၁။ ဆေးဘက်ဆိုင်ရာ နည်းပညာတက္ကသိုလ်များ
(က) အမျိုးသား၊ အမျိုးသမီးဦးရေ (ရာခိုင်နှုန်း) မခွဲခြားထားပါ။
(ခ) ၂၀၁၉ ခုနှစ်တွင် တက္ကသိုလ်ဝင်စာမေးပွဲကို သိပ္ပံဘာသာတွဲဖြင့် အောင်မြင်သူဖြစ်ရပါမည်။ကျန်းမာရေးကောင်းမွန်သူ၊ အကျင့်စာရိတ္တကောင်းမွန်သူ ဖြစ်ရပါမည်။
(ဂ) တက္ကသိုလ်ဝင်ခွင့် လျှောက်ထားသူသည် နိုင်ငံသားစိစစ်ဆေးရေးကတ်ပြားအမှတ် (နိုင်)/ (ပြု)/(ဧည့်) ကိုင်ဆောင်ထားသူဖြစ်ရပါမည်။
(ဃ) ဆေးဘက်ဆိုင်ရာ နည်းပညာတက္ကသိုလ်သို့ တက်ရောက်ခွင့်ရရှိသူများသည် သင်တန်းကို ပြီးဆုံးအောင်တက်ရောက်ရပါမည်။
(င) ဘွဲ့ရရှိပြီးနောက် နိုင်ငံတော်မှ လိုအပ်သောအချိန်တွင် နိုင်ငံ့ဝန်ထိမ်းအဖြစ် အနည်းဆုံး (၃) နှစ်ကြာတာဝန်ထမ်းဆောင်ပါမည်ဟု ဝန်ခံကတိ လက်မှတ်ထိုးရပါမည်။
(စ) ခံဝန်ချုပ်ကို လိုက်နာဆောင်ရွက်ရန် ပျက်ကွက်ပါက လျေ်ကြေးငွေ (ကျပ်လေးသိန်းတိတိ) ကိုပေးလျော်ရန်နှင့် တည်ဆဲစည်းမျဉ်းစည်းကမ်းများနှင့် အညီ အရေးယူခြင်းကို ခံရမည်ဖြစ်ပါသည်။
(ဆ) အောက်ဖော်ပြပါ ဘာသာရပ်များကို သင်ကြားမည်ဖြစ်ပါသည်။
** ဆေးဘက်ဆိုင်ရာ ဓာတ်ခွဲနည်းပညာ (Medical Laboratory Technology)
** ဆေးဘက်ဆိုင်ရာ ခန္ဓာသန်စွမ်းမှုနည်းပညာ (Physiotherapy)
** ဆေးဘက်ဆိုင်ရာ ဓာတ်မှန်နှင့် ပုံရိပ်ဖော်နည်းပညာ (Medical Imaging Technology)
** ခြေတုလက်တုနှင့် အားပြုကိရိယာနည်းပညာ (Prosthetics and Orthotics)
** ကျန်းမာရေးသတင်း အချက်အလက်နည်းပညာ (Health Information)
** ဓာတ်ရောင်ခြည် ကုသမှုနည်းပညာ (Radiotherapy Technology)
၂။ သူနာပြုတက္ကသိုလ်
(က) အမျိုးသားဦးရေ (၁၀ %) နှင့် အမျိုးသမီးဦးရေ (၉၀ %) လက်ခံပါမည်။
(ခ) ၂၀၁၉ ခုနှစ်တွင် တက္ကသိုလ်ဝင်စာမေးပွဲကို သိပ္ပံဘာသာတွဲဖြင့် အောင်မြင်သူဖြစ်ရပါမည်။ကျန်းမာရေးကောင်းမွန်သူ၊ အကျင့်စာရိတ္တကောင်းမွန်သူ ဖြစ်ရပါမည်။
(ဂ) တက္ကသိုလ်ဝင်ခွင့် လျှောက်ထားသူသည် နိုင်ငံသားစိစစ်ဆေးရေးကတ်ပြားအမှတ် (နိုင်)/ (ပြု)/(ဧည့်) ကိုင်ဆောင်ထားသူဖြစ်ရပါမည်။
(ဃ) သူနာပြုတက္ကသိုလ်သို့ တက်ရောက်ခွင့်ရရှိသူများသည် သင်တန်းကို ပြီးဆုံးအောင်တက်ရောက်ရမည်ဖြစ်ပါသည်။
(င) ဘွဲ့ရရှိပြီးနောက် နိုင်ငံတော်မှ လိုအပ်သောအချိန်တွင် နိုင်ငံ့ဝန်ထိမ်းအဖြစ် အနည်းဆုံး (၃) နှစ်ကြာတာဝန်ထမ်းဆောင်ပါမည်ဟု ဝန်ခံကတိ လက်မှတ်ထိုးရပါမည်။
