အတုအယောင်တက္ကသိုလ်ဆိုသည်မှာ တရားဝင်တက္ကသိုလ်၊ ကောလိပ်တစ်ခုခု၏ အမည်ကိုယူသုံးကာ တရားမ၀င်သော ဒီပလိုမာဘွဲ့လက်မှတ်များ ထုတ်ပေးနေသည့် အဖွဲ့အစည်းများကို ဆိုလိုသည်။
ဘယ်လ်ဂျီယံ အဆင့်မြင့်ပညာရေး ကော်မရှင်တစ်ခုသည် အဆိုပါအတုအယောင် တက္ကသိုလ်များကို နှိမ်နင်းရန် တောင်းဆိုခဲ့ကြသည်။
ထို့ကြောင့် တက္ကသိုလ်အတုအယောင်များကိုအရေးယူမည့် အမိန့်ဒီဂရီကို ပါတီကြီးများ၏ ဒုခေါင်းဆောင်များက ရေးဆွဲခဲ့ပြီး အစိုးရက အတည်ပြုပေးခဲ့သည်။
တရားဝင်မဟုတ်သော ပညာရေးအဖွဲ့အစည်းများအနေဖြင့် မိမိတို့ ထုတ်ပေးသော ဒီပလိုမာဘွဲ့လက်မှတ်သည် ဥပဒေကြောင်းအရ တရားမ၀င်ဟု ရှင်းရှင်းလင်းလင်း ၀န်ခံဖော်ပြရမည် ဖြစ်သည်။
“တက္ကသိုလ်”၊ ”အထက်တန်းကျောင်း” စသည့် ကန့်သတ်စကားလုံးများကို တရားမ၀င် သုံးစွဲခွင့်မရှိကြောင်း၊ ချိုးဖောက်ပါက ယူရို ၅၀၀ မှ ၅၀၀၀ အထိ ဒဏ်ရိုက်ခံရမည်ဖြစ်ကြောင်း အမိန့်ဒီဂရီတွင် ဖော်ပြထားသည်။
အချို့သော သင်တန်းကျောင်းများသည် တရားဝင်မဟုတ်သော်လည်း သင်တန်းသားများကို သေသေချာချာလေ့ကျင့်သင်ကြားပေးကြသည်။
အချို့မှာမူ သေသေချာချာသင်ကြားမပေးဘဲ တရားဝင်မဟုတ်သော ဘွဲ့လက်မှတ်ကို လိမ်လည်ရောင်းချ နေသည်။
၂၀၁၆ ခုနှစ်တွင် ပြုစုခဲ့သော စာရင်းတစ်ခုအရ ဘယ်လ်ဂျီယံနိုင်ငံတွင် အတုအယောင်တက္ကသိုလ် ၄၁ ခုရှိခဲ့ ပြီး ၁၀ ခုမှာ ၀ယ်လိုနီယာမြို့နှင့် ၂၃ ခုမှာ ဘရပ်ဆဲလ်မြို့တို့တွင် ဖြစ်ကြသည်။
မိမိတို့ တက်ရောက်လိုသည့် သင်တန်းကျောင်းများနှင့် ပုဂ္ဂလိက တက္ကသိုလ်များကို ရှာဖွေလိုပါက ဒီ Link မှာရှာဖွေနိုင်ပါသည်။
ပညာရေးလမ်းညွှန် website တွင် ပါဝင်သော သင်တန်းများ၊ ကျောင်းများ၊ Scholarship၊ Knowledge များနှင့် ပတ်သက်သော အချက်အလက်များကို ၀င်ရောက်ရှာဖွေ ဖတ်ရှုနိုင်ပါတယ်။
Ref: Xinhua