၁။ ၂၀၁၈-၁၉ ပညာသင်နှစ်အတွက် အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ် (ရန်ကုန်၊ မန္တလေး) ပထမနှစ် သင်တန်းများသို့ တက်ရောက်ရန် အောက်ပါအရည်အချင်းနှင့် ပြည့်စုံသူများ လျှောက်ထားနိုင်သည် -
(က) တက္ကသိုလ်ဝင်စာမေးပွဲအား မည်သည့်ဘာသာတွဲဖြင့်မဆို အောင်မြင်ရမည်။
(ခ) ကျန်းမာရေးကောင်းမွန်ပြီး သက်ဆိုင်ရာ အထူးပြုဘာသာရပ်နှင့် ကိုက်ညီသော ကိုယ်အင်္ဂါကျန်းမာသန်စွမ်းသူဖြစ်ရမည်။
(ဂ) အနုပညာဝါသနာပါသူဖြစ်ရမည်။
၂။ အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်များတွင် သင်ကြားမည့် အထူးပြုဘာသာရပ်အလိုက် အောက်ပါအတိုင်း ဘွဲ့အပ်နှင်းမည်ဖြစ်ပြီး မိမိတို့ သင်ယူလိုသည့် အထူးပြုဘာသာရပ်ကို မိမိတို့ဝါသနာပါသည့်အတိုင်း
ဦးစားပေးလျှောက်ထားနိုင်သည် -
အထူးပြု ဘာသာ သင်တန်းကာလ ဘွဲ့အမည်
(က) ဂီတပညာအထူးပြု (၄) နှစ် ၀ိဇ္ဇာဘွဲ့ (ဂီတ)
(ခ) သဘင်ပညာအထူးပြု (၄) နှစ် ၀ိဇ္ဇာဘွဲ့ (သဘင်)
(ဂ) ပန်းချီပညာအထူးပြု (၄) နှစ် ၀ိဇ္ဇာဘွဲ့ (ပန်းချီ)
(ဃ) ပန်းပုပညာအထူးပြု (၄) နှစ် ၀ိဇ္ဇာဘွဲ့(ပန်းပု)
(င) ရုပ်ရှင်နှင့် ပြဇာတ်ပညာအထူးပြု (၄) နှစ် ၀ိဇ္ဇာဘွဲ့(ရုပ်ရှင်နှင့်ပြဇာတ်)
၃။ ရန်ကုန်တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္လာရီတိုင်းဒေသကြီး၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ် နှင့် ရခိုင်ပြည်နယ်စာစစ်ဌာနများမှ တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်ခဲ့သူများသည် အမျိုးသားယဉ်ကျေးမှုနှင့်
အနုပညာတက္ကသိုလ် (ရန်ကုန်) သို့လည်းကောင်း၊ နေပြည်တော်၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်၊ ကချင်ပြည်နယ်၊ ကယားပြည်နယ်နှင့် ချင်းပြည်နယ်စာစစ်ဌာနများမှ
အောင်မြင်ခဲ့သူများသည် အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ် (မန္တလေး) သို့လည်းကောင်း လျှောက်ထားတက်ရောက်ကြရမည် ဖြစ်သည်။
၎။ လျှောက်လွှာပုံစံများကို အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ် (ရန်ကုန်)၊ ၁/ဈ၊ အောင်ဇေယျလမ်း (၂၆) ရပ်ကွက်၊ ဒဂုံမြို့သစ် (တောင်ပိုင်း)၊ ရန်ကုန်တိုင်းဒေသကြီးတွင်လည်းကောင်း၊ အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ် (မန္တလေး)၊ ရွှေစာရံဘုရားလမ်း၊ အုန်းချောကျေးရွာ၊ ပုသိမ်ကြီးမြို့နယ်၊ မန္တလေးတိုင်းဒေသကြီးတွင်လည်းကောင်း ၀ယ်ယူ၍ လျှောက်ထားနိုင်ပါသည်။
၅။ လျှောက်လွှာပုံစံနှင့်အတူ တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်ကြောင်း ထောက်ခံချက်၊ အမှတ်စာရင်းမူရင်း၊ ပတ်စပို့အရွယ်ဓာတ်ပုံ (၇) ပုံတို့နှင့်ပူးတွဲလျက် ၂၀၁၈ ခုနှစ်၊ အောက်တိုဘာလ ၁၉ ရက်နေ့ နောက်ဆုံးထား၍ တိုက်ရိုက်ပေးပို့ လျှောက်ထားရမည်ဖြစ်သည်။
အလားတူ လျှောက်လွှာပုံစံများကို သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန www.facebook.com, NUAC Yangon သို့ တိုက်ရိုက်လျှောက်ထားနိုင်ပါသည်။
၂၀၁၈ ခုနှစ်၊ အောက်တိုဘာလ ၂၆ ရက်နေ့တွင် လူတွေ့စစ်ဆေးမည်ဖြစ်ပါသည်။
၆။ အသေးစိတ်အချက်အလက်များကို သိလိုပါက အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ် (ရန်ကုန်)၊ ဖုန်း (၀၁-၅၉၀၂၅၂၊ ၀၁-၅၉၀၂၅၄) သို့လည်းကောင်း၊ အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ် (မန္တလေး) ဖုန်း(၀၈၅-၄၀၁၈၄) သို့လည်းကောင်း ဆက်သွယ်စုံစမ်းနိုင်ပါသည်။
မိမိတို့ တက်ရောက်လိုသည့် သင်တန်းကျောင်းများနှင့် ပုဂ္ဂလိက တက္ကသိုလ်များကို ရှာဖွေလိုပါက ဒီ Link မှာရှာဖွေနိုင်ပါသည်။
ပညာရေးလမ်းညွှန် website တွင် ပါဝင်သော သင်တန်းများ၊ ကျောင်းများ၊ Scholarship၊ Knowledge များနှင့် ပတ်သက်သော အချက်အလက်များကို ၀င်ရောက်ရှာဖွေ ဖတ်ရှုနိုင်ပါတယ်။
source: အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ် (ရန်ကုန်)