၂။ အမျိုးသားနှင့် အမျိုးသမီး (၈၀း၂၀) ဖြင့် စုစုပေါင်းဦးရေ ၁၀၀ လက်ခံမည်။
၃။ လျှောက်ထားသူသည် -
(က) ၀င်ခွင့်လျှောက်ထားချိန်တွင် တည်ဆဲနိုင်ငံသားဖြစ်မှုဥပဒေနှင့် ကိုက်ညီသော နိုင်ငံသားဖြစ်ရမည်။
(ခ) တက္ကသိုလ်ဝင်စာမေးပွဲတွင် မြန်မာစာ၊ အင်္ဂလိပ်စာ၊ သင်္ချာ၊ ရူပဗေဒ၊ ဓာတုဗေဒနှင့် ဇီဝဗေဒဘာသာတွဲဖြင့် အောင်မြင်သူဖြစ်ရမည်။
(ဂ) တက္ကသိုလ်ဝင်စာမေးပွဲတွင် စုစုပေါင်းရမှတ် ၃၆၀ နှင့်အထက် ရရှိရမည်။
(ဃ) တောတွင်းလက်တွေ့ကွင်းဆင်းဆောင်ရွက်နိုင်ရန်အတွက် ကျန်းမာရေး (က) အဆင့်ရှိပြီး ကိုယ်လက်အင်္ဂါပြည့်စုံသူဖြစ်ရမည်။
၎။ ၀င်ခွင့်လျှောက်လွှာကို အောက်ဖော်ပြပါ သတ်မှတ်ပုံစံအတိုင်း (A4-Size) အရွယ် စာရွက်တွင် မိမိအစီအစဉ်ဖြင့် ကွန်ပျူတာစာစီစာရိုက်နိုင်ပြီး လိုင်စင်အရွယ်ဓာတ်ပုံကပ်၍ လျှောက်ထားရန်ဖြစ်သည်။
၅။ လျှောက်လွှာနှင့်အတူ အောက်ဖော်ပြပါ အထောက်အထားများ ပူးတွဲတင်ပြရမည် -
(က) သက်ဆိုင်ရာ အခြေခံပညာအထက်တန်းကျောင်း၊ ကျောင်းအုပ်ကြီး၏ တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်ကြောင်း ထောက်ခံချက် (မိတ္တူ)၊
(ခ) မြန်မာနိုင်ငံစာစစ်အဖွဲ့က ထုတ်ပေးသော ၂၀၁၈ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲအောင် အမှတ်စာရင်း (မိတ္တူ)၊
(ဂ) လျှောက်ထားသူနှင့် မိဘနှစ်ပါးစလုံးတို့၏ နိုင်ငံသားစိစစ်ရေးကတ် (မိတ္တူ)၊
(ဃ) သက်ဆိုင်ရာမြို့နယ်၊ ပြည်နယ်/တိုင်းဒေသကြီးပြည်သူ့ဆေးရုံတို့မှ ကျန်းမာကြောင်း ဆေးစစ်ချက် (မူရင်း) နှင့် မျက်စိအရောင်ခွဲခြားနိုင်ခြား (Colour Blind) ဆေးစစ်ချက် (မူရင်း)
(င) ပြစ်မှု/ပြစ်ဒဏ် ကင်းရှင်းကြောင်းနှင့် အကျင့်စာရိတ္တကောင်းမွန်ကြောင်း သက်ဆိုင်ရာ ရဲစခန်း၊ ကျေးရွာ/ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးနှင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးတို့၏ ထောက်ခံချက် (မူရင်း)
(စ) လိုင်စင်အရွယ် ဓာတ်ပုံ (၃) ပုံ (ပူးတွဲ)
၆။ လျှောက်လွှာများကို သစ်တောနှင့် ပတ်ဝန်းကျင်ဆိုင်ရာ တက္ကသိုလ်၊ ရေဆင်း၊ နေပြည်တော် သို့ ၃၁.၈.၂၀၁၈ ရက်(သောကြာနေ့) ရုံးချိန်အတွင်း နောက်ဆုံးထား၍ အရောက်ပေးပို့ရမည်။ သတ်မှတ်ရက်ထက် နောက်ကျသော၊ အထောက်အထားမပြည့်စုံသော လျှောက်လွှာများကို ရွေးချယ်ရာတွင် ထည့်သွင်းစဉ်းစားမည်မဟုတ်ပါ။
အချက်အလက်များ မမှန်မကန် ဖော်ပြလျှောက်ထားကြောင်း စစ်ဆေးတွေ့ရှိပါက ရွေးချယ်ခြင်းခံရစေကာမူ ပယ်ဖျက်ခြင်း၊ တက္ကသိုလ်မှ ထုတ်ပယ်ခြင်းခံရမည်။
၇။ ပဏာမ ရွေးချယ်ခံရသူများစာရင်းကို သစ်တောနှင့် ပတ်ဝန်းကျင်ဆိုင်ရာ တက္ကသိုလ်၊ ရေဆင်း၊ နေပြည်တော်တွင် ထုတ်ပြန်ကြေညာပေးမည်ဖြစ်ပြီး တစ်ဦးချင်းထံသို့ အကြောင်းကြားမည် မဟုတ်ပါ။
၈။ မိုင်(၂၀) လမ်းလျှောက်စွမ်းရည်စစ်ဆေးခြင်းကို သစ်တောနှင့် ပတ်ဝန်းကျင်ဆိုင်ရာ တက္ကသိုလ်၊ ရေဆင်း၊ နေပြည်တော်တွင်ပြုလုပ်မည်ဖြစ်ပါသဖြင့် ပဏာမရွေးချယ်ခံရသူများစာရင်း ထုတ်ပြန်ကြေညာချိန်တွင် စစ်ဆေးမည့်နေ့ရက်ကိုတစ်ပါတည်း ထည့်သွင်းကြေညာမည်။
အစစ်ဆေးခံရန် လာရောက်သည့်အခါ တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်ကြောင်း ထောက်ခံချက်မူရင်း၊ အမှတ်စာရင်းမူရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်တို့ကို မပျက်မကွက်ယူဆောင်လာရမည်။
၉။ အသေးစိတ်သိလိုပါက သစ်တောနှင့် ပတ်ဝန်းကျင်ဆိုင်ရာ တက္ကသိုလ်၊ ရေဆင်း၊ နေပြည်တော် ဖုန်း-၀၆၇-၃၄၁၆၅၁၉ သို့ ဆက်သွယ်စုံစမ်းနိုင်ပါသည်။
မိမိတို့ တက်ရောက်လိုသည့် သင်တန်းကျောင်းများနှင့် ပုဂ္ဂလိက တက္ကသိုလ်များကို ရှာဖွေလိုပါက ဒီ Link မှာရှာဖွေနိုင်ပါသည်။
ပညာရေးလမ်းညွှန် website တွင် ပါဝင်သော သင်တန်းများ၊ ကျောင်းများ၊ Scholarship၊ Knowledge များနှင့် ပတ်သက်သော အချက်အလက်များကို ၀င်ရောက်ရှာဖွေ ဖတ်ရှုနိုင်ပါတယ်။