ရန်ကုန်အဝေးသင်ဌာနလက်အောက်ရှိ အဝေးသင်ဌာနခွဲများတွင် တက်ရောက်နေသော ကျောင်းသားများအတွက် အနီးကပ်ပို့ချမည့် ရက်များနှင့် စာမေးပွဲရက်များကို လျာထားသတ်မှတ်လိုက်ပြီး ဖြစ်သည်။
အောက်တိုဘာ ၂ ရက်တွင် ပထမနှစ် သိပ္ပံဘာသာတွဲများ၏ စာမေးပွဲများကို စတင်ဖြစ်ကြောင်း၊ ယင်းစာမေးပွဲများ ပြီးဆုံးပါက ဒုတိယအသုတ် အဝေးသင်သင်တန်းများကို ကျင်းပမည် ဖြစ်သည်။
"လောလောဆယ်တော့ အဲဒီရက်ကို စဖို့ လျာထားတယ်။ ရက်အတိအကျ ရပြီဆိုရင် ရန်ကုန်အဝေးသင်တက္ကသိုလ်ရဲ့ ၀က်ဘ်ဆိုဒ်ကနေ ကြေညာပေးမှာပါ" ဟု ပြောသည်။
ပထမအသုတ် အဝေးသင် စာမေးပွဲများ ပြီးဆုံးပါက ဒုတိယအသုတ်၏ အနီးကပ်သင်တန်းများကို စနေ၊ တနင်္ဂနွေ အပါအ၀င် ၁၀ ရက် တိတိပို့ချမည် ဖြစ်သည်။
ဒုတိယအသုတ်၏ စာမေးပွဲများကို စနေ၊ တနင်္ဂနွေ မပါဝင်ဘဲ ဆက်လက်ကျင်းပမည် ဖြစ်ပြီး တတိယအသုတ်၏ အနီးကပ်သင်တန်းများကို နိုဝင်ဘာလထဲတွင် ပြုလုပ်မည် ဖြစ်သည်။
အဝေးသင်တက္ကသိုလ်တက်ရောက်နေသော ကျောင်းသားများ အနေဖြင့် စာမေးပွဲများ ကျင်းပချိန် မတိုင်မှီ မိမိကိုယ်တိုင် ရေးသားထားသည့် စာစဉ်များကို အချိန်မီ တင်သွင်းရမည်ဖြစ်သည်။
စာမေးပွဲ အောင်/ ရှုံး ကို အဆိုပါ စာစဉ်တင်သွင်းခြင်း ရမှတ်များပါ ထည့်သွင်း စဉ်းစားမည် ဖြစ်သည်။
အနီးကပ်သင်တန်းများကို အချိန်ပြည့်တက်ရောက်ရမည်။
မိမိတို့ တက်ရောက်လိုသည့် သင်တန်းကျောင်းများနှင့် ပုဂ္ဂလိကကျောင်းများကို ရှာဖွေလိုပါက ဒီ Link မှာရှာဖွေနိုင်ပါသည်။
ပညာရေးလမ်းညွှန် website တွင် ပါဝင်သော သင်တန်းများ၊ ကျောင်းများ၊ Scholarship၊ Knowledge များနှင့် ပတ်သက်သော အချက်အလက်များကို ၀င်ရောက်ရှာဖွေ ဖတ်ရှုနိုင်ပါတယ်။
source: democracy