ရန်ကုန် အဝေးသင်တက္ကသိုလ်နှင့် မန္တလေးအဝေးသင် တက္ကသိုလ်၏ ၂၀၁၇ ပညာသင်နှစ် စာမေးပွဲအောင်စာရင်းများကို ဒီဇင်ဘာ ၂၈ ရက်မှ ဖေဖော်ဝါရီ ၅ရက်အထိ ကြေညာခဲ့ပြီး ဒုတိယနှစ်မှ ပဉ္စမနှစ်အထိ သင်တန်းများ ကို ဖေဖော်ဝါရီ ၆ ရက်က စတင်ဖွင့်လှစ်ခဲ့သည်။
ကျောင်းအပ်လက်ခံခြင်းကို သက်ဆိုင်ရာ အဝေးသင်တက္က သိုလ်ဌာနခွဲများတွင် ကျောင်းစ တင်ဖွင့်လှစ်သည့်နေ့မှ မေလ ၁၆ ရက်အထိ ဆောင်ရွက်မည်ဖြစ် သည်။
‘‘အဝေးသင် ဌာနခွဲတွေမှာ ကျောင်းအပ်လက်ခံတာတွေ စလုပ်နေပါပြီ။ အောင်စာရင်းတွေ အားလုံး ထွက်ပြီးတာနဲ့ ကျောင်း အပ်စလက်ခံတာပေါ့’’ ဟုရန်ကုန် အဝေးသင်တက္ကသိုလ်မှ တာဝန်ရှိ သူတစ်ဦးက ပြောသည်။
READ - စတုတ္ထတန်းနှင့် အဋ္ဌမတန်းကျရှုံးသူများအတွက် ကုစားစာမေးပွဲရှိ၊ မရှိ မဆုံးဖြတ်ရသေးဟုဆို
အဝေးသင် ကျောင်းသား၊ ကျောင်းသူများအနေဖြင့် မှတ်ပုံ တင်ကြေးကျပ် ၅၀၊ ကျောင်းဝင် ကြေးကျပ် ၅၀ ၊ သင်တန်းကြေး (တစ်နှစ်အတွက်) ကျပ် ၁,၅၀၀၊ စာအုပ်ဖိုး(တစ်နှစ်အတွက်)နှင့် သင်ခန်းစာပို့ချချက် (DVD) များ ကျပ် ၁၅,၀၀၀၊ သိပ္ပံဘာသာရပ်များ အတွက် ဓာတ်ခွဲခန်းကြေး ကျပ် ၃၀၀၊ စာမေးပွဲဝင်ကြေး ကျပ် ၁၀၀၊အပတ်စဉ် လက်တွေ့သင်တန်းမှတ်ပုံတင်ကြေးကျပ် ၂၅၀ ပေးသွင်းကာ ကျောင်းအပ်နှံရမည်ဖြစ်သည်။
အဝေးသင်တက္ကသိုလ် ဒုတိ ယနှစ်နှင့် အထက်သင်တန်းများ၏ ပထမနှစ်ဝက်စာစဉ်များကို ဇွန်လ၃၀ ရက်၊ ဒုတိယနှစ်ဝက်စာစဉ် များကို သြဂုတ် ၃၁ ရက် နောက်ဆုံးထား တင်သွင်းရမည်ဖြစ် သည်။
သိပ္ပံဘာသာရပ်လက်တွေ့ သင်တန်းများကို ဖေဖော်ဝါရီ ၂၄ ရက်တွင် စတင်မည်ဖြစ်သည်။
အဝေးသင်တက္ကသိုလ်များ ၏ အတန်းတင်စာမေးပွဲများကို ပညာသင်နှစ်တစ်နှစ်လျှင် တစ် ကြိမ်ကျင်းပသည်။ စာစဉ်များ တင်သွင်းထားပြီး သတ်မှတ်ရက်အ တွင်း စာမေးပွဲဝင်ခွင့်လျှောက်လွှာ တင်သွင်းပြီးမှသာ စာမေးပွဲဝင် ရောက်ဖြေဆိုခွင့်ပြုမည်ဟု အဝေးသင်တက္ကသိုလ်များ က ကြေ ညာထားသည်။
ထို့အပြင် သိပ္ပံ ဘာသာရပ် အထူးပြုသင်တန်းများ သည် သိပ္ပံလက်တွေ့သင်တန်းကို ၇၅ ရာခိုင်နှုန်းတက်ရောက်ပြီးမှ သာ စာမေးပွဲ ဖြေဆိုခွင့် ရမည်ဖြစ် သည်။
မိမိတို့ တက်ရောက်လိုသည့် သင်တန်းကျောင်းများနှင့် ပုဂ္ဂလိက တက္ကသိုလ်များကို ရှာဖွေလိုပါက ဒီ Link မှာရှာဖွေနိုင်ပါသည်။
ပညာရေးလမ်းညွှန် website တွင် ပါဝင်သော သင်တန်းများ၊ ကျောင်းများ၊ Scholarship၊ Knowledge များနှင့် ပတ်သက်သော အချက်အလက်များကို ၀င်ရောက်ရှာဖွေ ဖတ်ရှုနိုင်ပါတယ်။
Source: 7day daily