ငါးလုပ်ငန်းတက္ကသိုလ် တည်ဆောက်မည်ဖြစ်၍ ရန်ကုန်တက္ကသိုလ်၌ ငါးလုပ်ငန်းပညာ သင်ကြားပေးမည်

ငါးလုပ်ငန်းတက္ကသိုလ် တည်ဆောက်မည်ဖြစ်၍ ရန်ကုန်တက္ကသိုလ်၌ ငါးလုပ်ငန်းပညာ သင်ကြားပေးမည်

ငါးလုပ်ငန်းတက္ကသိုလ်တည်ဆောင်ရန် နေရာရွေးချယ်နေပြီး ငါးလုပ်ငန်းဆိုင်ရာ တက္ကသိုလ်၌ ပထမနှစ်၊ ဒုတိယနှစ် အထူးပြုဘာသာရပ်များကို ရန်ကုန်တက္ကသိုလ်၌ ၂၀၁၈ ခုနှစ်တွင် စတင်သင်ကြားပေးမည်ဖြစ်သည်။

မေဂျာတစ်ခုတည်းအဖြစ် ပါဝင်မည်မဟုတ်ဘဲ တက္ကသိုလ်တစ်ခုအဖြစ်သာ ဆောင်ရွက်မည်ဖြစ်သည်။

သင်ကြားပေးနေစဉ်ကာလအတွင်း ငါးလုပ်ငန်းဆိုင်ရာတက္ကသိုလ်ကို တည်ဆောက်မည်ဖြစ်ကာ တက္ကသိုလ်တည်ဆောက်မှု ပြီးစီးပါက ပြောင်းရွှေ့၍ သင်ကြားပေးမည်ဖြစ်သည်။

READ - ၂၀၁၇-၂၀၁၈ ပညာသင်နှစ် နေ့သင်တန်းများအတွက် ကျောင်းဝင်မှတ်ပုံတင် နောက်ဆုံးထားလက်ခံမည့်ရက်များ အသီးသီး သတ်မှတ်

ရေလုပ်ငန်းနှင့် ပတ်သက်၍ သင်ကြားရေး အထောက်အကူပြု ပစ္စည်းများကိုလည်း ရန်ကုန်တက္ကသိုလ်၌ အသင့်ထားရှိပြီး ဖြစ်ကြောင်း သိရသည်။

ငါးလုပ်ငန်းနှင့် ပတ်သက်သော ပညာသင်ကြားရေးကို ကနဦးတွင် ကျောင်းသား၊ ကျောင်းသူ ၅၀ ဦးအား စတင်၍ တက္ကသိုလ်ဝင်ခွင့်အမှတ်စာရင်းဖြင့် သတ်မှတ်မည်မဟုတ်ဘဲ စိတ်ဝင်စားမှုပေါ် မူတည်၍ ဦးစားပေးခေါ်ယူမည် ဖြစ်သည်။

တက္ကသိုလ်၌ သင်ယူပြီးပါက လုပ်ငန်းခွင်တွင် တိုက်ရိုက်ဝင်နိုင်မည်ဖြစ်ကြောင်းနှင့် မြန်မာနိုင်ငံ၌ ငါးလုပ်ငန်း တက္ကသိုလ်တစ်ခု ဖြစ်ပေါ်လာစေရေးအတွက် ၂၀၁၇ ခုနှစ် နိုဝင်ဘာလတတိယပတ်က သက်ဆိုင်ရာ ဆရာ၊ ဆရာမများနှင့် ငါးလုပ်ငန်းပညာရှင်များက အကြံပြုဆွေးနွေးခဲ့ကြကြောင်း သိရသည်။

မိမိတို့ တက်ရောက်လိုသည့် သင်တန်းကျောင်းများနှင့် ပုဂ္ဂလိက တက္ကသိုလ်များကို ရှာဖွေလိုပါက ဒီ Link မှာရှာဖွေနိုင်ပါသည်။

Source: မြ၀တီ

News Read 3831 times