြောင်း ၂၀၁၇ခုနှစ် တက္ကသိုလ်ဝင်ခွင့်လမ်းညွှန်စာအုပ်ထဲ ထည့်သွင်းကြေညာထား တာပါ။
ယခုလို လျော့ခေါ်တာဟာ တက္ကသိုလ်ဝင်ခွင့် စိစစ်ရေးအဖွဲ့ ကနေ ဆုံးဖြတ်ချက်ကြောင့်လို့သိရပါတယ်။၂၀၁၁ ခုနှစ်ကဆိုရင် ၂၄၀၀ အထိ လက်ခံခဲ့တာပါ။
READ - ရခိုင်ပြည်နယ်တွင် ဆရာ၊ ဆရာမများခန့်ထားပြီးသော်လည်း မူလတန်းပြရာထူးနေရာ ၂၀၀၀ ကျော် လိုအပ်နေသေး
ဒါပေမယ့် လည်း၂၀၁၄ ခုနှစ်ကျတော့ ၁၂၀၀ ဦးရေ အထိလျှော့ခေါ်ခဲ့ပြီး ၂၀၁၅ ခုနှစ်မှာ (၁၅၀၀) ထိ တိုး ခေါ်ခဲ့ပြန်ပါတယ်။
သွားဘက်ဆိုင်ရာ ဆေးတက္ကသိုလ် (ရန်ကုန်) နဲ့  (မန္တလေး) တို့ ကတော့ ယခင်နှစ်ကအတိုင်းပဲ တစ်ကျောင်း ကို ဦးရေ ၁၀၀ စီခေါ်မှာ ဖြစ်ပြီးတော့ ဆေးဝါးတက္ကသိုလ်နှစ်ခု မှာတော့ မနှစ်ကထက် လူဦးရေ ၂၅ စီ တိုးခေါ်ထားတဲ့အတွက် ကျောင်း (၂) ကျောင်းပေါင်း ၃၅၀ ထိ ဝင်ခွင့်လက်ခံသွားမှာပါ။
ထို့ အတူ ဆေးဘက်ဆိုင်ရာနည်းပညာတက္ကသိုလ် ( ရန်ကုန်)နဲ့ (မန္တလေး) တို့ မှာ မနှစ်က ၃၂၀ ဦးရေ ခေါ်ခဲ့ပေမယ့် ယခုနှစ်မှာ ၄၈၆ ဦးထိ လက်ခံသင်ကြားပေးမယ်လို့ ကြေညာထားပါတယ်။
သူနာပြုတက္ကသိုလ်(ရန်ကုန်)နဲ့ (မန္တလေး) နှစ်ကျောင်းပေါင်းကို မနှစ်ကအတိုင်းပဲ မပြောင်းလဲဘဲ ၄၀၀ ဦး ခေါ်သွားမှာပါ။
အခြေခံကျန်းမာရေးတက္ကသိုလ်(မကွေး)နဲ့ တိုင်းရင်းဆေးတက္ကသိုလ်(မန္တလေး)တို့ ကလည်း ၂၀၀ဦးရေနဲ့ ၁၅၀ ဦးရေတို့ ခေါ်ယူသွားမှာ ထပ်မံသိရပါတယ်။
မိမိတို့ တက်ရောက်လိုသည့် သင်တန်းကျောင်းများနှင့် ပုဂ္ဂလိက တက္ကသိုလ်များကို ရှာဖွေလိုပါက ဒီ Link မှာရှာဖွေနိုင်ပါသည်။
Source: the popular news journal