အမြဲတမ်းဝန်ထမ်းဆရာဝန်များအတွက် ဖွင့်လှစ်မည့် ဆေးပညာပါရဂူသင်တန်းများ၊ ဆေးပညာမဟာသိပ္ပံသင်တန်းများ၊ ဒီပလိုမာသင်တန်းများနှင့် ပြင်ပဆရာဝန်များအတွက် ဖွင့်လှစ်မည့် မိသားစု ကျန်းမာရေးစောင့်ရှောက်မှု ဆေးပညာ ဒီပလိုမာသင်တန်းများ၊ အခြေခံအရေးပေါ်ကုသမှုဆေးပညာ ဒီပလိုမာသင်တန်းများအတွက် လျှောက်လွှာခေါ်ယူထားပြီး သတ်မှတ်အရည်အချင်းနှင့် ပြည့်စုံသူများ လျှောက်ထားနိုင်သည်။
အမ်ဘီဘီအက်စ်ဘွဲ့ရရှိပြီးသူ ဒါမှမဟုတ် မြန်မာနိုင်ငံဆေးကောင်စီက အသိအမှတ်ပြုထားတဲ့ ဘွဲ့ရရှိထားသူ၊ လက်ရှိ တရားဝင် ဆရာဝန် မှတ်ပုံတင်(ဆမ) သက်တမ်းနှစ်နှစ်ပြည့်ပြီး သက်တမ်းတိုးကိုင်ဆောင်ထားသူဖြစ်ဖို့လိုပါ တယ်။
ရန်ကုန်ပြည်သူ့ဆေးရုံကြီး၊ မြောက်ဥက္ကလာသင်ကြားရေးနဲ့အထွေထွေရောဂါကုဆေးရုံကြီး၊ ခုတင် ၁၀ဝ၀ ပြည်သူ့ဆေးရုံကြီးနေပြည်တော်၊ မန္တလေးပြည်သူ့ဆေးရုံကြီးစတဲ့ ဆေးရုံကြီးတွေမှာတက်ရောက် သင်ကြားနိုင် သူဖြစ်ဖို့လိုသလို မိမိနှစ်သက်ရာဦးစားပေးအစီအစဉ်နဲ့ဆန္ဒပြုရွေး ချယ်နိုင်တယ်လို့ သိရပါတယ်။
ကြိုတင်လျှောက်လွှာတွေကို ဆေးတက္ကသိုလ် ၁ ရန်ကုန်ကို ပေးပို့လျှောက်ထားရမှာ ဖြစ်ပြီးအသေး စိတ်သိရှိလိုပါက ဆေးတက္ကသိုလ် ၁ ရန်ကုန်ရဲ့ ဝက်ဘ်ဆိုက်ဖြစ်တဲ့ http://www.um1ygn.edu.mm/ မှာ ဝင်ရောက်ကြည့်ရှုနိုင် ပါတယ်။
လျှောက်ထားလိုသူများသည် အသက် ၅၀ နှစ်ထက်မကြီးသူ ဖြစ်ပြီး ၂၀၁၇ ခုနှစ် စက်တင်ဘာလ ၂၉ ရက်နေ့ နောက်ဆုံးထားလျှောက်ထားရမှာဖြစ်ပါတယ်။
သင်တန်းဝင်ခွင့် စာမေးပွဲကို အောက်တိုဘာလ ၂၇ ရက်နေ့ ဖြေဆိုရမှာဖြစ်တယ်လို့ ထုတ်ပြန်ကြေညာထားတာ ဖြစ်ပါတယ်။
မိမိတို့ တက်ရောက်လိုသည့် သင်တန်းကျောင်းများနှင့် ပုဂ္ဂလိက တက္ကသိုလ်များကို ရှာဖွေလိုပါက ဒီ Link မှာရှာဖွေနိုင်ပါသည်။
Source: kumudranews