အဝေးသင်တက္ကသိုလ် ပထမနှစ်သင်တန်းသားကျောင်းအပ်လက်ခံရက် တစ်လတိုးမြှင့်

အဝေးသင်တက္ကသိုလ် ပထမနှစ်သင်တန်းသားကျောင်းအပ်လက်ခံရက် တစ်လတိုးမြှင့်

၂၀၁၈ ပညာသင်နှစ်တွင် သတ်မှတ်ရက်အတွင်း ကျောင်း ဝင်မှတ်ပုံတင် မပြုလုပ်ရသေး သည့် ပထမနှစ် ကျောင်းသား၊ ကျောင်းသူများအား အကြောင်းပြ ချက်ခိုင်လုံစွာဖြင့် တင်ပြလာပါက သက်ဆိုင်ရာ ပါမောက္ခချုပ်၏ အစီအစဉ်ဖြင့် စိစစ်လက်ခံရန် ရန်ကုန်အဝေးသင်တက္ကသိုလ်က မတ်လ ၂၂ ရက်၌ အကြောင်း ကြားထားသည်။

‘‘တချို့ ခရီးလွန်နေလို့ မသိ တာတို့ အကြောင်းတစ်ခုခုကြောင့် မတ်လကုန်မှာ မအပ်နိုင်ဘူးဆိုရင် ကိုယ်တက်ရမယ့် ဌာနခွဲက ပါမောက္ခချုပ်တွေ ခွင့်ပြုရင် ဧပြီ လကုန်အထိ အပ်ခွင့်ပေးလိုက်ပါ တယ်။ ဒါပေမဲ့ သူတို့က ကျောင်း အပ်နောက်ကျတယ်ဆိုရင် စာစဉ် စာအုပ်တွေ၊ အခွေတွေ ချက်ချင်း မရတတ်တာမျိုးတော့ ရှိတယ်’’ဟု ရန်ကုန်အဝေးသင်တက္ကသိုလ်မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ပထမနှစ် ကျောင်းသားများ အား ၂၀၁၇ ဒီဇင်ဘာမှ ၂၀၁၈ မတ်လအထိ ကျောင်းအပ်လက်ခံ မည်ဟု သတ်မှတ်ထားရာမှ တစ် လ တိုးမြှင့်သတ်မှတ်ခြင်းဖြစ် သည်။

READ - သင်္ကြန်ကာလနောက်ပိုင်းတွင် အ၀းသင်တက္ကသိုလ်စာစဉ်များကို အွန်လိုင်းမှ ဖြေဆိုနိုင်တော့မည်

‘‘ပထမနှစ်တွေဆိုတော့ ကျောင်းနဲ့ အဆက်အသွယ် ဘယ် လိုလုပ်ရမလဲဆိုတာ သိပ်မသိ သေးတော့ ကျောင်းဘယ်အချိန် အပ်ရမယ်ဆိုတာ မသိတာမျိုးရှိ တယ်။ ကျွန်တော်တို့တုန်းက လည်း ဘယ်နေ့အပ်ရမလဲ မသိ တော့ နောက်ဆုံးတစ်ပတ်မှ ကျောင်းအပ်ရတာ။ အခုလို ကျောင်းအပ်လက်ခံရက် တိုး ပေးတာလည်း အဆင်ပြေတယ်။ ဒါကို ကျောင်းသားတွေ သိအောင် လည်း သတင်းအချက်အလက် ထိထိရောက်ရောက် ပေးတာမျိုး ဖြစ်စေချင်တယ်’’ဟု မိတ္ထီလာ အဝေးသင်တက္ကသိုလ် ဌာနခွဲမှ  ဒုတိယနှစ် ကျောင်းသားတစ်ဦးက ပြောသည်။

၂၀၁၇ တက္ကသိုလ်ဝင်စာမေး ပွဲ အောင်မြင်သူများအတွက် တက္ကသိုလ်ဝင်ခွင့် လျှောက်လွှာ များကို တစ်နိုင်ငံလုံးရှိ တက္ကသိုလ် ၁၇ ခုတွင် သြဂုတ် ၉ ရက်မှ၂၅ရက်အထိ တင်သွင်းခွင့်ပြုပြီး အဝေး သင်တက္ကသိုလ် လျှောက်ထားမည့် သူများကို ကောင်တာတစ်ခုဖွင့် ကာ လျှောက်လွှာလက်ခံခဲ့သည်။

အဝေးသင်တက္ကသိုလ်ဝင်ခွင့်ရစာ ရင်းကို အဝေးသင်တက္ကသိုလ်များ က ဒီဇင်ဘာတွင်ကြေညာပြီး ကျောင်းအပ်လက်ခံမှု စတင် ဆောင်ရွက်ခဲ့သည်။

အဝေးသင် ကျောင်းသား၊ ကျောင်းသူများသည် မှတ်ပုံတင် ကြေးကျပ် ၅၀၊ ကျောင်းဝင်ကြေး ကျပ် ၅၀၊ သင်တန်းကြေး (တစ် နှစ်အတွက်) ကျပ် ၁,၅၀၀၊ စာအုပ်ဖိုး (တစ်နှစ်အတွက်)နှင့် သင်ခန်း စာပို့ချချက် (DVD)များ ကျပ် ၁၅,၀၀၀၊ သိပ္ပံဘာသာရပ်များအ တွက် ဓာတ်ခွဲခန်း ကြေး ကျပ်၃၀၀၊စာမေးပွဲဝင်ကြေးကျပ် ၁၀၀၊ အပတ်စဉ် လက်တွေ့သင်တန်းမှတ် ပုံတင်ကြေး ကျပ် ၂၅၀ ပေးသွင်း ကာ ကျောင်းအပ်နှံရမည်ဖြစ် သည်။

အဝေးသင်တက္ကသိုလ်များ ၏ အတန်းတင်စာမေးပွဲများကို ပညာသင်နှစ် တစ်နှစ်လျှင် တစ် ကြိမ်ကျင်းပသည်။ စာစဉ်များတင် သွင်းထားပြီး သတ်မှတ်ရက်အ တွင်း စာမေးပွဲဝင်ခွင့်လျှောက်လွှာ တင်သွင်းပြီးမှသာ စာမေးပွဲ ဝင် ရောက်ဖြေဆိုခွင့်ပြုမည်ဟု အဝေး သင်တက္ကသိုလ်များက ကြေညာ ထားသည်။

ထို့အပြင် သိပ္ပံဘာသာရပ် အထူးပြုကျောင်းသားများသည် သိပ္ပံလက်တွေ့သင်တန်း ၇၅ ရာ ခိုင်နှုန်း တက်ရောက်ပြီးမှသာ စာ မေးပွဲ ဖြေဆိုခွင့်ရမည် ဖြစ်သည်။

မိမိတို့ တက်ရောက်လိုသည့် သင်တန်းကျောင်းများနှင့် ပုဂ္ဂလိက တက္ကသိုလ်များကို ရှာဖွေလိုပါက ဒီ Link မှာရှာဖွေနိုင်ပါသည်။

ပညာရေးလမ်းညွှန် website တွင် ပါဝင်သော သင်တန်းများ ကျောင်းများScholarshipKnowledge များနှင့် ပတ်သက်သော အချက်အလက်များကို ၀င်ရောက်ရှာဖွေ ဖတ်ရှုနိုင်ပါတယ်။

Source: 7day daily

News Read 2414 times