တက္ကသိုလ်၊ ဒီဂရီကောလိပ် (၆၉) ခုတွင် E-Payment ဖြင့် စတင်ဆောင်ရွက်နေ

တက္ကသိုလ်၊ ဒီဂရီကောလိပ် (၆၉) ခုတွင် E-Payment ဖြင့် စတင်ဆောင်ရွက်နေ

ေက်ာင္းအပ္ႏွံျခင္းႏွင့္ ေက်ာင္းလခေပးသြင္းျခင္းမ်ားကို တကၠသုိလ္၊ ဒီဂရီေကာလိပ္ (၆၉) ခုတြင္ E-Payment ျဖင့္စတင္ေဆာင္ရြက္ေနၿပီး က်န္ရွိေနသည့္ေက်ာင္းမ်ားလည္း ေဆာင္ရြက္ခြင့္ျပဳထားၿပီျဖစ္ေၾကာင္း သိရပါတယ္။


ႏိုင္ငံေတာ္အစိုးရမွ ျပဳျပင္ေျပာင္းလဲေနေသာ E-Government စနစ္ကို ပညာေရးဝန္ႀကီးဌာန၊ အဆင့္ျမင့္ပညာဦးစီးဌာန လက္ေအာက္ရွိ တကၠသုိလ္၊ ဒီဂရီေကာလိပ္မ်ားတြင္ E-Government စနစ္ႏွင့္လိုက္ေလ်ာညီေထြ ျဖစ္ေစရန္အတြက္ ႏိုင္ငံေတာ္မွ ခ်မွတ္ထားသည့္ စည္းမ်ဥ္းစည္းကမ္းမ်ားႏွင့္အညီ E-Payment စနစ္တစ္ခုကို အေကာင္အထည္ေဖာ္ ေဆာင္ရြက္ျခင္းျဖစ္ေၾကာင္း အဆင့္ျမင့္ပညာဦးစီးဌာနမွ သိရပါတယ္။


"ေက်ာင္းေတြမွာ အင္တာနက္ရရွိမႈ၊ ပုဂၢလိက ဘဏ္ေတြနဲ႔ ခ်ိတ္ဆက္မႈေတြ အေပၚမူတည္ၿပီး ေဆာင္ရြက္ခြင့္ျပဳထားၿပီး။ အခုလက္ရွိမွ ေက်ာင္း (၆၉) ေက်ာင္းမွာ စေနပါၿပီ။ က်န္တဲ့ေက်ာင္းေတြလည္း လုပ္လို႔ရၿပီဆိုရင္ လုပ္လို႔ေျပာထားၿပီးၿပီ"ဟုအဆင့္ျမင့္ပညာဦးစီးဌာနမွ ညႊန္ၾကားေရးမွဴးခ်ဳပ္ ေဒါက္တာသိန္းဝင္းက ေျပာၾကားပါတယ္။


လက္ရွိတြင္ E-Payment စနစ္ကို အေကာင္အထည္ေဖာ္ေဆာင္ရြက္ေနသည့္ ေက်ာင္းမ်ားမွအပ က်န္ေက်ာင္းသားမ်ား၏ ေက်ာင္းသား/သူ မ်ား၏ ေက်ာင္းအပ္လက္ခံျခင္း၊ ေက်ာင္းလခ ေပးသြင္းျခင္းမ်ားကို ေက်ာင္းသား/သူမ်ားကိုယ္တိုင္ ေန႔စဥ္တာဝန္က်ဝန္ထမ္းမ်ားျဖင့္ ေငြသားမ်ားေပးသြင္းေဆာင္ရြက္ေနေၾကာင္း သိရပါတယ္။

 

Private High School (323) ကုိယ္ပုိင္္အထက္တန္းေက်ာင္းမ်ားႏွင့္ ပတ္သက္ျပီး (323) ခု ရွာရန္ႏွိပ္ပါ။


ယင္းအတြက္ေၾကာင့္ အဆိုပါစနစ္သည္ အခ်ိန္ၾကန္႔ၾကာမႈရွိျခင္း၊ ေက်ာင္းသား/သူ ကိုယ္တိုင္လာေရာက္ႏိုင္ျခင္းမရွိသည့္ အခက္အခဲမ်ား ရွိမည္ျဖစ္သည့္ အတြက္ E-Payment စနစ္ကို ေျပာင္းလဲက်င့္သံုးမည္ဆိုပါက ေက်ာင္းအပ္ႏွံျခင္း၊ ေက်ာင္းလခေပးသြင္းျခင္းမ်ားကို ေက်ာင္းရွိရာေနရာသို႔သြားေရာက္ေပးသြင္းစရာမလိုေတာ့ဘဲ မိမိတို႔ မိုဘိုင္းဖုန္းမ်ားမွ တစ္ဆင့္အလြယ္တကူ ေဆာင္ရြက္ႏိုင္မည္ ျဖစ္ေၾကာင္းသိရပါတယ္။


