ရန်ကုန် ကွန်ပျူတာတက္ကသိုလ် ပထမနှစ်သင်တန်းအတွက် တက္ကသိုလ်ဝင်တန်း ရမှတ် ၄၄၀ ဖြင့် ကျောင်းသား၊ ကျောင်းသူ ၄၅၀ ခေါ်ယူ

ရန်ကုန် ကွန်ပျူတာတက္ကသိုလ် ပထမနှစ်သင်တန်းအတွက် တက္ကသိုလ်ဝင်တန်း ရမှတ် ၄၄၀ ဖြင့် ကျောင်းသား၊ ကျောင်းသူ ၄၅၀ ခေါ်ယူ

“အခုနှစ်ကတော့ တက္ကသိုလ်ဝင်တန်း ရမှတ်နဲ့ ရွေးချယ်တာဖြစ်ပါတယ်။ မြန်မာနိုင်ငံအနှံ့အပြားက လျှောက်ထားကြတာ တွေ့ရပါတယ်” ဟု ပြောကြားသည်။

ရန်ကုန်ကွန်ပျူတာတက္ကသိုလ်နှင့် မြန်မာနိုင်ငံအတွင်းရှိ ကွန်ပျူတာတက္ကသိုလ်များကို မွေးထုတ်လာသည့် မိခင်ကွန်ပျူတာ ဌာန (UCC) ကို ၁၉၇၀ ခုနှစ် ပြည့်ဝန်ကျင်းက စတင် ဖွင့်လှစ်ခဲ့သည်။

မြန်မာနိုင်ငံ၏ ပထမဆုံးသော သတင်းအချက်အလက်နှင့် နည်းပညာများကို ဆည်းပူးလေ့လာနိုင်မည့် ကွန်ပျူတာက္ကသိုလ်ကို ရန်ကုန်တက္ကသိုလ်များ လှိုင်နယ်မြေတွင် ဖွင့်လှစ်နိုင်ခဲ့သည်။

ထိုမှတစ်ဆင့် ၁၉၉၈ ခုနှစ်တွင် ရန်ကုန်ကွန်ပျူတာတက္ကသိုလ် (University of Computer Studies, Yangon – UCSY) အဖြစ် အမည်ပြောင်းလဲ့ခဲ့ပြီး ၂၀၀၀ ပြည့်နှစ်တွင် ရွှေပြည်သာမြို့နယ်၊ ၂၀၀၄ ခုနှစ်တွင် ယခုရန်ကုန်ကွန်ပျူတာ တက္ကသိုလ် တည်ရှိရာ လှော်ကား စသည်ဖြင့် ပြောင်းရွှေ့ဖွင့်လှစ်ခဲ့သည်။

READ - ပညာရေးဝန်ကြီးဌာနက ဖွင့်လှစ်မည့် အခမဲ့ဂဟေဆက်သင်တန်းအတွက် သင်တန်းသားများ ခေါ်ယူ

ယခုအချိန်အထိ အပတ်စဉ် ၂၃ အထိ သင်ကြားအောင်မြင်ပြီးဆုံးခဲ့သည်။

“ယခုခေတ်က လူတွေ၊ ပစ္စည်းတွေအားလုံးက ချိတ်ဆက်နေတဲ့ ခေတ်ဖြစ်တဲ့အတွက် အိုင်တီပညာကတော့ မရှိမဖြစ် လိုအပ်ပြီး အသုံးကျတဲ့ ဘာသာရပ်မျိုးဖြစ်တယ်။ ဒီပညာရပ်ကို သင်ယူနေတဲ့ ကျောင်းသား၊ ကျောင်းသူတွေအနေနဲ့ အခွင့်အလမ်းတွေ အများကြီးရှိပါတယ်။ ဒီလိုင်းကို ယူပြီးပြီဆိုရင် ဘ၀မှာ အောင်မြင်ဖို့လည်း သေချာနေပါပြီ။ အဓိကတော့ ကြိုးစားဖို့ပဲ လိုပါတယ်။ အားလုံး ပြောချင်တာကတော့ ကြိုးစားပါ။ အခွင့်အလမ်းတွေ အများကြီး ရှိနေပါတယ်” ဟု ပြောကြားထားသည်။

ကွန်ပျူတာဘာသာရပ်ဘွဲ့များ ဖြစ်သည့် B.C.Sc၊ B.C.Tech ဘွဲ့များအတွက် ငါးနှစ်သင်တန်းဖြစ်ပြီး ရန်ကုန် ကွန်ပျူတာတက္ကသိုလ် တွင် Master ဘွဲ့များနှင့် ပါရဂူဘွဲ့များအထိ သင်ကြားပို့ချပေးလျက် ရှိသည်။

ကွန်ပျူတာ ကျွမ်းကျင်ပညာရှင် ထောင်ပေါင်းများစွာကို ရန်ကုန် ကွန်ပျူတာတက္ကသိုလ်မှ မွေးထုတ်ပေးနိုင်ခဲ့ပြီး ရန်ကုန် ကွန်ပျူတာတက္ကသိုလ် ကျောင်းသားဟောင်းများ၏ ပထမအကြိမ် အာစရိယ ပူဇော်ပွဲကို ၂၀၀၅ ခုနှစ်က စတင်ခဲ့သည်။

ပဉ္စမအကြိမ်အာစရိယပူဇော်ပွဲကို ဇန်န၀ါရီလ ၁၃ ရက်တွင် ရန်ကုန်မြို့ လှိုင်မြို့နယ် MICT Park ၌ ကျင်းပခဲ့ပြီး စတင်တည်ထောင်ခဲ့ချိန်မှ ယနေ့အထိ ဖွင့်လှစ်သင်ကြားခဲ့သည် အပတ်စဉ် ၂၃ ခုမှ ပညာသင်ကြားပေးခဲ့ကြသည့် ဆရာကြီး၊ ဆရာမကြီးများ စုစုပေါင်း ၄၀၀ ကျော်ကို ကျောင်းသား၊ ကျောင်းသူ များက ပူဇော်ကန်တော့ခဲ့ကြကြောင်း သိရသည်။

မိမိတို့ တက်ရောက်လိုသည့် သင်တန်းကျောင်းများနှင့် ပုဂ္ဂလိက တက္ကသိုလ်များကို ရှာဖွေလိုပါက ဒီ Link မှာရှာဖွေနိုင်ပါသည်။

Source: ကြေးမှုံ

Government School Read 4822 times