ရန်ကုန်နှင့် မန္တလေးရှိ တက္ကသိုလ် ၁၂ ခုကို သုတေသနအခြေပြု တက္ကသိုလ်များဖြစ်စေရန် အကောင်အထည်ဖော်နေ

ရန်ကုန်နှင့် မန္တလေးရှိ တက္ကသိုလ် ၁၂ ခုကို သုတေသနအခြေပြု တက္ကသိုလ်များဖြစ်စေရန် အကောင်အထည်ဖော်နေ

သုတေသနအခြေပြုတက္ကသိုလ်များ ဖြစ်ပေါ်လာစေရန်အတွက် ရန်ကုန်နှင့် မန္တလေးမြို့များရှိ တက္ကသိုလ်များရှိ တက္ကသိုလ် ၁၂ ခုကို သုတေသန နှင့် သင်ကြားရေးကို အလေးပေးသည့် တက္ကသိုလ်များအဖြစ် စတင် အကောင် အထည် ဖော်ဆောင်ရွက်နေပြီ ဖြစ်သည်။

တက္ကသိုလ်များ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ကိစ္စများအတွက် ကျောင်းသားသမဂ္ဂ၊ ဆရာသမဂ္ဂများနှင့် ပူးပေါင်းဆောင်ရွက်ရေး၊ ပိဋိညာဉ်စာတမ်းများ ရေးဆွဲရေး၊ အရည်အသွေးရှိသော အဝေးသင်ပညာရေး စနစ် ဖြစ်စေရေး တို့ကို လည်း ဆောင်ရွက်နေသည်။

"နည်းပညာနှင့် သက်မွေးပညာကဏ္ဍမှာ ဆိုရင်လည်း အစိုးရစက်မှုလက်မှု သိပ္ပံများ၊ အစိုးရစက်မှုလက်မှု အထက်တန်းကျောင်း၊ သက်မွေးပညာ သင်ကျောင်းများ တိုးချဲ့ဖွင့်လှစ်သင်ကြားနိုင်ရေး၊ ကျွမ်းကျင်မှု အခြေပြု ကာလ တို သင်တန်းများ တိုးချဲ့ဖွင့်လှစ်နိုင်ရေးကို ဆောင်ရွက်လျက်ရှိပါတယ်။

သုတေသနအခြေပြု တက္ကသိုလ်များနဲ့ ပတ်သက်လို့ ရန်ကုန်နဲ့ မန္တလေးမြို့ကြီးတွေမှာ သုတေသနနဲ့ သင်ကြားရေးကို အလေးပေးတဲ့ တက္ကသိုလ်ဖြစ်ဖို့ စတင် အကောင်အထည်ဖော်နေပါတယ်" ဟု ပညာရေးဝန်ကြီးဌာန ဒုတိယ ၀န်ကြီး ဦးဝင်းမော်ထွန်းက ပြောသည်။

ယခုလ ၂၁ ရက်တွင် ပြုလုပ်သော ပြည်ထောင်စုလွှတ်တော်၌ အမျိုးသားပညာရေး မူဝါဒကော်မရှင်၏ ခြောက်လတာ ကာလဆောင်ရွက်ခဲ့မှု အစီအရင်ခံစာအပေါ် လွှတ်တော်ကိုယ်စားလှယ်များ၏ ဆွေးနွေးမှုများအား သက်ဆိုင် ရာ ပြည်ထောင်စုအဖွဲ့အစည်း ၀င်နှင့် အမျိုးသားပညာရေးမူဝါဒကော်မရှင်တို့က ပြန်လည်ရှင်းလင်းတင်ပြရာတွင် ယင်းသို့ ထည့်သွင်းတင်ပြခဲ့ခြင်း ဖြစ်သည်။

ပညာရေးဝန်ကြီးဌာနအနေဖြင့် ရန်ကုန်တက္ကသိုလ်၊ ရန်ကုန်နည်းပညာတက္ကသိုလ်၊ ရန်ကုန်ကွန်ပျူတာတက္ကသိုလ်၊ ရန်ကုန်စီးပွားရေးတက္ကသိုလ်၊ ရန်ကုန်နိုင်ငံခြားဘာသာတက္ကသိုလ်၊ ရန်ကုန်ပညာရေးတက္ကသိုလ်၊ မန္တလေး တက္ကသိုလ်၊ မန္တလေး နည်းပညာတက္ကသိုလ်၊ မန္တလေးကွန်ပျူတာတက္ကသိုလ်၊ မြန်မာ့သတင်း အချက်အလက်နှင့် နည်းပညာတက္ကသိုလ်နှင့် မန္တလေးနိုင်ငံခြားဘာသာ တက္ကသိုလ် တို့သည် သုတေသန နှင့်သင်ကြားရေးကို အားပေးသော တက္ကသိုလ်များအဖြစ် ဆောင်ရွက်နေကြောင်း သိရသည်။

source: democracy

News Read 1559 times