လာမည့် ဆေးတက္ကသိုလ်ပညာသင်နှစ်တွင် စိတ်ကျန်းမာရေးစောင့်ရှောက်မှု ထည့်သွင်းဖြေဆိုရမည်

လာမည့် ဆေးတက္ကသိုလ်ပညာသင်နှစ်တွင် စိတ်ကျန်းမာရေးစောင့်ရှောက်မှု ထည့်သွင်းဖြေဆိုရမည်

စိတ်ရောဂါနှင့်ပတ်သက်၍ ဆရာဝန်တိုင်း အသိကြွယ်ဝကာ လူထုကို ပိုမိုကုသနိုင်ရန် ရည်ရွယ်၍ ဘာသာရပ်တစ်ခု အဖြစ် ထည့်သွင်းဖြေဆိုရန် စီစဉ်ထားသည်။

‘‘ဒါဆို ဆရာဝန်တိုင်းက လည်း အဖြစ်များတဲ့ စိတ်ရောဂါ ကို ကုသပေးနိုင်မယ်။ အရင်က မဖြစ်မနေဖြေရတဲ့အထဲမှာ မပါ ဘူး။ နောက်ပိုင်းမှာ ဖြေရတော့ မယ်။ အဲဒါဆိုရင် အခုထက်ပိုပြီး တော့ ကာဗာပိုဖြစ်သွားမယ်’’ဟု ရွာသာကြီး စိတ်ကျန်းမာရေးဆေး ရုံမှ ပါမောက္ခ ဌာနမှူး ဒေါက်တာ တင်ဦးက ပြောသည်။

လက်ရှိတွင် စိတ်ကျန်းမာ ရေးဆရာဝန်ဦးရေ လွန်စွာနည်းပါးပြီး  နေပြည်တော်အပါအ၀င် တိုင်းနှင့်ပြည်နယ် အားလုံး၌ ၁၀၀ သာ ရှိသည်။ ချင်းပြည်နယ်တွင် တစ်ဦးမျှ မရှိပေ။

ထို့ပြင် မြန်မာနိုင်ငံတွင် စိတ် ကျန်းမာရေး ဆေးရုံသီးသန့်ဟူ၍ ရန်ကုန်နှင့် မန္တလေး၌ စုစုပေါင်း နှစ်ခုသာရှိသည်။

Read - လာမည့်ပညာသင်နှစ်မှ စတင်၍ ဆေးတက္ကသိုလ်အသီးသီး၌ သစ်လွင် ကျောင်းသား၊ ကျောင်းသူဦးရေ ၁၄၀၀ ခန့် သင်ကြားပေးမည်

တိုင်းနှင့်ပြည် နယ်အချို့တွင် တက်ရောက်ကုသ နိုင်သည့် လူနာဆောင်ရှိသော်လည်း ကုသပေးနိုင်သည့် ဆရာဝန် မရှိခြင်း၊ အချို့တိုင်းနှင့် ပြည်နယ်များတွင် ဆရာဝန်ရှိသော် လည်း လူနာဆောင်မရှိခြင်း စသည့် အခက်အခဲများ ရှိသည်။

‘‘ဒီနှစ်ထဲမှာ အများကြီး ခေါ်တယ်။ အရင်က တစ်နိုင်ငံလုံးကို တစ်နှစ်မှာ စိတ်ရောဂါကုဆရာဝန် ၁၀ ဦး လောက်ပဲခေါ်တာ။ အခုဆို၃၀ လောက်ခေါ်တယ်။ ဒါပေမဲ့လည်းသူနာပြုတွေအခုထိ မွေးမထုတ်နိုင်သေးဘူး’’ဟု မန္တလေးဆေးတက္ကသိုလ် စိတ်ကျန်းမာရေးဌာနကထိက ဒေါက်တာ သက်ဇော်ကပြောသည်။

ထိုကဲ့သို့ အခက်အခဲများ ကြောင့် ဆေးရုံများတွင် လူနာများ  စုပြုံများပြားနေပြီး ရွာသာကြီး စိတ်ကျန်းမာရေး ဆေးရုံ၌ ငါးနှစ်အတွင်း နှစ်ဆမြင့်တက်လာသည်။

လက်ရှိတွင် ဆေးရုံတက်ရောက် ကုသနေသည့် လူနာ ၁,၆၀၀ ခန့်ရှိကာ မန္တလေးစိတ်ကျန်းမာရေးဆေးရုံ၌ ၂၀၀ ခန့်ရှိကြောင်း ဆေးရုံမှတ်တမ်းများ၌    ဖော်ပြထားသည်။

မိမိတို့ တက်ရောက်လိုသည့် သင်တန်းကျောင်းများနှင့် ပုဂ္ဂလိက တက္ကသိုလ်များကို ရှာဖွေလိုပါက ဒီ Link မှာရှာဖွေနိုင်ပါသည်။

ပညာရေးလမ်းညွှန် website တွင် ပါဝင်သော သင်တန်းများ ကျောင်းများScholarshipKnowledge များနှင့် ပတ်သက်သော အချက်အလက်များကို ၀င်ရောက်ရှာဖွေ ဖတ်ရှုနိုင်ပါတယ်။

Source: 7 day daily

News Read 2070 times