၁။ ဆေးတက္ကသိုလ်များ
(က) အမျိုးသားဦးရေ (၅၀ %) နှင့် အမျိုးသမီးဦးရေ (၅၀ %) လက်ခံပါမည်။
(ခ) ၂၀၁၉ ခုနှစ်တွင် တက္ကသိုလ်ဝင်စာမေးပွဲကို သိပ္ပံဘာသာတွဲဖြင့် အောင်မြင်သူဖြစ်ရပါမည်။ကျန်းမာရေးကောင်းမွန်သူ၊ အကျင့်စာရိတ္တကောင်းမွန်သူ ဖြစ်ရပါမည်။
(ဂ) တက္ကသိုလ်ဝင်ခွင့် လျှောက်ထားသူသည် နိုင်ငံသားစိစစ်ဆေးရေးကတ်ပြားအမှတ် (နိုင်)/ (ပြု)/(ဧည့်) ကိုင်ဆောင်ထားသူဖြစ်ရပါမည်။
(ဃ) မိမိတက်ရမည့် တက္ကသိုလ်တွင် ကျောင်းပြီးဆုံးသည်အထိ တက်ရောက်နိုင်ရပါမည်။
(င) ဘွဲ့ရရှိပြီးနောက် နိုင်ငံတော်မှ လိုအပ်သောအချိန်တွင် နိုင်ငံ့ဝန်ထိမ်းအဖြစ် အနည်းဆုံး (၃)နှစ် ကြာတာဝန်ထမ်းဆောင်ပါမည်ဟု ဝန်ခံကတိ လက်မှတ်ထိုးရပါမည်။
(စ) ခံဝန်ချုပ်ကို လိုက်နာဆောင်ရွက်ရန် ပျက်ကွက်ပါက လျေ်ကြေးငွေ (ကျပ်တစ်ဆယ်သိန်းတိတိ) ကိုပေးလျော်ရန်နှင့် တည်ဆဲစည်းမျဉ်းစည်းကမ်းများနှင့် အညီ အရေးယူခြင်းကို ခံရမည်ဖြစ်ပါသည်။
(ဆ) ဆေးတက္ကသိုလ် ခွဲဝေနေရာချထားပေးရေးအဖွဲ့မှ အခါအားလျော်စွာ သတ်မှတ်ချက်နှင့် အညီ ခွဲဝေ သတ်မှတ်ပေးသည့် ဆေးတက္ကသိုလ်တွင် သင်တန်းကို ပြီးဆုံးသည်အထိ တက်ရောက်နိုင်သူဖြစ်ရပါမည်။
၂။ သွားဘက်ဆိုင်ရာ ဆေးတက္ကသိုလ်များ
(က) အမျိုးသားဦးရေ (၆၀ %) နှင့် အမျိုးသမီးဦးရေ (၄၀ %) လက်ခံပါမည်။
(ခ) ၂၀၁၉ ခုနှစ်တွင် တက္ကသိုလ်ဝင်စာမေးပွဲကို သိပ္ပံဘာသာတွဲဖြင့် အောင်မြင်သူဖြစ်ရပါမည်။ကျန်းမာရေးကောင်းမွန်သူ၊ အကျင့်စာရိတ္တကောင်းမွန်သူ ဖြစ်ရပါမည်။
(ဂ) တက္ကသိုလ်ဝင်ခွင့် လျှောက်ထားသူသည် နိုင်ငံသားစိစစ်ဆေးရေးကတ်ပြားအမှတ် (နိုင်)/ (ပြု)/(ဧည့်) ကိုင်ဆောင်ထားသူဖြစ်ရပါမည်။
(ဃ) သွားဘက်ဆိုင်ရာဆေးတက္ကသိုလ် တက်ရောက်ခွင့်ရရှိသူများသည် သင်တန်းကို ပြီးဆုံးအောင် တက်ရောက်ရပါမည်။
(င) ဘွဲ့ရရှိပြီးနောက် နိုင်ငံတော်မှ လိုအပ်သောအချိန်တွင် နိုင်ငံ့ဝန်ထိမ်းအဖြစ် အနည်းဆုံး (၃) နှစ်ကြာတာဝန်ထမ်းဆောင်ပါမည်ဟု ဝန်ခံကတိ လက်မှတ်ထိုးရပါမည်။
(စ) ခံဝန်ချုပ်ကို လိုက်နာဆောင်ရွက်ရန် ပျက်ကွက်ပါက လျေ်ကြေးငွေ (ကျပ်တစ်ဆယ်သိန်းတိတိ) ကိုပေးလျော်ရန်နှင့် တည်ဆဲစည်းမျဉ်းစည်းကမ်းများနှင့် အညီ အရေးယူခြင်းကို ခံရမည်ဖြစ်ပါသည်။
၃။ ဆေးဝါးတက္ကသိုလ်များ
(က) အမျိုးသား၊ အမျိုးသမီးဦးရေ (ရာခိုင်နှုန်း) မခွဲခြားထားပါ။
(ခ) ၂၀၁၉ ခုနှစ်တွင် တက္ကသိုလ်ဝင်စာမေးပွဲကို သိပ္ပံဘာသာတွဲဖြင့် အောင်မြင်သူဖြစ်ရပါမည်။ကျန်းမာရေးကောင်းမွန်သူ၊ အကျင့်စာရိတ္တကောင်းမွန်သူ ဖြစ်ရပါမည်။
(ဂ) တက္ကသိုလ်ဝင်ခွင့် လျှောက်ထားသူသည် နိုင်ငံသားစိစစ်ဆေးရေးကတ်ပြားအမှတ် (နိုင်)/ (ပြု)/(ဧည့်) ကိုင်ဆောင်ထားသူဖြစ်ရပါမည်။
(ဃ) ဆေးဝါးတက္ကသိလ်ုသို့ တက်ရောက်ခွင့်ရရှိသူများသည် သင်တန်းကို ပြီးဆုံးအောင်တက်ရောက်ရပါမည်။
(င) ဘွဲ့ရရှိပြီးနောက် နိုင်ငံတော်မှ လိုအပ်သောအချိန်တွင် နိုင်ငံ့ဝန်ထိမ်းအဖြစ် အနည်းဆုံး (၃) နှစ်ကြာတာဝန်ထမ်းဆောင်ပါမည်ဟု ဝန်ခံကတိ လက်မှတ်ထိုးရပါမည်။
(စ) ခံဝန်ချုပ်ကို လိုက်နာဆောင်ရွက်ရန် ပျက်ကွက်ပါက လျေ်ကြေးငွေ (ကျပ်လေးသိန်းတိတိ) ကိုပေးလျော်ရန်နှင့် တည်ဆဲစည်းမျဉ်းစည်းကမ်းများနှင့် အညီ အရေးယူခြင်းကို ခံရမည်ဖြစ်ပါသည်။
(တက္ကသိုလ်ဝင်ခွင့်လမ်းညွှန်စာအုပ်မှ ကိုးကားတင်ပြချက်ဖြစ်ပါသည်။)