ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်းက နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေးဦးစီးဌာနအနေဖြင့်
ပဲခူးတိုင်းဒေသကြီး ပဲခူးမြို့တွင် အစိုးရစက်မှုလက်မှု သိပ္ပံ(AGTI) သင်တန်းကျောင်းနှင့် ဒေသလိုအပ်ချက်နှင့်ကိုက်ညီသော သက်မွေးပညာသင်တန်းများ၊ နည်းပညာရပ်နှင့် သက်ဆိုင်သော ကာလတို သင်တန်းများ ဖွင့်လှစ်ပေးနိုင်ရန်အတွက် မြေနေရာရရှိရန် အဆင့်မြင့်ပညာဦးစီးဌာန နှင့် ညှိနှိုင်းဆောင်ရွက်လျက်ရှိပါကြောင်း။
အဆင့်မြင့်ပညာဦးစီးဌာန၊ ပဲခူးတက္ကသိုလ်၏ မြေဧရိယာအတွင်း၌ အစိုးရစက်မှုလက်မှုသိပ္ပံ(ပဲခူး)အဖြစ် ဖွင့်လှစ်နိုင်ရန်အတွက် မြေနေရာရရှိပါက လိုအပ်သော အဆောက်အအုံများ၊ စာသင်ခုံ၊ ပရိဘောဂများနှင့် သင်ထောက်ကူပစ္စည်းများ ဖြည့် ဆည်းပေးနိုင်ရေးအတွက် ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ် ရန်ပုံငွေလျာထားချက်တွင် ထည့်သွင်းဆောင်ရွက်သွားမည်ဖြစ်ပါကြောင်းနှင့် ခွင့်ပြုဘဏ္ဍာငွေရရှိပါက စတင် အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း။
ပဲခူးတိုင်းဒေသကြီးအတွင်း တောင်ငူမြို့နှင့် ပြည်မြို့တို့တွင် ပညာရေးကောလိပ် များကို အသီးသီးဖွင့်လှစ်ထားရှိပြီးဖြစ်ပါကြောင်း၊
အဆိုပါ ပညာရေးကောလိပ်များတွင်
လုပ်ငန်းခွင်အကြို ဆရာအတတ်ပညာဒီပလိုမာသင်တန်း (D.T.Ed) နှင့် လုပ်ငန်း ခွင်အကြို မူလတန်းဆရာအတတ်ပညာသင်တန်း (PPTT) သင်တန်းတို့ကို ဖွင့်လှစ်၍ နှစ်စဉ် D.T.Ed လက်မှတ်ရ ဆရာ ဆရာမ ဦးရေ ၃၀၀ ခန့်နှင့် PPTT လက်မှတ်ရ ဆရာ ဆရာမ ဦးရေ ၆၀၀ ခန့် မွေးထုတ်ပေးလျက်ရှိပါကြောင်း၊
ပဲခူးတိုင်းဒေသကြီး အတွင်းရှိ မူလတန်းအဆင့်သင် ဆရာ ဆရာမများနှင့် ကျောင်းသား အချိုးမှာ ၁ အချိုး ၂၄ ဖြစ်ပါကြောင်း၊
ပဲခူးခရိုင်အတွင်းတွင် မူလတန်းအဆင့်သင် ဆရာ ဆရာမ များနှင့် ကျောင်းသားအချိုးမှာ ၁ အချိုး ၁၉ ဖြစ်ပါကြောင်း၊
ပဲခူးတိုင်းဒေသကြီးနှင့် ပဲခူးခရိုင်တို့၏ မူလတန်းအဆင့် ဆရာ၊ ကျောင်းသားအချိုးအရ မူလတန်းပြဆရာခန့် ထားမှုသည် လုံလောက်မှုရှိသောကြောင့် ပဲခူးမြို့တွင် ပညာရေးကောလိပ်တစ်ခု ထပ်မံ တိုးချဲ့ဖွင့်လှစ်ပေးနိုင်ခြင်း မရှိသေးပါကြောင်း ရှင်းလင်းဖြေကြားသည်။
မိမိတို့ တက်ရောက်လိုသည့် သင်တန်းကျောင်းများနှင့် ပုဂ္ဂလိကကျောင်းများကို ရှာဖွေလိုပါက ဒီ Link မှာရှာဖွေနိုင်ပါသည်။
ပညာရေးလမ်းညွှန် website တွင် ပါဝင်သော သင်တန်းများ၊ ကျောင်းများ၊ Scholarship၊ Knowledge များနှင့် ပတ်သက်သော အချက်အလက်များကို ၀င်ရောက်ရှာဖွေ ဖတ်ရှုနိုင်ပါတယ်။
source:myanma alinn