ယခင်က တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးမှ တက္ကသိုလ်ဝင်ခွင့်လျှောက်လွှာများကို အဆင့်မြင့်ပညာ ဦးစီးဌာနတစ်ခုတည်း၌ လက်ခံဆောင်ရွက်ပေးခဲ့သော်လည်း ယခုအခါ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ တက္ကသိုလ်ပေါင်း ၁၇ ခု မှ တက္ကသိုလ်ဝင်ခွင့်လျှောက်လွှာများကို သြဂုတ်လ ၉ ရက်မှ ၂၅ ရက်အထိ လက်ခံပေးနေကြောင်း သိရသည်။
“ကောင်တာ (၁)၊ ကောင်တာ (၂)၊ ကောင်တာ (၃)၊ ကောင်တာ (၄) ဆိုပြီး ကောင်တာလေးခုရှိတယ်။ အဲဒီကောင်တာတစ်ခုစီမှာ ကောင်တာလေးခုဖွင့်လှစ်ထားတဲ့အတွက် ကောင်တာ ၁၆ ခု ရှိပါတယ်”။
ကောင်တာ (၁) မှာ ဒဂုံတက္ကသိုလ်နှင့် သက်ဆိုင်သည့် မြို့နယ်များမှ အောင်မြင်သူ ဖွင့်လှစ်ပေးထားခြင်း ဖြစ်ကာ ကောင်တာ (၂) မှာ ရန်ကုန်အရှေ့ပိုင်း တက္ကသိုလ်နှင့် သက်ဆိုင်သည့် မြို့နယ်များအတွက် ဖြစ်သည်။
ကောင်တာ (၃) ခုမှာ ရန်ကုန်အနောက်ပိုင်းတက္ကသိုလ်နှင့် သက်ဆိုင်သည့် မြို့နယ်များအတွက် ဖွင့်လှစ် ပေးထားခြင်းဖြစ်ပြီး ကောင်တာ (၄) ခုမှာ ရန်ကုန်တိုင်းဒေသကြီးမှအပ တခြားတိုင်းဒေသကြီးနှင့် ပြည်နယ်ဒေသများမှ အောင်မြင်သည့် ကျောင်းသား၊ ကျောင်းသူများအတွက် လက်ခံဆောင်ရွက်ပေး လျက်ရှိကြောင်း သိရသည်။
မိမိတို့ တက်ရောက်လိုသည့် သင်တန်းကျောင်းများနှင့် ပုဂ္ဂလိက တက္ကသိုလ်များကို ရှာဖွေလိုပါက ဒီ Link မှာရှာဖွေနိုင်ပါသည်။
Source: မြ၀တီ