သတင်းအချက်အလက်နည်း ပညာတက္ကသိုလ်ကို ရန်ကုန်တက္ကသိုလ် (လှိုင်နယ်မြေ) အတွင်း ပြောင်းရွှေ့ဖွင့်လှစ်မည်

သတင်းအချက်အလက်နည်း ပညာတက္ကသိုလ်ကို ရန်ကုန်တက္ကသိုလ် (လှိုင်နယ်မြေ) အတွင်း ပြောင်းရွှေ့ဖွင့်လှစ်မည်

ဒီလိုပြောင်းရွှေ့ ဖွင့်လှစ်ခြင်းကို ဒီဇင်ဘာလ ၄ ရက်မှ စတင်ကာ ပြောင်းရွှေ့ဖို့ စီစဉ်ထားခဲ့ ပေမယ့် ရန်ကုန်တက္ကသိုလ် (လှိုင်နယ်မြေ) အတွင်းရှိ အဆောက်အဦ ဆောက်လုပ်ခြင်း လုပ်ငန်းများကို အပြီးသတ်ဆောင်ရွက်လျှက် ရှိတဲ့အတွက် သင်တန်းများအားလုံးကို ဒီဇင်ဘာ ၄ ရက်နေ့ အစား ၂၀၁၈ ခုနှစ် ဇန်နဝါရီလ ၂ ရက်မှသာ ရန်ကုန်တက္ကသိုလ် (လှိုင်နယ်မြေ) အတွင်း စတင်ဖွင့်လှစ်သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

READ - စတုတ္ထတန်းနှင့် အဌမတန်းကျောင်းထွက်ထားသူများ နှစ်ဆုံးစာမေးပွဲကို ပြင်ပမှဖြေလိုပါက လျှောက်ထားနိုင်

ယခုပညာသင်နှစ်မှာ သတင်းအချက်အလက် နည်းပညာတက္ကသိုလ်ကို တက်ရောက်မယ့် ကျောင်းသားကျောင်းသူတွေ အနေနဲ့ဇင်ဘာလ ၂၂ ရက်နောက်ဆုံးထား ကျောင်းအပ်ရမှာ ဖြစ်ပြီး ပထမနှစ်ဝင်ခွင့်အတွက် ၂၁၇ ဦး တက်ရောက်ခွင့် ရရှိတယ်။

ကျောင်းပြောင်းရွှေ့ခြင်းနဲ့ ပတ်သက်ပြီး အသေးစိတ် သိရှိလိုသူတွေ အနေနဲ့ ဖုန်း-၀၁-၅၃၇၃၉၃ သို့ ရုံးချိန်အတွင်း ဆက်သွယ်မေးမြန်း နိုင်မှာဖြစ်ပါတယ်။

မိမိတို့ တက်ရောက်လိုသည့် သင်တန်းကျောင်းများနှင့် ပုဂ္ဂလိက တက္ကသိုလ်များကို ရှာဖွေလိုပါက ဒီ Link မှာရှာဖွေနိုင်ပါသည်။

Source: internet journal

Government School Read 2710 times