Source: Democracy

 

**Unicode**

 

ကျောင်းအပ်နှံခြင်းနှင့် ကျောင်းလခပေးသွင်းခြင်းများကို တက္ကသိုလ်၊ ဒီဂရီကောလိပ် (၆၉) ခုတွင် E-Payment ဖြင့်စတင်ဆောင်ရွက်နေပြီး ကျန်ရှိနေသည့်ကျောင်းများလည်း ဆောင်ရွက်ခွင့်ပြုထားပြီဖြစ်ကြောင်း သိရပါတယ်။


နိုင်ငံတော်အစိုးရမှ ပြုပြင်ပြောင်းလဲနေသော E-Government စနစ်ကို ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာဦးစီးဌာန လက်အောက်ရှိ တက္ကသိုလ်၊ ဒီဂရီကောလိပ်များတွင် E-Government စနစ်နှင့်လိုက်လျောညီထွေ ဖြစ်စေရန်အတွက် နိုင်ငံတော်မှ ချမှတ်ထားသည့် စည်းမျဉ်းစည်းကမ်းများနှင့်အညီ E-Payment စနစ်တစ်ခုကို အကောင်အထည်ဖော် ဆောင်ရွက်ခြင်းဖြစ်ကြောင်း အဆင့်မြင့်ပညာဦးစီးဌာနမှ သိရပါတယ်။


"ကျောင်းတွေမှာ အင်တာနက်ရရှိမှု၊ ပုဂ္ဂလိက ဘဏ်တွေနဲ့ ချိတ်ဆက်မှုတွေ အပေါ်မူတည်ပြီး ဆောင်ရွက်ခွင့်ပြုထားပြီး။ အခုလက်ရှိမှ ကျောင်း (၆၉) ကျောင်းမှာ စနေပါပြီ။ ကျန်တဲ့ကျောင်းတွေလည်း လုပ်လို့ရပြီဆိုရင် လုပ်လို့ပြောထားပြီးပြီ"ဟုအဆင့်မြင့်ပညာဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသိန်းဝင်းက ပြောကြားပါတယ်။


လက်ရှိတွင် E-Payment စနစ်ကို အကောင်အထည်ဖော်ဆောင်ရွက်နေသည့် ကျောင်းများမှအပ ကျန်ကျောင်းသားများ၏ ကျောင်းသား/သူ များ၏ ကျောင်းအပ်လက်ခံခြင်း၊ ကျောင်းလခ ပေးသွင်းခြင်းများကို ကျောင်းသား/သူများကိုယ်တိုင် နေ့စဉ်တာဝန်ကျဝန်ထမ်းများဖြင့် ငွေသားများပေးသွင်းဆောင်ရွက်နေကြောင်း သိရပါတယ်။


Private High School (323) ကိုယ်ပိုင်အထက်တန်းကျောင်းများနှင့် ပတ်သက်ပြီး (323) ခု ရှာရန်နှိပ်ပါ။


ယင်းအတွက်ကြောင့် အဆိုပါစနစ်သည် အချိန်ကြန့်ကြာမှုရှိခြင်း၊ ကျောင်းသား/သူ ကိုယ်တိုင်လာရောက်နိုင်ခြင်းမရှိသည့် အခက်အခဲများ ရှိမည်ဖြစ်သည့် အတွက် E-Payment စနစ်ကို ပြောင်းလဲကျင့်သုံးမည်ဆိုပါက ကျောင်းအပ်နှံခြင်း၊ ကျောင်းလခပေးသွင်းခြင်းများကို ကျောင်းရှိရာနေရာသို့သွားရောက်ပေးသွင်းစရာမလိုတော့ဘဲ မိမိတို့ မိုဘိုင်းဖုန်းများမှ တစ်ဆင့်အလွယ်တကူ ဆောင်ရွက်နိုင်မည် ဖြစ်ကြောင်းသိရပါတယ်။


Source: Democracy

 

News Read 1975 times