တက္ကသိုလ်ဝင်ခွင့် နိုဝင်ဘာလလယ် ပြန်ကြားပေးဖို့စီစဉ်

တက္ကသိုလ်ဝင်ခွင့် နိုဝင်ဘာလလယ် ပြန်ကြားပေးဖို့စီစဉ်

ပြီးခဲ့တဲ့နှစ်က အချိန်လောက်ပဲကျမယ်၊ စောရင်လဲ ၁၀ ရက်ပါပဲ၊ တော်တော်များများ ပြီးကုန်ကြပြီလို့ အဆင့်မြင့်ပညာဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး အဆင့်ရှိအဆင့်မြင့်တာဝန်ရှိသူ တစ်ဦးက ပြောပါတယ်။

၂၀၁၇ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲမှာ အောင်မြင်သူတွေအနေနဲ့ တက္ကသိုလ်ပညာကို ဆက်တိုက် တက်ရောက် သင်ကြားနိုင်ခြင်းမရှိပါက နောက်ပညာသင်နှစ်တွေမှာ နေ့သင်တန်း ပုံမှန် ကျောင်းသားအဖြစ် ဆက်လက်တက်ရောက်နိုင်ဖို့ တက္ကသိုလ်ဝင်ခွင့်လျှောက်လွှာတွေကို မဖြစ်မနေ တင်သွင်းဖို့ လိုတာဖြစ်တယ်လို့သိရပါတယ်။

READ - နည်းပညာတက္ကသိုလ်များ လာမည့်နိုဝင်ဘာလတွင် ကျောင်းအပ်လက်ခံမည်

အခုပညာသင်နှစ်မှာ တက္ကသိုလ်ဝင်ခွင့်လျှောက်လွှာတွေလျှောက်ထားခြင်းမရှိသူတွေကို နောက်ပညာသင်နှစ်တွေမှာ နေ့သင်တန်းပုံမှန်ကျောင်းသားအဖြစ် တက္ကသိုလ်ဒီဂရီကောလိပ်တွေမှာ တက်ရောက်ခွင့်မပြုဘူးလို့ ကြေညာထားတာဖြစ်ပါတယ်။

တက္ကသိုလ် ဒီဂရီကောလိပ်တွေနဲ့ ကောလိပ်တွေမှာဝင်ခွင့်ရရှိပြီး အဲသည်ဝင်ခွင့်ရတဲ့နှစ်တွေမှာ တက္ကသိုလ်တွေကို လာရောက်ဆက်သွယ်ခြင်းမပြုတဲ့ ကျောင်းသူကျောင်းသားတွေကို ကပ်လျက် ပညာသင်နှစ်မှာ ဝင်ခွင့်ရတဲ့ တက္ကသိုလ်တွေကို ဝင်ခွင့်ပြန်လည်လျှောက်ထားပါက မူလဝင်ခွင့်ရ အထူးပြုဘာသာရပ်တွေ အတိုင်းသာ တက်ရောက်ခွင့်ပြုမှာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့နှစ်က တက္ကသိုလ်ဝင်ခွင့်အကြောင်းပြန်ကြားစာတွေကိုတော့ နိုဝင်ဘာလ ၁၇ ရက်နေ့မှာ ပြန်ကြား ပေးခဲ့ပြီး သက်ဆိုင်ရာ တက်ရောက်ခွင့်ပြုတဲ့ တက္ကသိုလ်တွေကနေ အကြောင်းပြန် ကြားစာတွေကို ပေးပို့မယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲမှာ ဝင်ရောက်ဖြေဆိုသူဦးရေ ခုနစ်သိန်းကျော်ရှိခဲ့ပြီး အောင်မြင်သူဦးရေ ၂၄၀,ဝ၀ဝ ကျော်ရှိကာ မြန်မာတစ်နိုင်ငံလုံး အတိုင်းအတာအရ အောင်ချက်ရာခိုင်နှုန်း ၃၇.၂၉ ရာခိုင်နှုန်းရှိခဲ့ တာဖြစ်ပါတယ်။

မိမိတို့ တက်ရောက်လိုသည့် သင်တန်းကျောင်းများနှင့် ပုဂ္ဂလိက တက္ကသိုလ်များကို ရှာဖွေလိုပါက ဒီ Link မှာရှာဖွေနိုင်ပါသည်။

Source: kumudranews

News Read 6677 times