ဝင်ခွင့်လျှောက်လွှာစာအိတ်များကို ၂၀၁၇ ခုနှစ် သြဂုတ်လ ၂၅ ရက်နေ့အထိ စနေ၊ တနင်္ဂနွေ ရုံးပိတ်ရက်များ အပါအ၀င် ပိတ်ရက်မရှိ လျှောက်ထားနိုင်ကြောင်း သိရသည်။
တက္ကသိုလ်ဝင်ခွင့်လမ်းညွှန်စာအုပ်တွင် တက္ကသိုလ်အသီးသီးသို့ ၀င်ခွင့်လျှောက်ထားခွင့်ပြုသည့် သတ်မှတ်ချက်များ၊ တက္ကသိုလ်အချို့မှ သတ်မှတ်ထားသော ၀င်ခွင့်လျှောက်ထားခွင့်ပြုသည့် အနိမ့်ဆုံးရမှတ် သတ်မှတ်ချက်များ ဖော်ပြထားသည်။
READ - တက္ကသိုလ်ဝင်တန်း၏ လက်ရှိဘာသာတွဲစနစ်ကို လိုအပ်သလို ပြုပြင်ပြောင်းလဲမည်
ဝင်ခွင့်လျှောက်လွှာစာအိတ်များကို စာမေးပွဲဖြေဆိုခဲ့သည့် စာစစ်ဌာနကြီးကြပ်ရေးမှူးများ (အခြေခံပညာ အထက်တန်းကျောင်းအုပ်ကြီးများ) ထံတွင် ၂၀၁၇ ခုနှစ် သြဂုတ်လ ၈ ရက်မှ စ၍ ထုတ်ယူခွင့်ပြုခဲ့ခြင်း ဖြစ်သည်။
ဝင်ခွင့်လျှောက်လွှာစာအိတ်လက်ခံခြင်းကို မြစ်ကြီးနား၊ လွိုင်ကော်၊ ဘားအံ၊ ဟားခါး၊ မုံရွာ၊ ထားဝယ်၊ တောင်ငူ၊ ပဲခူး၊ မကွေး၊ မန္တလေး၊ မော်လမြိုင်၊ စစ်တွေ၊ ရန်ကုန်၊ တောင်ကြီး၊ လားရှိုး၊ ကျိုင်းတုံနှင့် ပုသိမ်တက္ကသိုလ်တို့ တွင် လက်ခံဆောင်ရွက်လျက်ရှိသည်။
“၀င်ခွင့်စာအိတ်များကို သြဂုတ်လ ၉ ရက်ကစပြီး သက်ဆိုင်ရာ အလိုက် တက္ကသိုလ် ၁၇ ခုမှာ လက်ခံပေးနေပါတယ်။ သတ်မှတ်ထားတဲ့ ကာလမှာ မလျှောက်နိုင်ဘဲ အကြောင်းအမျိုးမျိုးကြောင့် သတ်မှတ်ရက် ကျော်လွန်မှ လျှောက်ထားလာမယ်ဆိုရင်တော့ အဆင့်မြင့်ပညာဦးစီးဌာန (ရန်ကုန်ရုံးခွဲ) ကို လျှောက်ထားရမှာ ဖြစ်ပါတယ်။”
မိမိတို့ တက်ရောက်လိုသည့် သင်တန်းကျောင်းများနှင့် ပုဂ္ဂလိက တက္ကသိုလ်များကို ရှာဖွေလိုပါက ဒီ Link မှာရှာဖွေနိုင်ပါသည်။
Source: daily eleven