၂. မန္တလေးတက္ကသိုလ်၏ ၂၀၁၈-၁၉ ပညာသင်နှစ် ပထမနှစ်သင်တန်း ၀င်ခွင့်လျှောက်လွှာကို webpage နှင့် Application Form ရယူ၍သော်လည်း၊ ကျောင်းသားရေးရာဌာနမှသော်လည်းကောင်း ရယူပြီးမှ စာတိုက်မှဖြစ်စေ၊ ကျောင်းသားရေးရာဌာနတွင် လူကိုယ်တိုင်ဖြစ်စေ စာရွက်စာတမ်း အပြည့်အစုံ (ဓာတ်ပုံ၊ အမှတ်စာရင်းမိတ္တူ) တို့ဖြင့် လျှောက်ထားနိုင်ပါသည်၊
၃. နိုင်ငံသားဖြစ်မှုနှင့် ပတ်သက်၍ ၀င်ခွင့်လျှောက်ထားချိန်တွင် တည်ဆဲနိုင်ငံသားဖြစ်မှု ဥပဒေနှင့် ကိုက်ညီသော နိုင်ငံသားဖြစ်ရမည်၊
၎. အောက်ဖော်ပြပါ အထူးပြုဘာသာရပ်များကို ဘာသာရပ်တစ်ခုစီလျှင် (၁၀၀) ဦးစီ လက်ခံမည်ဖြစ်သည်၊
(၁) မြန်မာစာ
(၂) အင်္ဂလိပ်စာ
(၃) ပထ၀ီဝင်
(၄) သမိုင်း
(၅) ဒဿနိကဗေဒ
(၆) စိတ်ပညာ
(၇) ဥပဒေပညာ
(၈) အရှေ့တိုင်းပညာ
(၉) နိုင်ငံတာဆက်ဆံရေးပညာ
(၁၀) မနုဿဗေဒ
(၁၁) ရှေးဟောင်းသုတေသနပညာ
(၁၂) ဓာတုဗေဒ
(၁၃) ရူပဗေဒ
(၁၄) သင်္ချာ
(၁၅) သတ္တဗေဒ
(၁၆) ရုက္ခဗေဒ
(၁၇) ဘူမိဗေဒ
(၁၈) ကုန်ထုတ်ဓာတုဗေဒ
(၁၉) ကွန်ပျူတာသိပ္ပံ
(၂၀) နိုင်ငံရေးသိပ္ပံ
(၂၁) မြန်မာမှု
(၂၂) ပတ်ဝန်းကျင်ဆိုင်ရာ လေ့လာမှုပညာ
(၂၃) ဇီဝဓာတုဗေဒ
(၂၄) အဏုဇီဝဗေဒ
၅. ၀င်ခွင့်လျှောက်လွှာများတွင် ဖြည့်စွက်ထားသည့် အချက်များ ပြည့်စုံခြင်းမရှိပါက ထည့်သွင်းစဉ်းစား မည် မဟုတ်ပါ၊
၆. မန္တလေးတက္ကသိုလ်ပထမနှစ်သင်တန်း ၀င်ခွင့်လျှောက်လွှာများကို (၁၅.၆.၂၀၁၈ မှ ၁၅.၇.၂၀၁၈) ရက်နေ့ထိ ရုံးချိန်အတွင်း လျှောက်ထားနိုင်ပါသည်။
၇. ရွေးချယ်ခြင်းမခံရပါက အခြားတက္ကသိုလ်များသို့ အချိန်မီလျှောက်ထားနိုင်ရန်အတွက် မန္တလေးတက္ကသိုလ်၏ ၀င်ခွင့်ရစာရင်းကို (၁၅.၈.၂၀၁၈) ရက်နေ့တွင် Webpage နှင့် မန္တလေးတက္ကသိုလ် ကျောင်းသားရေးရာဌာနတွင် ထုတ်ပြန်ကြေညာထားမည်။
၈. ကျောင်းအပ်နှံခွင့်ကို (၁၆.၈.၂၀၁၈ မှ ၁၂.၈.၂၀၁၈) ရက်နေ့ထိ လက်ခံဆောင်ရွက်မည်ဖြစ်သည်၊ (၀င်ခွင့်ရရှိပြီး ကျောင်းအပ်နှံက အမှတ်စာရင်းမူရင်းကို ယူဆောင်လာရမည်။)
၉. အသေးစိတ်သိရှိလိုပါက မန္တလေးတက္ကသိုလ် ကျောင်းသားရေးရာဌာနနှင့် ဖုန်း (၀၂-၂၈၃၂၁၂၉၊ ၀၉-၄၀၀၀၀၉၅၃၆) တို့တွင် ဆက်သွယ်စုံစမ်းနိုင်ပါသည်။
မိမိတို့ တက်ရောက်လိုသည့် သင်တန်းကျောင်းများနှင့် ပုဂ္ဂလိက တက္ကသိုလ်များကို ရှာဖွေလိုပါက ဒီ Link မှာရှာဖွေနိုင်ပါသည်။
ပညာရေးလမ်းညွှန် website တွင် ပါဝင်သော သင်တန်းများ၊ ကျောင်းများ၊ Scholarship၊ Knowledge များနှင့် ပတ်သက်သော အချက်အလက်များကို ၀င်ရောက်ရှာဖွေ ဖတ်ရှုနိုင်ပါတယ်။
source: မန္တလေးတက္ကသိုလ်