စီးပွားရေးတက္ကသိုလ်များ၏ ၀င်ခွင့်ခေါ်ယူမှုပုံစံ ပြောင်းလဲရန် အဆင့်မြင့်ပညာဦးစီးဌာနသို့ တင်ပြထားဟုဆို

စီးပွားရေးတက္ကသိုလ်များ၏ ၀င်ခွင့်ခေါ်ယူမှုပုံစံ ပြောင်းလဲရန် အဆင့်မြင့်ပညာဦးစီးဌာနသို့ တင်ပြထားဟုဆို

ရန်ကုန်စီးပွားရေးတက္ကသိုလ်၊ မုံရွာစီးပွားရေးတက္ကသိုလ်၊ မိတ္ထီလာ စီးပွားရေးတက္ကသိုလ် တို့မှ ယခုနှစ် တက္ကသိုလ်ဝင်တန်းအောင် ကျောင်းသား၊ ကျောင်းသူများ လျှောက်ထားနိုင်မည့် ၀င်ခွင့်အမှတ်ကို တက္ကသိုလ်ဝင်တန်း ရမှတ် စုစုပေါင်း ၃၅၀ နှင့် အထက်ရရှိသူများ လျှောက်ထားနိုင်မည် ဖြစ်သည်။

READ - ၂၀၁၈-၁၉ ပညာသင်နှစ်ကစ၍ တက္ကသိုလ်လေးခုတွင် ဝင်ခွင့်စနစ် စတင်ပြောင်းလဲမည်

ယခုနှစ်တွင် ဘာသာရပ်အသီးသီး၌ ရမှတ် ၅၀ ရရှိရမည်ဆိုသည့် သတ်မှတ်ချက်ကို ဖျက်ပြီး တက္ကသိုလ်ဝင်ခွင့် လမ်းညွှန်တွင် ထည့်သွင်းခေါ်ယူရန် တင်ပြထားသည်။

စီးပွားရေးတက္ကသိုလ်ရဲ့သတ်မှတ်ချက်ကတော့ ကျောင်းသုံးကျောင်းစလုံး သဘောတူပြီး တင်ထားတာဖြစ်ပါတယ်။

မနှစ်ကတော့ တက္ကသိုလ်ဝင်စာမေးပွဲမှာ ဘာသာအသီးသီး၌ ရမှတ် ၅၀ နဲ့ အထက်ရရှိပြီး စုစုပေါင်း အမှတ် ၃၅၀ နှင့် အထက်လို့ ပြောတာကနေပြီးတော့ စုစုပေါင်း အမှတ်နဲ့ပဲဆိုပြီး တင်လာပါတယ်။

READ - ၂၀၁၇ ခုနှစ် တက္ကသိုလ်ဝင်ခွင့်လျှောက်လွှာများကို တက္ကသိုလ် ၁၇ ခုမှ လက်ခံဆောင်ရွက်ပေးမည်၊ နယ်ကျော်လျှောက်ထားခြင်းများကိုလည်း ခွင့်ပြုပေးမည

ဘာသာရပ်တစ်ခုချင်းကို အမှတ်မသတ်မှတ်တော့ပဲ တင်ထားပါတယ်ဟု အဆင့်မြင့်ပညာဦးစီးဌာနမှ ညွှန်ကြားရေးမှူးဒေါ်သန်းသန်းဝင်းက ပြောကြားသည်။

နှစ်စဉ် ရန်ကုန်စီးပွားရေးတက္ကသိုလ်မှ ကရင်ပြည်နယ်၊ တနင်္သာရီတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ မွန်ပြည်နယ်၊ ရခိုင်ပြည်နယ်၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး တို့မှ တက္ကသိုလ်ဝင်တန်းအောင် ကျောင်းသား၊ ကျောင်းသူများကို ၀င်ခွင့်ပေးပြီး မုံရွာ စီးပွားရေးတက္ကသိုလ်သည် ကချင်ပြည်နယ်၊ ချင်ပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ရှမ်းပြည်နယ် (မြောက်ပိုင်း) မှ ကျောင်းသား၊ ကျောင်းသူများကို ၀င်ခွင့်ပေးနေပြီး မိတ္ထီလာ စီးပွားရေးတက္ကသိုလ်မှ ကယားပြည်နယ်၊ မကွေးတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ရှမ်းပြည်နယ် (တောင်ပိုင်းနှင့် အရှေ့ပိုင်း) မှ ကျောင်းသား၊ ကျောင်းသူများကို ၀င်ခွင့်ပေးနေကြောင်း သိရသည်။

စီးပွားရေးတက္ကသိုလ်အသီးသီးသို့ သတ်မှတ်ထားသော ဒေသများမှ ကျောင်းသား၊ ကျောင်းသူများကို ၀င်ခွင့်ပေးနေသည့်အပြင် သတ်မှတ်ဒေသမှမဟုတ်သည့် ကျောင်းသား၊ ကျောင်းသူများက နယ်ကျော်လျှောက်ထားခြင်းများရှိပါက စီးပွားရေးတက္ကသိုလ်များမှ ၀င်ခွင့်ပေးသည့် ကျောင်းသားဦးရေ၏ ၁ဝ ရာခိုင်နှုန်းကို ၀င်ခွင့်ပေးလျက်ရှိသည်။

မိမိတို့ တက်ရောက်လိုသည့် သင်တန်းကျောင်းများနှင့် ပုဂ္ဂလိက တက္ကသိုလ်များကို ရှာဖွေလိုပါက ဒီ Link မှာရှာဖွေနိုင်ပါသည်။

Source: democracy today

Government School Read 6674 times