၁။ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ မွေးမြူရေးဆိုင်ရာဆေးတက္ကသိုလ်၊ (ရေဆင်း၊ နေပြည်တော်) တွင်ခန့်ထားရန် အောင်ဖော်ပြပါ ရာထူးနေရာများအတွက် လျှောက်ထားနိုင်ပါသည်။
၂။ အထက်ဖော်ပြပါ ရာထူးနေရာများအတွက် လျှောက်ထားသူသည်
** ပြည်ထောင်စုမြန်မာနိုင်ငံသားဖြစ်ရပါမည်။
** လျှောက်လွှာပိတ်သည့်ရက်တွင် အသက်(၃၅) နှစ်ဝက် မကျော်လွန်သူဖြစ်ရပါမည်။
** ကျန်းမာရေးကောင်းမွန်ပြီး သင်ကြားရေးကို ဝါသနာပါသူဖြစ်ရပါမည်။
** အနည်းဆုံးလုပ်သက် တစ်ဆက်တည်း (၃) နှစ် တာဝန်ထမ်းဆောင်နိုင်သူဖြစ်ရပါမည်။
၃။ လျှောက်လွှာတွင် အောက်ဖော်ပြပါ အချက်များကို ပြည့်စုံစွာဖော်ပြရပါမည်။
** လျှောက်ထားသူ၏ အမည်နှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားအမှတ်
** မွေးသက္ကရာဇ်နှင့်အသက်
** လူမျိုးနှင့်ကိုးကွယ်သည့်ဘာသာ
** ပညာအရည်အချင်း
** မိဘအမည်၊ နိုင်ငံသားစိစစ်ရေးကတ်ပြားအမှတ်၊ ၄င်းတို့၏ အလုပ်အကိုင်
** လျှောက်ထားလိုသည့်ရာထူး
** ဆက်သွယ်ရန်လိပ်စာ၊ ဖုန်းနံပါတ်
** အမြဲတမ်းနေရပ်လိပ်စာ
၎။ လျှောက်လွှာနှင့်အတူ အောက်ပါစာရွက်စာတမ်းများ ပူးတွဲပါရှိရပါမည်။
** တက္ကသိုလ်ဝင်တန်းအောင်လက်မှတ်မိတ္တူ၊ ဘွဲ့လက်မှတ်မိတ္တူနှင့် နှစ်အလိုက် အမှတ်စာရင်းမိတ္တူများကို ပူးတွဲတင်ပြရပါမည်။ (မူရင်းများအားလူတွေ့ဖြေဆိုသည့် အခါပြသနိုင်ရပါမည်။)
** အကျင့်စာရိတ္တကောင်းမွန်ကြောင်းနှင့် ပြစ်မှုကင်းရှင်းကြောင်း သက်ဆိုင်ရာရပ်ကွက်နှင့် ရဲစခန်းထောက်ခံစာမူရင်း။
** (၂) လ အတွင်းရိုက်ကူးထားသော လိုင်စင်ဓာတ်ပုံ (၃) ပုံ၊ (ကျောဘက်တွင်အမည်နှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားအမှတ်ရေးသားရန်)
** ပြင်ပမှ လျှောက်ထားသူများအတွက် အလုပ်သမားမှတ်ပုံမိတ္တူ၊ ကျန်းမာရေးကောင်းမွန်ကြောင်းမြို့နယ် ဆရာဝန်၏ ဆေးလက်မှတ်မူရင်း။
** အခြားဌာနများမှ ဝန်ထမ်းဖြစ်လျှင် လျှောက်လွှာတွင်လက်ရှိရာထူး၊ လစာနှုန်းများဖော်ပြ၍ မိမိလုပ်ငန်းဌာနမှ ဌာနအကြီးအကဲ၏ ခွင့်ပြုချက်ဖြင့် လျှောက်ထားရပါမည်။
၅။ လျှောက်လွှာများကို ပါမောက္ခချုပ်၊ မွေးမြူရေးဆိုင်ရာဆေးတက္ကသိုလ်၊ ရေဆင်း၊ နေပြည်တော်ထံလိပ်မူပြီး (၂၀-၈-၂၀၁၉) ရက်နေ့အရောက်ပေးပို့ လျှောက်ထားရပါမည်။
Read More>>>> မြန်မာနိုင်ငံ ကုန်သွယ်ရေကြောင်းကောလိပ်တွင် အရာရှိလောင်းဒီပလိုမာသင်တန်းများဖွင့်မည်
၆။ လျှောက်လွှာတင်သွင်းလျှောက်ထားသူများ၏ ဖြေဆိုခွင့်ရရှိသူများစာရင်းကို (၂၂-၈-၂၀၁၉) ရက်နေ့တွင် ထုတ်ပြန်ကြေညာပေးပါမည်။ အရည်အချင်းစစ်ဆေးရန်အတွက် ရေးဖြေစာမေးပွဲအား မွေးမြူရေးဆိုင်ရာဆေးတက္ကသိုလ်တွင် အင်္ဂလိပ်စာနှင့် အထွေထွေဗဟုသုတတို့အား အောက်ပါနေ့ရက်များ အတိုင်းဖြေဆိုရမည်ဖြစ်ပြီး ဖြေဆိုခွင့်ကတ်များကို (၂၃-၈-၂၀၁၉) ရက်နေ့ဝန်ထမ်းရေးရာဌာနတွင် ရုံးချိန်အတွင်းလာရောက်ထုတ်ယူရပါမည်။
၇။ ရေးဖြေစာမေးပွဲအောင်မြင်သူများစာရင်းကို (၂၈-၈၂၀၁၉)ရက်နေ့တွင် ထုတ်ပြန်ကြေညာပေးမည်ဖြစ်ပြီး လူတွေ့စစ်ဆေးခြင်းကို (၃၀-၈-၂၀၁၉) ရက်နေ့ နံနက် (၉) နာရီတွင် စတင်ပြုလုပ်ပါမည်။
၈။ အချိန်မီရောက်ရှိခြင်းမရှိသော၊ အချက်အလက်အပြည့်အစုံ မှန်ကန်မှုမရှိသော လျှောက်လွှာများအား လက်ခံစဉ်းစားမည်မဟုတ်ပါ။ အသေးစိတ်သိရှိလိုသော အချက်အလက်များကို မွေးမြူရေးဆိုင်ရာဆေးတက္ကသိုလ်-ရေဆင်း၊ ဝန်ထမ်းရေးရာဌာန၊ ဖုန်းနံပါတ် ၀၆၇-၃၄၁၆၆၅၇၊ သို့ရုံးချိန်အတွင်း ဆက်သွယ်စုံစမ်းနိုင်ပါသည်။
(မွေးမြူရေးဆိုင်ရာဆေးတက္ကသိုလ်)
Source: ကြေးမုံ