ဆေးတက္ကသိုလ် (၅) ခုနှင့် ဆေးပညာနှီးနွှယ်တက္ကသိုလ် (၇) ခုအတွက် ကျောင်းသား၊ ကျောင်းသူ (၂၇၀၀) ကျော်ရွေး

ဆေးတက္ကသိုလ် (၅) ခုနှင့် ဆေးပညာနှီးနွှယ်တက္ကသိုလ် (၇) ခုအတွက် ကျောင်းသား၊ ကျောင်းသူ (၂၇၀၀) ကျော်ရွေး

 

**Zawgyi**

ယခုႏွစ္၏တကၠသိုလ္ဝင္ခြင့္ေရြးခ်ယ္ရာတြင္ ေဆးတကၠသိုလ္ (၅) ခုႏွင့္ ေဆးပညာႏွီးႏႊယ္တကၠသုိလ္ (၇) ခုအတြက္ ေက်ာင္းသား၊ ေက်ာင္းသူ (၂၇၀၀) ေက်ာ္ ေရြးခ်ယ္ခဲ့ေၾကာင္းသိရသည္။

 

(၂၀၁၉) ခုႏွစ္ တကၠသိုလ္ဝင္စာေမးပဲြကို ဓာတုေဗဒ၊ ရူပေဗဒ၊ ဇီဝေဗဒ ဘာသာတဲြျဖင့္ ေအာင္ျမင္ၿပီးေနာက္ က်န္းမာေရးလူ႔စြမ္းအားအရင္းအျမစ္ဦးစီးဌာန၊ ေဆးပညာႏွီးႏႊယ္တကၠသိုလ္မ်ား၏ ပထမႏွစ္သင္တန္းဝင္ခြင့္မ်ားကို ထုတ္ျပန္ေၾကညာခဲ့ရာ ေဆးပညာႏွီးႏႊယ္တကၠသိုလ္ (၇) ခုသို႔ ေက်ာင္းသား၊ ေက်ာင္းသူ (၁၅၄၅) ဦး ဝင္ခြင့္ရရွိခဲ့ေၾကာင္း က်န္းမာေရးႏွင့္ အားကစားဝန္ၾကီးဌာန၏ ထုတ္ျပန္ခ်က္အရသိရသည္။

 

ယခုနွစ္တြင္ ေဆးပညာႏွီးႏႊယ္တကၠသိုလ္မ်ားကို ဝင္ခြင့္ရရွိခဲ့သည့္ ေက်ာင္းသား၊ ေက်ာင္းသူမ်ားအေနျဖင့္ ႏိုဝင္ဘာ (၂၉) ရက္ေနာက္ဆံုးထားၿပီး သက္ဆိုင္ရာေက်ာင္းမ်ားကို သတင္းပို႔ ေက်ာင္းအပ္ႏွံျခင္းမ်ား ေဆာင္ရြက္သြားရမည္ျဖစ္ၿပီး သတင္းပို႔၊ ေက်ာင္းအပ္ႏွံျခင္းမရွိသူမ်ားကို ဝင္ခြင့္ရစာရင္းမွ ျပန္လည္ပယ္ဖ်က္သြားမည္ျဖစ္ေၾကာင္းသိရသည္။

 

(၂၀၁၉) ခုႏွစ္၏ ေဆးပညာႏွီးႏႊယ္တကၠသိုလ္မ်ားျဖစ္သည့္ ေဆးဝါးတကၠသိုလ္ရန္ကုန္ (၁၇၈) ဦး၊ ေဆးဝါးတကၠသိုလ္မႏၱေလး (၁၇၅) ဦး၊ ေဆးဘက္ဆိုင္ရာနည္းပညာတကၠသိုလ္ ရန္ကုန္ (၂၇၃) ဦး၊ ေဆးဘက္ဆိုင္ရာနည္းပညာတကၠသိုလ္ မႏၱေလး (၂၂၂) ဦး၊ သူနာျပဳတကၠသိုလ္ ရန္ကုန္ (၂၃၆) ဦး၊ သူနာျပဳတကၠသိုလ္ မႏၱေလး (၂၅၉) ဦး၊ အေျခခံက်န္းမာေရးတကၠသိုလ္ မေကြး (၂၀၂) ဦးတို႔ အသီးသီးဝင္ခြင့္ရရွိခဲ့သည္။

 

Day Care/Nursery (သူနာျပဳ) (292) Day Care/Nursery ႏွင့္ပတ္သက္ျပီး သင္တန္း (292 )ခု ရွာရန္ႏွိပ္ပါ။

 

ေဆးတကၠသိုလ္ (၅) ခုျဖစ္သည့္ ေဆးတကၠသိုလ္ (၁) ရန္ကုန္ကို (၃၅၂) ဦး၊ ေဆးတကၠသိုလ္ (၂) ရန္ကုန္ကို (၃၁၃) ဦး၊ ေဆးတကၠသိုလ္ မႏၱေလးကို (၃၁၀) ဦး၊ ေဆးတကၠသိုလ္ ေတာင္ၾကီးကို (၆၁) ဦး၊ စုစုေပါင္းသင္တန္းသား၊ သင္တန္းသူ (၁၂၁၆) ဦးဝင္ခြင့္ေပးခဲ့ေၾကာင္း ေဆးတကၠသိုလ္မ်ား၏ ယခုႏွစ္အျမင့္ဆံုး ဝင္ခြင့္အမွတ္မွာ အမ်ိဳးသား (၄၈၂) မွတ္၊ အမ်ိဳးသမီး (၄၉၅) မွတ္ျဖစ္သည့္အတြက္ ယခင္ႏွစ္ကထက္ ပ်မ္းမွ်အမွတ္ (၂၀) ေက်ာ္ေလ်ာ့က်ခဲ့ေၾကာင္းသိရသည္။

