တက္ကသိုလ်၊ ဒီဂရီကောလိပ်များတွင် ဒုတိယပါမောက္ခချုပ်ရာထူးနေရာလေးဆယ်ကျော် လစ်လပ်နေဟုဆို

တက္ကသိုလ်၊ ဒီဂရီကောလိပ်များတွင် ဒုတိယပါမောက္ခချုပ်ရာထူးနေရာလေးဆယ်ကျော် လစ်လပ်နေဟုဆို

ပညာရေးဝန်ကြီးဌာနမှ အကြီးတန်းအရာရှိတစ်ဦးက အခုလစ်လပ်လျက်ရှိတဲ့ ဒုတိယပါမောက္ခရာထူးအတွက် လျှောက်ထားနိုင်ပါသေးတယ်။

ဒုတိယပါမောက္ခချုပ် ရာထူးနေရာလေးဆယ်ကျော်သက် လစ်လပ်နေပါတယ်။

ပါမောက္ခရာထူးလစ်လပ် နေတာလည်း ရှိပါတယ်။ အခု ဒုတိယ ပါမောက္ခချုပ်ရာထူးကတော့ ပါရဂူဘွဲ့ရရှိပြီး ပါမောက္ခလုပ်သက် နှစ်နှစ်ရှိသူတိုင်း လျှောက်ထားနိုင်ပါတယ်။

မိမိတို့ တက်ရောက်လိုသည့် သင်တန်းကျောင်းများနှင့် ပုဂ္ဂလိက တက္ကသိုလ်များကို ရှာဖွေလိုပါက ဒီ Link မှာရှာဖွေနိုင်ပါသည်။

ထို့သို့ လျှောက်ထားရာတွင် ပါမောက္ခချုပ်၊ ကျောင်းအုပ်ကြီးများက ရာထူးတိုးလျှောက်ထားသူတစ်ဦး၏ ကိုယ်ရေးမှတ်တမ်း (၃၆) ချက်နှစ်စုံ၊ ပူးတွဲလျှောက်လွှာပုံစံတွင် သဘောထားမှတ်ချက်များနှင့်အတူ အဆင့်မြင့်ပညာဦးစီးဌာန (နေပြည်တော်) သို့ ဇွန်လ ၂ ရက်နေ့ နောက်ဆုံးထားပေးပို့ရမည်ဖြစ်သည်။

အဆင့်မြင့်ပညာဦးစီးဌာန အောက်ရှိ တက္ကသိုလ်၊ ဒီဂရီကောလိပ်များတွင် သင်ကြားရေး စီမံခန့်ခွဲရေး၊ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးနှင့် လုံခြုံရေးကိစ္စများ စီမံဆောင်ရွက်ရာတွင် ပိုမို အဆင်ပြေချောမွေ့စေရေးအတွက် တာဝန်ပေးအပ်ရန်အတွက် ဖြစ်ကြောင်း သိရသည်။

ပါရဂူဘွဲ့ရပြီး ပါမောက္ခလုပ်သက်နှစ်နှစ်ရှိသူတိုင်း မေလ ၂၆ ရက်နေ့ နောက်ဆုံးထား၍ လျှောက်ထားနိုင်သည်။

မိမိတို့ တက်ရောက်လိုသည့် သင်တန်းကျောင်းများနှင့် ပုဂ္ဂလိက တက္ကသိုလ်များကို ရှာဖွေလိုပါက ဒီ Link မှာရှာဖွေနိုင်ပါသည်။

Source: democracy today

News Read 7340 times