မန္တလေးတက္ကသိုလ်တွင် ၂၀၁၇ ခုနှစ် တက္ကသိုလ်ဝင်တန်းအောင် ကျောင်းသား၊ ကျောင်းသူ ၇၀၀ ကျော်သာ ၀င်ခွင့်ရရှိ

မန္တလေးတက္ကသိုလ်တွင် ၂၀၁၇ ခုနှစ် တက္ကသိုလ်ဝင်တန်းအောင် ကျောင်းသား၊ ကျောင်းသူ ၇၀၀ ကျော်သာ ၀င်ခွင့်ရရှိ

၂၀၁၇ ခုနှစ် တက္ကသိုလ်ဝင်တန်းအောင် ကျောင်းသား၊ ကျောင်းသူများ လျှောက်ထားခဲ့သည့် မန္တလေးတက္ကသိုလ်တွင် ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း ၇၄၆ ဦး ၀င်ခွင့်ရရှိခဲ့ပြီး ယခုနှစ်အတွက် မန္တလေးတက္ကသိုလ်၏ အမြင့်ဆုံးဝင်ခွင့်အမှတ်မှာ ၅၃၇ မှတ်ဖြစ်ပြီး ယင်းအမှတ်ရရှိခဲ့သည့် ဘာသာရပ်မှာ အင်္ဂလိပ်စာ ဘာသာရပ်ဖြစ်သည်။

ယခုနှစ်အတွက် မန္တလေးတက္ကသိုလ်တွင် ဘာသာရပ်တစ်ခုလျှင် ကျောင်းသား၊ ကျောင်းသူ ၁၀၀ စီဖြင့် ကျောင်းသား၊ ကျောင်းသူ ၂၀၀၀ ကျော် ၀င်ခွင့်ပေးရန် ကြေညာခဲ့သော်လည်း အမှန်တကယ်ဝင်ခွင့်ရရှိ သည်မှာ ၇၀၀ ကျော်သာရှိခဲ့ကြောင်း သိရသည်။

READ - တက္ကသိုလ်ပြောင်းရွှေ့တက်ရောက်လိုသူများ ပြောင်းမည့်တက္ကသိုလ်က လက်ခံနိုင်မှသာ ပြောင်းခွင့်ပြုမည်

မန္တလေးတက္ကသိုလ်ကို လျှောက်ထားရန်အတွက် တက္ကသိုလ်ဝင်ခွင့် လမ်းညွှန်တွင် ဘာသာရပ် ၂၅ ခုအထိ ထည့်သွင်းခေါ်ယူခဲ့သော်လည်း မြန်မာမှု ပညာ ဘာသာရပ်နှင့် စာကြည့်တိုက်နှင့် သုတပညာ ဘာသာရပ်တို့မှာ ၀င်ခွင့်ပေးသည့် အထဲတွင် ပါဝင်လာခဲ့ခြင်း မရှိကြောင်း သိရသည်။

“လျှောက်ထားသူ မရှိတဲ့အတွက် ၀င်ခွင့်မရှိတာလည်း ဖြစ်နိုင်သလို ဒီနှစ်အတွက် သင်ကြားဖို့ အခြေအနေမပေးတဲ့အတွက်လည်း ၀င်ခွင့်မပေးတဲ့ အခြေအနေလည်း ဖြစ်နိုင်ပါတယ်” ဟုပြောသည်။

မန္တလေးတက္ကသိုလ်တွင် ၀င်ခွင့်ရရှိသူများအနေဖြင့် ၀ိဇ္ဇာထူးချွန်ဆုနှင့် သိပ္ပံထူးချွန်ဆုများကို ဘာသာရပ်အလိုက် သတ်မှတ်ထားသော အမှတ်များ ပြည့်မီပါက လျှောက်ထားနိုင်ပြီး တက္ကသိုလ်ဝင်တန်း စုစုပေါင်း ရမှတ်အပြင် မိမိတို့ အထူးပြု ဘာသာရပ်အလိုက် သတ်မှတ်ထားသော အမှတ်များကို ပြည့်မီသူများသာ လျှောက်ထားရမည်ဖြစ်ကြောင်း သိရသည်။

မိမိတို့ တက်ရောက်လိုသည့် သင်တန်းကျောင်းများနှင့် ပုဂ္ဂလိက တက္ကသိုလ်များကို ရှာဖွေလိုပါက ဒီ Link မှာရှာဖွေနိုင်ပါသည်။

Source: democracy today

News Read 5200 times