အွန်လိုင်းတွင် တက္ကသိုလ်ဝင်ခွင့် သတ်မှတ်ချက်များ မမှန်ဟု ပညာရေးဝန်ကြီးဌာန ထုတ်ပြန်

အွန်လိုင်းတွင် တက္ကသိုလ်ဝင်ခွင့် သတ်မှတ်ချက်များ မမှန်ဟု ပညာရေးဝန်ကြီးဌာန ထုတ်ပြန်

အွန်လိုင်းတွင် ပျံ့နှံ့နေသော တက္ကသိုလ်ဝင်ခွင့်ရမှတ် သတ်မှတ်ချက်များသည် ၂၀၁၇ ခုနှစ် အတွက် လုံးဝ မဟုတ်ကြောင်း၊ ယခင်နှစ်အထိ ကျင့်သုံးဆဲ တက္ကသိုလ်ဝင်ခွင့်စနစ်အရ ၀င်ခွင့်ရမှတ်များကို ကြိုတင်သတ်မှတ် မထားကြောင်း၊ တက္ကသိုလ်အလိုက်၊ ဘာသာရပ်အလိုက် အများဆုံးလက်ခံသင်ကြားမည့် ဦးရေကိုသာ သတ်မှတ်လေ့ရှိကြောင်း ထုတ်ပြန်ချက်တွင် ရေးသားထားသည်။

READ - ၂၀၁၇ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ (သိပ္ပံဘာသာတွဲ၊ ၀ိပ္ပံဘာသာတွဲ၊ ၀ိဇ္ဇာဘာသာတွဲ) တွင် အမှတ်အများဆုံး ရရှိသူ (၁၀) ဦး စာရင်း

‘‘ခုမှ အောင်စာရင်းထွက်ပြီး ကလေးတွေ အမှတ်ထုတ်ကြတုန်း ရှိသေးတာ။ တက္ကသိုလ်အမှတ် တွေ ဘယ်ထွက်ဦးမှာလဲ။ သူတို့ လျှောက်တဲ့အပေါ်မူတည်ပြီး အမှတ်များတဲ့သူတွေ လျှောက်တဲ့ တက္ကသိုလ်က သူလက်ခံနိုင်တဲ့ လူဦးရေပြည့်ရင်ရပ်လိုက်မယ်။ ဒီဦးရေထဲဝင်တဲ့သူထဲက နောက်ဆုံးတစ်ယောက်အမှတ်က အဲဒီတက္ကသိုလ်က လက်ခံတဲ့အမှတ်ဖြစ်သွားတာ။ အခုဖေ့စ်ဘွတ်ခ်မှာ ပျံ့ နှံ့နေတာက ဘယ်နှစ်ကဟာလဲ တော့ မသိဘူး။ ၀င်ခွင့်ကို လက်မ ခံသေးတဲ့အတွက် အမှတ်ဘယ် လောက်အနိမ့်ဆုံးလဲဆိုတာ ဘယ်သူမှ မသိနိုင်သေးဘူး’’ဟု အဆင့် မြင့်ပညာဦးစီးဌာနမှ အဆင့်မြင့် အရာရှိတစ်ဦးက ပြောသည်။

READ - ၂၀၁၇ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် သိပ္ပံတွဲ မြန်မာတစ်နိုင်ငံလုံး ပထမဆုရရှိခဲ့သည့် မောင်သုတရဲမိုးနှင့် တွေ့ဆုံခြင်း

ပညာရေးဝန်ကြီးဌာနအနေ ဖြင့် ကျောင်းသားများ၏ လျှောက် ထားမှု၊ တက္ကသိုလ်၏ လက်ခံနိုင် မှုနှင့် လျှောက်ထားသည့် ကျောင်းသားများ၏ အမှတ်အနိမ့်၊ အမြင့် အပေါ်မူတည်၍ တက္ကသိုလ်ဝင် ခွင့်ရွေးချယ်ပြီးချိန်မှသာ အနိမ့်ဆုံး ၀င်ခွင့်ပြုသည့်ရမှတ်ကို ထုတ် ပြန်ခြင်းဖြစ်သည်။

တက္ကသိုလ်ဝင် စာမေးပွဲ အောင်စာရင်းထွက်သည့် ဇွန်လ ၁၇ ရက်ကစကာ၂၀၁၇ တက္ကသိုလ်ဝင်ခွင့်အမှတ်များ ဟူ၍  တက္ကသိုလ်နှင့် အမှတ်ပေါင်းသတ်မှတ်ချက်များ လူမှုကွန်ရက်စာမျက်နှာတွင် ပျံ့နှံ့နေခြင်းဖြစ်သည်။

မိမိတို့ တက်ရောက်လိုသည့် သင်တန်းကျောင်းများနှင့် ပုဂ္ဂလိက တက္ကသိုလ်များကို ရှာဖွေလိုပါက ဒီ Link မှာရှာဖွေနိုင်ပါသည်။

Source: 7 day daily

News Read 6950 times