 

အထက္ပါတကၠသိုလ္မ်ား၏ေက်ာင္းဖြင့္ခ်ိန္သည္ ဒီဇင္ဘာ (၂) ရက္ျဖစ္ၿပီး ေက်ာင္းသား၊ ေက်ာင္းသူမ်ားအေနျဖင့္ ဝင္ခြင့္ရတကၠသိုလ္မ်ားထံ ႏိုဝင္ဘာ (၁) ရက္မွစတင္သတင္းပို႔ရမည္ျဖစ္သည္။

 

Source: Democracy

 

**Unicode**

ယခုနှစ်၏တက္ကသိုလ်ဝင်ခွင့်ရွေးချယ်ရာတွင် ဆေးတက္ကသိုလ် (၅) ခုနှင့် ဆေးပညာနှီးနွှယ်တက္ကသိုလ် (၇) ခုအတွက် ကျောင်းသား၊ ကျောင်းသူ (၂၇၀၀) ကျော် ရွေးချယ်ခဲ့ကြောင်းသိရသည်။

 

(၂၀၁၉) ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို ဓာတုဗေဒ၊ ရူပဗေဒ၊ ဇီဝဗေဒ ဘာသာတွဲဖြင့် အောင်မြင်ပြီးနောက် ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာန၊ ဆေးပညာနှီးနွှယ်တက္ကသိုလ်များ၏ ပထမနှစ်သင်တန်းဝင်ခွင့်များကို ထုတ်ပြန်ကြေညာခဲ့ရာ ဆေးပညာနှီးနွှယ်တက္ကသိုလ် (၇) ခုသို့ ကျောင်းသား၊ ကျောင်းသူ (၁၅၄၅) ဦး ဝင်ခွင့်ရရှိခဲ့ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရသိရသည်။

 

ယခုနှစ်တွင် ဆေးပညာနှီးနွှယ်တက္ကသိုလ်များကို ဝင်ခွင့်ရရှိခဲ့သည့် ကျောင်းသား၊ ကျောင်းသူများအနေဖြင့် နိုဝင်ဘာ (၂၉) ရက်နောက်ဆုံးထားပြီး သက်ဆိုင်ရာကျောင်းများကို သတင်းပို့ ကျောင်းအပ်နှံခြင်းများ ဆောင်ရွက်သွားရမည်ဖြစ်ပြီး သတင်းပို့၊ ကျောင်းအပ်နှံခြင်းမရှိသူများကို ဝင်ခွင့်ရစာရင်းမှ ပြန်လည်ပယ်ဖျက်သွားမည်ဖြစ်ကြောင်းသိရသည်။

 

(၂၀၁၉) ခုနှစ်၏ ဆေးပညာနှီးနွှယ်တက္ကသိုလ်များဖြစ်သည့် ဆေးဝါးတက္ကသိုလ်ရန်ကုန် (၁၇၈) ဦး၊ ဆေးဝါးတက္ကသိုလ်မန္တလေး (၁၇၅) ဦး၊ ဆေးဘက်ဆိုင်ရာနည်းပညာတက္ကသိုလ် ရန်ကုန် (၂၇၃) ဦး၊ ဆေးဘက်ဆိုင်ရာနည်းပညာတက္ကသိုလ် မန္တလေး (၂၂၂) ဦး၊ သူနာပြုတက္ကသိုလ် ရန်ကုန် (၂၃၆) ဦး၊ သူနာပြုတက္ကသိုလ် မန္တလေး (၂၅၉) ဦး၊ အခြေခံကျန်းမာရေးတက္ကသိုလ် မကွေး (၂၀၂) ဦးတို့ အသီးသီးဝင်ခွင့်ရရှိခဲ့သည်။

 

Day Care/Nursery (သူနာျပဳ) (292) Day Care/Nursery ႏွင့္ပတ္သက္ျပီး သင္တန္း (292 )ခု ရွာရန္ႏွိပ္ပါ။

 

ဆေးတက္ကသိုလ် (၅) ခုဖြစ်သည့် ဆေးတက္ကသိုလ် (၁) ရန်ကုန်ကို (၃၅၂) ဦး၊ ဆေးတက္ကသိုလ် (၂) ရန်ကုန်ကို (၃၁၃) ဦး၊ ဆေးတက္ကသိုလ် မန္တလေးကို (၃၁၀) ဦး၊ ဆေးတက္ကသိုလ် တောင်ကြီးကို (၆၁) ဦး၊ စုစုပေါင်းသင်တန်းသား၊ သင်တန်းသူ (၁၂၁၆) ဦးဝင်ခွင့်ပေးခဲ့ကြောင်း ဆေးတက္ကသိုလ်များ၏ ယခုနှစ်အမြင့်ဆုံး ဝင်ခွင့်အမှတ်မှာ အမျိုးသား (၄၈၂) မှတ်၊ အမျိုးသမီး (၄၉၅) မှတ်ဖြစ်သည့်အတွက် ယခင်နှစ်ကထက် ပျမ်းမျှအမှတ် (၂၀) ကျော်လျော့ကျခဲ့ကြောင်းသိရသည်။

 

အထက်ပါတက္ကသိုလ်များ၏ကျောင်းဖွင့်ချိန်သည် ဒီဇင်ဘာ (၂) ရက်ဖြစ်ပြီး ကျောင်းသား၊ ကျောင်းသူများအနေဖြင့် ဝင်ခွင့်ရတက္ကသိုလ်များထံ နိုဝင်ဘာ (၁) ရက်မှစတင်သတင်းပို့ရမည်ဖြစ်သည်။

 

Source: Democracy

 

News Read 3402 times