(စ) ခံဝန်ချုပ်ကို လိုက်နာဆောင်ရွက်ရန် ပျက်ကွက်ပါက လျေ်ကြေးငွေ (ကျပ်လေးသိန်းတိတိ) ကိုပေးလျော်ရန်နှင့် တည်ဆဲစည်းမျဉ်းစည်းကမ်းများနှင့် အညီ အရေးယူခြင်းကို ခံရမည်ဖြစ်ပါသည်။
၃။ အခြေခံကျန်းမာရေး တက္ကသိုလ်
(က) အမျိုးသားဦးရေ (၈၀ %) နှင့် အမျိုးသမီးဦးရေ (၂၀ %) လက်ခံပါမည်။
(ခ) ၂၀၁၉ ခုနှစ်တွင် တက္ကသိုလ်ဝင်စာမေးပွဲကို သိပ္ပံဘာသာတွဲဖြင့် အောင်မြင်သူဖြစ်ရပါမည်။ကျန်းမာရေးကောင်းမွန်သူ၊ အကျင့်စာရိတ္တကောင်းမွန်သူ ဖြစ်ရပါမည်။
(ဂ) တက္ကသိုလ်ဝင်ခွင့် လျှောက်ထားသူသည် နိုင်ငံသားစိစစ်ဆေးရေးကတ်ပြားအမှတ် (နိုင်)/ (ပြု)/(ဧည့်) ကိုင်ဆောင်ထားသူဖြစ်ရပါမည်။
(ဃ) အခြေခံကျန်းမာရေး တက္ကသိုလ်သို့ တက်ရောက်ခွင့်ရရှိသူများသည် သင်တန်းကို ပြီးဆုံးအောင် တက်ရောက်ရမည်။
(င) ဘွဲ့ရရှိပြီးနောက် နိုင်ငံတော်မှ လိုအပ်သောအချိန်တွင် နိုင်ငံ့ဝန်ထိမ်းအဖြစ် အနည်းဆုံး (၃) နှစ်ကြာတာဝန်ထမ်းဆောင်ပါမည်ဟု ဝန်ခံကတိ လက်မှတ်ထိုးရပါမည်။
(စ) ခံဝန်ချုပ်ကို လိုက်နာဆောင်ရွက်ရန် ပျက်ကွက်ပါက လျေ်ကြေးငွေ (ကျပ်လေးသိန်းတိတိ) ကိုပေးလျော်ရန်နှင့် တည်ဆဲစည်းမျဉ်းစည်းကမ်းများနှင့် အညီ အရေးယူခြင်းကို ခံရမည်ဖြစ်ပါသည်။
၎။ တိုင်းရင်းဆေးတက္ကသိုလ်
(က) အမျိုးသားဦးရေ (၅၀ %) နှင့် အမျိုးသမီးဦးရေ (50 %) လက်ခံပါမည်။
(ခ) ဝင်ခွင့် လျှောက်ထားသူသည် တက္ကသိုလ်ဝင်ခွင့် လျှောက်ထားချိန်တွင် တည်ဆဲနိုင်ငံသားဖြစ်မှု ဥပဒေနှင့် ကိုက်ညီသော နိုင်ငံသားဖြစ်ရမည်။
(ဂ) တိုင်းရင်းဆေးတက္ကသိုလ်သို့ တက်ရောက်ခွင့်ရရှိသူများသည် သင်တန်းကို ပြီးဆုံးအောင်တက်ရမည်ဖြစ်ပါသည်။
(ဃ) ဇီဝဗေဒဘာသာတွဲဖြင့် အောင်မြင်သူဖြစ်ရပါမည်။
(င) ကျန်းမာရေးကောင်းမွန်သူဖြစ်ရပါမည်။
(စ) ဘွဲ့ရရှိပြီးနောက် နိုင်ငံတော်မှ လိုအပ်သောအချိန်တွင် နိုင်ငံ့ဝန်ထိမ်းအဖြစ် အနည်းဆုံး (၃) နှစ်ကြာတာဝန်ထမ်းဆောင်ပါမည်ဟု ဝန်ခံကတိ လက်မှတ်ထိုးရပါမည်။
(ဆ) ခံဝန်ချုပ်ကို လိုက်နာဆောင်ရွက်ရန် ပျက်ကွက်ပါက လျေ်ကြေးငွေ (ကျပ်လေးသိန်းတိတိ) ကိုပေးလျော်ရန်နှင့် တည်ဆဲစည်းမျဉ်းစည်းကမ်းများနှင့် အညီ အရေးယူခြင်းကို ခံရမည်ဖြစ်ပါသည်။
(တက္ကသိုလ်ဝင်ခွင့်လမ်းညွှန်စာအုပ်မှ ကိုးကားတင်ပြချက်ဖြစ်ပါသည်။)