၂၀၁၈ ခုနှစ် ပညာသင်နှစ်မှ စတင်ကာ ရန်ကုန်အဝေးသင်တက္ကသိုလ်မှ ကျောင်းသား၊ ကျောင်းသူများ အနေနဲ့ Assignment များကို အွန်လိုင်းမှတစ်ဆင့် အီးမေးလ်ပေးပို့ရမှာ ဖြစ်ပါတယ်။
အွန်လိုင်းမှ တစ်ဆင့် တင်သွင်းသူတွေအနေနဲ့ Assignment တွေကို မိမိလက်ရေးနဲ့ ဖြေဆိုရမှာဖြစ်ပြီး အမည်၊ ခုံအမှတ်၊ အထူးပြုဘာသာ၊ အတန်း၊ ဌာနခွဲအမည်၊ ဆက်သွယ်ရန် ဖုန်းနံပါတ်နဲ့ လိပ်စာတို့ကို ပြည့်စုံစွာ ရေးသားရမှာ ဖြစ်ပါတယ်။
ဖြေဆိုပြီးတဲ့ Assignment များကို ထင်ရှားပေါ်လွင်စေရန် ဖုန်းနဲ့ ဓာတ်ပုံရိုက်၍သော်လည်းကောင်း (သို့မဟုတ်) Scan ဖတ်၍ PDF Format ဖြင့်သော်လည်းကောင်း [email protected] ကို သတ်မှတ်ရက်အတွင်း ပေးပို့ရမှာဖြစ်ပါတယ်။
အသေးစိတ်သိရှိလိုပါက ==>>
http://www.yude.edu.mm/public/mod/forum/view.php?f=1
မိမိတို့ တက်ရောက်လိုသည့် သင်တန်းကျောင်းများနှင့် ပုဂ္ဂလိက တက္ကသိုလ်များကို ရှာဖွေလိုပါက ဒီ Link မှာရှာဖွေနိုင်ပါသည်။
ပညာရေးလမ်းညွှန် website တွင် ပါဝင်သော သင်တန်းများ၊ ကျောင်းများ၊ Scholarship၊ Knowledge များနှင့် ပတ်သက်သော အချက်အလက်များကို ၀င်ရောက်ရှာဖွေ ဖတ်ရှုနိုင်ပါတယ်။
source: internet