မန္တလေးတက္ကသိုလ်ဝင်ခွင့်မရရှိခဲ့သူများကို ၀င်ခွင့်ထပ်မံလျှောက်ထားခွင့်ပြု

မန္တလေးတက္ကသိုလ်ဝင်ခွင့်မရရှိခဲ့သူများကို ၀င်ခွင့်ထပ်မံလျှောက်ထားခွင့်ပြု

မန္တလေးတက္ကသိုလ် ပထမနှစ်(ဘွဲ့ကြို)သင်တန်း ဝင်ခွင့်  ထပ်မံလျှောက်ထားနိုင်ကြောင်းကြေညာအပ်ပါသည်။

 ၁။ မန္တလေးတက္ကသိုလ်တွင် ဝင်ခွင့်လျှောက်ထားခဲ့ပြီး ဝင်ခွင့်မရရှိသူများ အောက်ပါ ဘာသာရပ်များအား ဦးစားပေး အစီအစဉ်အရ (၂၇-၉-၂၀၁၈) နောက်ဆုံး ထား၍ ထပ်မံလျှောက်ထားနိုင်သည်။

(မြန်မာစာ၊ ပထဝီဝင်၊ သမိုင်း၊ ဒဿနိကဗေဒ၊ဥပဒေပညာ၊ အရှေ့တိုင်းပညာ၊ နိုင်ငံတကာဆက်ဆံရေးပညာ၊မနုဿဗေဒ၊ရှေးဟောင်းသုတေသနပညာ၊နိုင်ငံရေးသိပ္ပံ၊ ပတ်ဝန်းကျင်ဆိုင်ရာလေ့လာမှုပညာ၊ ရူပဗေဒ၊သင်္ချာ၊ သတ္တဗေဒ၊ ရုက္ခဗေဒ၊ ကုန်ထုတ်ဓာတုဗေဒ၊ ကွန်ပျူတာသိပ္ပံ၊ ဇီဝဓာတုဗေဒ၊ အဏုဇီဝဗေဒ၊ မြန်မာမှုပညာ)

၂။ နောက်ဆက်တွဲ ဝင်ခွင့်ရရှိသူများ စာရင်းကို (၅-၁၀-၂၀၁၈) ရက်နေ့တွင် ထုတ်ပြန်ကြေညာမည်။

၃။ အဆောင်နေခွင့် လျှောက်ထားသူများအား အမှတ်များနည်းပေါ် မူတည်၍ ရွေးချယ်မည်ဖြစ်ပါသည်။

"အခုလျှောက်ထားခွင့်ပေးတာက တိုးမြှင့်လက်ခံဖို့ မဟုတ်ဘူး။ တက္ကသိုလ်မှာ လျှောက်ထားပြီးသား ကျောင်းသား/သူများက လျှောက်တဲ့နေရာမှာ မေဂျာဦးစားပေး လျှောက်တဲ့နေရာမှာ ချို့ယွင်းချက်လေးတွေ ရှိတဲ့အတွက် သူတို့ကို ထပ်ပြီးတော့ လျှောက်ဖို့အတွက် ကြေညာပေးတာပါ" ဟုပြောသည်။

မန္တလေးတက္ကသိုလ်ဝင်ခွင့်ကို နေရာဒေသမရွေး တက္ကသိုလ်ဝင်တန်းအောင်မြင်ပြီး စုစုပေါင်းရမှတ် ၃၅၀ နှင့်အထက် ရရှိသူများကို လျှောက်ထားခွင့်ပေးခဲ့ကာ ဘာသာရပ် ၂၄ ခုကို ကျောင်းသား/သူ ၁၀၀ စီ လက်ခံမည်ဟု ကြေညာခဲ့သည်။

၎။ အသေးစိတ်အချက်အလက်များကို သင်တန်းရေးရာဌာနတွင် စုံစမ်းနိုင်ပါသည်။

စုံစမ်းရန်ဌာနမှူး

(သင်တန်းရေးရာ) -(၀၂-၂၈၃၂၁၂၉)၊

ကျောင်းသားရေးရာဌာန -(၀၉-၄ဝဝဝဝ၉၅၃၆)

ဦးလူမော်၊မော်ကွန်းထိန်း(၁) -(၁၉-၂၅၉၀၆၈ဝ၂ဝ)

ဦးလှမျိုးအောင်၊လ/ထမော်ကွန်းထိန်း-(ဝ၉-၂၅၉၀၈၉၇၆၇)

ပညာရေးလမ်းညွှန်website တွင်မြန်မာတစ်နိုင်ငံလုံးတွင် ပြောင်းလဲနေသော ပညာရေးအခြေအနေများအခမဲ့ ပညာရေးသင်ကြားပေးနေသည့် သင်တန်းကျောင်းများ၊ ပြည်တွင်း၊ ပြည်ပပညာသင်ဆုများ၊ ပညာရေးအတွက် သင်တန်းများ၊ အလုပ်ခွင်ဝင်ရန် လိုအပ်သော သင်တန်းများ စသည်တို့ပါဝင်ပါတယ်နော်...။

News Read 3113 times