တက္ကသိုလ်မှာ ကျောင်းအပ်ရင် အကျင့်စာရိတ္တကောင်းမွန်ကြောင်းထောက်ခံချက်တွေ ပေးစရာမလိုတော့

တက္ကသိုလ်မှာ ကျောင်းအပ်ရင် အကျင့်စာရိတ္တကောင်းမွန်ကြောင်းထောက်ခံချက်တွေ ပေးစရာမလိုတော့

ဒီကနေ့ကျင်းပတဲ့ပြည်သူ့လွှတ်တော်အစည်းအဝေးမှာ အင်းတော် မဲဆန္ဒနယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာ ဒေါ်ပြုံးမေးမြန်းခဲ့တဲ့ "တက္ကသိုလ်ဝင်ခွင့် လျှောက်လွှာနှင့်အတူ ပူးတွဲပေးပို့ ရသည့် ထောက်ခံစာများအနက် အကျင့်စာရိတ္တ ကောင်း မွန်ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ တာဝန်ရှိသူ၏ ထောက်ခံစာကို ပယ်ဖျက်ပေးရန် အစီအစဉ်ရှိ၊ မရှိ" မေးခွန်းအပေါ် ဒေါက်တာမျိုးသိမ်းကြီးက အခုလိုပြန်လည်ဖြေကြားခဲ့တာဖြစ်ပါတယ်။

တက္ကသိုလ်ဝင်ခွင့်လျှောက်ထားမယ့် ကျောင်းသား/သူတွေအနေနဲ့ ကျန်းမာရေးစစ်ဆေးချက်၊ ရပ်ကွက်ထောက်ခံစာ၊ ရဲစခန်း ထောက်ခံ စာတွေ အတွက် ဆေးရုံသွားလိုက် ရဲစခန်းသွားလိုက် လုပ်ရကြောင်း ၊ ဒါဟာလည်းအဆင်ဆင်ပြေပြေနဲ့ပြီးမြောက်တာမဟုတ်ကြောင်း ယင်းထောက်ခံစာတွေအတွက် ညအိပ်စောင့်ရတဲ့ အခါမျိုးတွေလည်း ရှိကြောင်း ဒါ့အပြင် ငွေကျပ် ၅၀၀ / ၁၀၀၀ စသဖြင့်လည်းပေးရကြောင်း ဒါ့အပြင် ရဲစခန်းထောက်ခံစာဆိုတာလည်း ရဲဝန်ထမ်းတစ်ယောက်ကဖောင်ဖြည့်ပြီး ရဲအရာရှိ တစ်ဦးက လက်မှတ်ထိုးပေးလိုက်တာ မျိုးပဲဖြစ်ကြောင်း ၊ တစ်ကယ်လို့ ပြစ်မှုမကင်းရှင်းပါကလည်း စုံစမ်းထောက်လှမ်းတာမျိုးမလုပ်ရင် ဒီထောက်ခံစာကြီးဟာ အပိုဖြစ်နေ တာကြောင့် ခေတ်ကာလနဲ့လည်းမလျော်ညီတော့တဲ့ ထောက်ခံချက်ထည့်သွင်းဖော်ပြလျှောက်ထားရခြင်းကို ပယ်ဖျက်ပေးဖို့ ရှိ/မရှိဆိုပြီး ဒေါက်တာဒေါ်ပြုံးက မေးမြန်းခဲ့ပါတယ်။

ဒီအပေါ်ပြည်ထောင်စုဝန်ကြီးဒေါက်တာမျိုးသိမ်းကြီးက ပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ် တက္ကသိုလ်ဝင်ခွင့်လမ်းညွှန်စာအုပ်မှာကတည်းက အဆိုပါထောက်ခံချက်တွေ ထည့်သွင်း ဖော်ပြရ မည်ဆိုတဲ့အချက်မပါရှိတော့ကြောင်း ဒါကြောင့် ထောက်ခံချက်တွေ ထည့်သွင်း ဖော်ပြ လျှောက်ထားရန်မလိုတော့ကြောင်း ပြန်လည်ဖြေကြားခဲ့ပါတယ်။

ထောက်ခံချက်ယူနေဆဲဖြစ်တဲ့ ဒေသတွေကိုလည်း ပြန်လည်စီစစ်ပေးမှာဖြစ်ကြောင်း သူက ပြောကြားခဲ့ပါတယ်။

မိမိတို့ တက်ရောက်လိုသည့် သင်တန်းကျောင်းများနှင့် ပုဂ္ဂလိက ကျောင်းများကို ရှာဖွေလိုပါက ဒီ Link မှာရှာဖွေနိုင်ပါသည်။

ပညာရေးလမ်းညွှန် website တွင် ပါဝင်သော သင်တန်းများ ကျောင်းများScholarshipKnowledge များနှင့် ပတ်သက်သော အချက်အလက်များကို ၀င်ရောက်ရှာဖွေ ဖတ်ရှုနိုင်ပါတယ်။

Source: popular

News Read 1644 times