ဝိဇ္ဇာ၊ သိပ္ပံတက္ကသိုလ်ဝင်ခွင့်လျှောက်လွှာများကို အောက်တိုဘာလဆန်း ရွေးချယ်မည်

ဝိဇ္ဇာ၊ သိပ္ပံတက္ကသိုလ်ဝင်ခွင့်လျှောက်လွှာများကို အောက်တိုဘာလဆန်း ရွေးချယ်မည်

ဝိဇ္ဇာ၊ သိပ္ပံတက္ကသိုလ်ဝင်ခွင့်လျှောက်လွှာများကို အောက်တိုဘာလဆန်းပိုင်းတွင် အောက်တိုဘာလဆန်းပိုင်းအတွင်း စိစစ်ရွေးချယ်ပြီး အောက်တိုဘာလကုန်၊ နိုဝင်ဘာကဆန်းတွင် ဝင်ခွင့်ရစာရင်းများ ကြေညာမည်ဖြစ်ကြောင်း အဆင့်မြင့်ပညာဦးစီးဌာနမှ သိရပါတယ်။


ရွေးချယ်ရေးအဖွဲ့က တစ်ဖွဲ့လျှင် (၃) ဦး၊ (၄) ဦးအထိ ပါသည့်အဖွဲ့များခွဲကာ စက်တင်ဘာလကုန် (စက်တင်ဘာ (၂၄) ရက်မှစ၍) ဝိဇ္ဇာ၊ သိပ္ပံတက္ကသိုလ် (၂၃) ကျောင်းသို့ ဝင်ခွင့်စိစစ်ရွေးချယ်ရန် သွားရောက်နေပြီဖြစ်ကြောင်း ၄င်းဌာနမှ သိရပါတယ်။


ဝင်ခွင့်ရစာရင်းကို နိုဝင်ဘာ (၁၅) ရက်အတိုင်မီ ထုတ်ပြန်နိုင်မည်ဟု ခန့်မှန်းထားပြီး သီးခြားဝင်ခွင့်ခေါ်သည့် တက္ကသိုလ်များကမူ ၄င်းတို့ထက် အချိန်ပိုစောကာ ထုတ်ပြန်နိုင်ကြောင်း ယင်းဌာနဒုညွှန်ချုပ် ဒေါက်တာအောင်အောင်မင်းက ပြောဆိုပါတယ်။


သီးခြားဝင်ခွင့်တက္ကသိုလ်တစ်ခုဖြစ်သော ရန်ကုန်နိုင်ငံခြားဘာသာတက္ကသိုလ်သည်လည်း အောက်တိုဘာလတွင် တက္ကသိုလ်ဝင်ခွင့်ထွက်ရန် ခန့်မှန်းထားကြောင်း ယင်းကျောင်း၏ ပါမောက္ခချုပ် ဒေါက်တာကြည်ရွှင်က ပြောကြားခဲ့ပါတယ်။

 

Art & Craft (50) ပန်းချီနှင့် လက်မှုသင်တန်းများနှင့်ပတ်သက်ပြီး သင်တန်း (50) ခု ရှာရန်နှိပ်ပါ။


ယခုနှစ်တက္ကသိုလ်ဝင်ခွင့်တွင် သီးခြားဝင်ခွင့်ခေါ်ယူသော တက္ကသိုလ် (၁၄) ခုရှိပြီး တက္ကသိုလ်ဝင်ခွင့်ရွေးချယ်ရေးအဖွဲ့မှ တက္ကသိုလ် (၂၃) ခုကို ရွေးချယ်ပေးမည်ဖြစ်ပါတယ်။


ယခုနှစ်တက္ကသိုလ်ဝင်ခွင့်လျှောက်လွှာများကို ဇွန်လကုန်ပိုင်းမှစ၍ ဇူလိုင်လကုန်ပိုင်းအထိ တစ်လခန့်အကြာ လက်ခံခဲ့ကြောင်းအဆင့်မြင့်ပညာဦးစီးဌာနထံမှ သိရပါတယ်။

 

Read More:>>> Associate Welding Engineering သင်တန်းဖွင့်လှစ်မည်


ယခုနှစ်တက္ကသိုလဝင်စားမေးပွဲတွင် ကျောင်းသားရှစ်သိန်းခွဲကျော် ဖြေဆိုခဲ့သည့်အနက် နှစ်သိန်းခြောက်သောင်းကျော် အောင်မြင်၍ အောင်ချက် (၃၁) ရက်ခိုင်နှုန်းကျော်သာရှိကြောင်းမြန်မာနိုင်ငံစာစစ်ဌာန၏ အချက်လက်များအရသိရပါတယ်။

 

Source; The Voice

 

News Read 4964 times