ရန်ကုန်နဲ့ မန္တလေးရှိ အဝေးသင် တက္ကသိုလ် အတန်းတင် စာမေးပွဲ များကို အောက်တိုဘာ ၂ ရက်နေ့မှာ စတင် ကျင်းပသွားမှာ ဖြစ်ကြောင်းနှင့် စာမေးပွဲဝင်ရောက် ဖြေဆိုခွင့်ရရှိရန်အတွက် စာစဉ်များ တင်သွင်းထားရမှာ ဖြစ်ပါသည်။
စာမေးပွဲ ဝင်ခွင့် လျှောက်လွှာ များကိုလည်း သတ်မှတ်ရက်အတွင်း အပြီးတင်သွင်းရမှာဖြစ်ကြောင်းကို အဝေးသင် တက္ကသိုလ် များက ကြေညာထားပါတယ်။
အဝေးသင် တက္ကသိုလ် ဌာနခွဲတွေမှာ မှတ်ပုံတင်ထားတဲ့ ပထမအသုတ် (သိပ္ပံအထူးပြု) ကျောင်းသူ၊ ကျောင်းသားများ အတွက် အောက်တိုဘာ ၂ ရက်နေ့ကနေ ၁၂ ရက်နေ့အထိ ကျင်းပပေးသွားမှာဖြစ်တယ်လို့ သိရပါတယ်။
ဒုတိယအသုတ် (အင်္ဂလိပ်၊ ပထဝီဝင်၊ ဒဿနိကဗေဒ၊ စိတ်ပညာ၊ အရှေ့တိုင်းပညာ၊ ဥပဒေပညာ အထူးပြု) ကျောင်းသူ ကျောင်းသားများအတွက် အောက်တိုဘာ ၂၇ ရက်နေ့ကနေ နိုဝင်ဘာ ၇ ရက်နေ့အထိ ကျင်းပပေးသွားမှာဖြစ်ပြီး တတိယအသုတ် (မြန်မာစာ၊ မြန်မာမှု၊ ရသစာပေ၊ သမိုင်း၊ စီးပွားရေးပညာ၊ ပြည်သူ့ရေးရာ၊ အိမ်တွင်းစီးပွား၊ စီးပွားစီမံ အထူးပြု) များအတွက် နိုဝင်ဘာ ၂၂ ရက်မှ ၃၀ ရက်အထိ ကျင်းပပေးသွားမှာဖြစ်တယ်။
အတွေးအခေါ် ကောင်းသူတစ်ယောက် ဖြစ်လာစေမယ့် နည်းလမ်း (၅) မျိုး သင့်ရဲ့ ခွဲခြမ်းစိတ်ဖြာနိုင်စွမ်း စကေးတွေကို မြှင့်တင်ပေးခြင်းဖြင့် သင်ဟာ အများစုကို အလွယ်တကူပဲ နားလည်သဘော ပေါက် လာနိုင်မယ်။ သူများတွေနဲ့လည်း အခြေအတင် ဆွေးနွေးလာနိုင်ပါလိမ့်မယ်။
သိပ္ပံဘာသာတွဲ သင်တန်းများမှာ သိပ္ပံ လက်တွေ့ သင်တန်း ကို ၇၅ ရာခိုင်နှုန်း တက်ရောက်ပြီးမှသာ စာမေးပွဲ ဖြေဆိုခွင့်ရရှိမှာ ဖြစ်ကြောင်းနှင့် စာမေးပွဲမဖြေဆိုမီ အနီးကပ် ပို့ချ သင်တန်း များ တက်ရောက်ရမှာဖြစ်သည်။
ထို့ပြင် ဒုတိယအသုတ် အနီးကပ်ပို့ချ သင်တန်း များကို အောက်တိုဘာ ၁၅ ရက်နေ့မှစ၍ ၂၄ ရက်နေ့အထိ တက်ရောက်ရမှာဖြစ်ပြီး တတိယအသုတ် အနီးကပ်ပို့ချ သင်တန်း များကို နိုဝင်ဘာ ၉ ရက်နေ့မှစ၍ ၁၁ ရက်နေ့အထိ တက်ရောက်ရမှာဖြစ်တယ်လို့လည်း ဖော်ပြထားပါတယ်။
မိမိတို့ တက်ရောက်လိုသည့် သင်တန်းကျောင်းများနှင့် ပုဂ္ဂလိက တက္ကသိုလ်များကို ရှာဖွေလိုပါက ဒီ Link မှာရှာဖွေနိုင်ပါသည်။
Source: 7Day Daily (duwun)