ရန်ကုန်ကွန်ပျူတာတက္ကသိုလ်၊ ကွန်ပျူတာပါရဂူဘွဲ့ Ph.D(IT) သင်တန်း အပတ်စဉ် (၁၃) နဲ့ မန္တလေးကွန်ပျူတာတက္ကသိုလ်၊ ကွန်ပျူတာပါရဂူဘွဲ့ Ph.D(IT) သင်တန်း အပတ်စဉ် (၈) သင်တန်းတွေကို ဒီဇင်ဘာလမှာ ဖွင့်လှစ်သွားမယ်လို့ သိရပါတယ်။
ပါရဂူဘွဲ့သင်တန်းတွေဟာ အချိန်ပြည့်သင်တန်းဖြစ်ပြီး ပါရဂူဘွဲ့အကြိုသင်တန်း တစ်နှစ်နဲ့ သုတေသနကျမ်းပြု နှစ်နှစ်၊ စုစုပေါင်းသုံးနှစ် တက်ရောက်ရမှာဖြစ်ပါတယ်။
ပါရဂူဘွဲ့အကြိုသင်တန်း ဖြေဆိုအောင်မြင်ပြီးသူတွေ ကိုသာ ပါရဂူသုတေသန ဆက်လက် လုပ်ဆောင်ခွင့် ပြုမှာဖြစ်တယ်လို့ သိရပါတယ်။
လျှောက်ထားသူတွေအနေနဲ့ ကွန်ပျူတာဘာသာရပ် (သို့) အလားတူ သတင်းအချက်အလက်နှင့် နည်းပညာဆိုင်ရာဘာသာရပ် အထူးပြုနဲ့ မဟာဘွဲ့တစ်ခုခု ရရှိထားသူတွေ ဖြစ်ရမှာဖြစ်ပြီး Referee နှစ်ဦးထံမှ Letter of Recommendation ကို တင်ပြရမှာ ဖြစ်ပါတယ်။
ရေးဖြေစာမေးပွဲအတွက် အင်္ဂလိပ်စာကို နိုဝင်ဘာလ ၁၇ ရက်မှာ နံနက် ၉ နာရီမှ နေ့လယ် ၁၂ နာရီအထိ လည်းကောင်း၊ သက်ဆိုင်ရာ ဘာသာရပ်ကို မွန်းလွဲ ၁ နာရီမှ ညနေ ၄ နာရီအထိ လည်းကောင်း၊ ရန်ကုန်ကွန်ပျူတာတက္ကသိုလ်နဲ့ မန္တလေး ကွန်ပျူတာ တက္ကသိုလ်တွေ မှာ ဖြေဆိုရမှာဖြစ်ပါတယ်။
လျှောက်လွှာတွေကို နိုဝင်ဘာလ ၁၅ ရက်မှာ နောက်ဆုံးထားလျှောက်ထားရမှာ ဖြစ်ပါတယ်။
အသေးစိတ် အချက်အလက်တွေကို ရန်ကုန်ကွန်ပျူတာတက္ကသိုလ် ဖုန်း-၀၁-၆၁၀၈၈၉၊ ၀၁-၆၁၀၆၅၅ နဲ့ မန္တလေးကွန်ပျူတာ တက္ကသိုလ် ဖုန်း-၀၉-၇၈၆၅၀၅၀၁၂၊ ၀၉-၈၉၆၅၀၂၂၁၅ တို့ကို ဆက်သွယ်စုံစမ်းနိုင်ပါတယ်။
ပညာရေးလမ်းညွှန်website တွင်မြန်မာတစ်နိုင်ငံလုံးတွင် ပြောင်းလဲနေသော ပညာရေးသတင်းများ၊ အခမဲ့ ပညာရေးသင်ကြားပေးနေသည့် သင်တန်းကျောင်းများ၊ ပြည်တွင်း၊ ပြည်ပပညာသင်ဆုများ၊ ပညာရေးအတွက် သင်တန်းများ၊ အလုပ်ခွင်ဝင်ရန် လိုအပ်သော သင်တန်းများ စသည်တို့ပါဝင်ပါတယ်နော်...။
source: internet