ယခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ စိတ်ကြိုက်မြန်မာစာဖြေဆိုမည့်သူ သုံးဦးရှိ

ယခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ စိတ်ကြိုက်မြန်မာစာဖြေဆိုမည့်သူ သုံးဦးရှိ

ဒီနှစ်နိုင်ငံခြားစာစစ်ဌာန ၁၇ ခု အထိ ဖွင့်လှစ်ပေးမည် ဖြစ်ပါသည်။ မနှစ်ကတော့ နိုင်ငံခြားစာစစ်ဌာန ၁၆ ခု ဖွင့်ထားပါတယ်။

စိတ်ကြိုက်မြန်မာစာဘာသာတွဲကို ၀င်ရောက်ဖြေဆိုရန်အတွက် စာရင်းပေးသွင်းထားသူများမှာ ရန်ကုန်တိုင်းဒေသကြီးတွင် တစ်ဦး၊ တနင်္လာရီတိုင်းဒေသကြီးမှ တစ်ဦး၊ နိုင်ငံခြားစာစစ်ဌာနမှ တစ်ဦးတို့ ဖြစ်ပါသည်။

ယခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲကို မတ် ၈ ရက်တွင် မြန်မာစာ၊ ၉ ရက် အင်္ဂလိပ်စာ၊ ၁၀ ရက်တွင် သင်္ချာ၊ ၁၁ ရက်တွင် စိတ်ကြိုက်မြန်မာစာ၊ ၁၃ ရက်တွင် ဓာတုဗေဒ၊ ၁၄ ရက်တွင် ရူပဗေဒ၊ ၁၅ ရက်တွင် ဇီဝဗေဒနှင့် ဘောဂဗေဒ၊ ၁၆ ရက်တွင် ပထ၀ီဝင်၊ ၁၇ ရက်တွင် သမိုင်းဘာသာရပ်များကို ဖြေဆိုရန် မြန်မာနိုင်ငံစာစစ်ဦးစီးဌာနမှ ထုတ်ပြန်ထားပါသည်။

ယခုနှစ် တက္ကသိုလ်ဝင်တန်းကို ကျောင်းသား၊ ကျောင်းသူ ခုနှစ်သိန်းကျော်ဝင်ရောက်ဖြေဆိုရန် စာရင်းပေးသွင်းထားပြီး ယခင်နှစ်က ဖွင့်လှစ်ခဲ့သော စာစစ်ဌာန အရေအတွက်ထက် ယခုနှစ်တွင် တိုးမြှင့်ဖွင့်လှစ်မည် ဖြစ်ပါသည်။

၂၀၁၆ ခုနှစ် မတ်လတွင် ကျင်းပခဲ့သော တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် စိတ်ကြိုက်မြန်မာစာ ဘာသာရပ်ဖြင့် ၀င်ရောက်ဖြေဆိုသူမှာ သုံးဦးရှိခဲ့ပြီး နေပြည်တော်၊ တနင်္လာရီတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီးတို့မှ ဖြစ်ပါသည်။

Source: democracy today

News Read 2547 times