ဆေးတက္ကသိုလ်များ၏ သင်ရိုးညွှန်းတမ်းကို Integrated Curriculum ဖြင့်သင်ကြားနိုင်ရေးပြင်ဆင်

ဆေးတက္ကသိုလ်များ၏ သင်ရိုးညွှန်းတမ်းကို Integrated Curriculum ဖြင့်သင်ကြားနိုင်ရေးပြင်ဆင်

ဆေးတက္ကသိုလ်များ၏ သင်ရိုးညွှန်းတမ်းကို Integrated Curriculum ဖြင့် သင်ကြားနိုင်ရေး ပြင်ဆင်ရေး ပြင်ဆင်ရေးဆွဲနေပြီး ၂၀၁၉-၂၀၂၀ ပညာသင်နှစ်တွင် ဖွင့်လှစ်မည့် သင်တန်းများမှစ၍ သင်ကြားပို့ချမည်ဖြစ်ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ သုံးနှစ်တာအတွင်း ပြောင်းလဲတိုးတက်မှု အခြေအနေမှတ်တမ်းတွင် ဖော်ပြချက်အရ သိရပါသည်။

 

ဝန်ကြီးဌာနရှိ ဆေးတက္ကသိုလ်အသီးသီးမှ ၂၀၁၆ ခုနှစ်မှ လက်ရှိအထိ ဆေးလက်တွေ့ပညာဘာသာရပ် (၃၂) မျိုးမှ ဆေးပညာမဟာသိပ္ပံဘွဲ့ရ (၉၆၃) ဦး မွေးထုတ်နိုင်ခဲ့ပြီး လက်ရှိတွင် ဆေးလက်တွေ့ပညာဘာသာရပ် (၃၂) မျိုးမှ ဆေးပညာမဟာ သိပ္ပံပထမနှစ်၊ ဒုတိယနှစ်နှင့် တတိယနှစ်သင်တန်းများတွင် (၂၅၁၇) ဦး၊ ဆေးလက်တွေ့အခြေခံပညာရပ် () မျိုး၏ ပါရဂူဘွဲ့သင်တန်းများတွင် (၁၀၂) ဦးနှင့် ဆေးလက်တွေ့ပညာရပ် (၃၅) မျိုး၏ ပါရဂူဘွဲ့သင်တန်းများတွင် (၅၃၄) ဦးကို လေ့ကျင့်သင်ကြားပေးလျက်ရှိကြောင်း သိရပါသည်။

 

လက်ရှိ ဆေးတက္ကသိုလ် () ရန်ကုန်မှာ နိုင်ငံတကာအဆင့်မီ အမျိုးသားအဆင့် ဆေးပညာလက်တွေ့ သဏ္ဍာန်တးလေ့ကျင့်သင်ကြားမှုနှင့် သုတေသနဌာနကြီး (National Skill Training, Simulation & Research Centre) ရှစ်ထပ်ဆောင်ကိုလည်း တည်ဆောက်နေပါတယ်။ မကြာမီပြီးစီးတော့မှာပါ။ ဒီဌာနကြီးပြီးသွားရင် ဆေးပညာဘွဲ့ကြို၊ ဘွဲ့လွန်နှင့် ပါရဂူဘွဲ့သင်တန်းသားတွေကို နိုင်ငံတကာ အဆင့်မီလေ့ကျင့်သင်ကြားပေးသွားနိုင်မှာဖြစ်ပါတယ်" ဟုကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားပါသည်။

 

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနတွင် တာဝန်ထမ်းဆောင်လျက်ရှိသော ဝန်ထမ်းဆရာဝန်များအတွက် လာမည့် ၂၀၁၉-၂၀၂၀ ပညာသင်နှစ်တွင် ဘွဲ့လွန်ဒီပလိုမာသင်တန်း ()မျိုး၊ မဟာသိပ္ပံသင်တန်း (၃၀) မျိုး၊ ဆေးလက်တွေ့အခြေခံပါရဂူသင်တန်း () မျိုး၊ ဆေးလက်တွေ့ပါရဂူသင်တန်း (၄၁)မျိုး စုစုပေါင်းအမျိုး (၈၀) ကျော်ကို ရွေးချယ်ခေါ်ယူလေ့ကျင့်င်ကြားပေးမည်ဖြစ်ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ သိရပါသည်။

 

၂၀၁၈ ခုနှစ်အတွင်း M.B.B.S အပါအဝင်ဘွဲ့လွန်၊ မဟာသိပ္ပံဘွဲ့ရရှိသူ (၈၀၀၀) ကျော်ရှိပြီး သုံးနှစ်တာအတွင်းစုစုပေါင်းဘွဲ့ရရှိသူ (၂၂၀၀၀) ခန့်ရှိကြောင်းနှင့် ၂၀၁၈-၂၀၁၉ ပညာသင်နှစ်တွင် ကျန်းမာရေး လူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာနအောက်ရှိ ဆေးတက္ကသိုလ်များနှင့် သွားဘက်ဆိုင်ရာ ဆေးတက္ကသိုလ်များ၏ ပထမနှစ်သင်တန်းသို့ ဝင်ခွင့်ရရှိသည့် သစ်လွင်ကျောင်သား/သူ (၁၄၀၀) ခန့်တက်ရောက်ခွင့်ရရှိထားကြောင်းသိရပါသည်။

 

Read More>>>> သင်ရိုးသစ် (၁၂) တန်းပြီးဆုံးပါက တက္ကသိုလ်ဝင်စာမေးပွဲ ဆက်လက်ကျင်းပမည်

 

ဝင်ခွင့်ရရှိသည့် ကျောင်းသား/သူ စာရင်းများအရ ဆေးတက္ကသိုလ် () ရန်ကုန်တွင် (၃၅၁) ဦး၊ ဆေးတက္ကသိုလ် မန္တလေးတွင် (၃၀၇) ဦး၊ ဆေးတက္ကသိုလ် () ရန်ကုန်တွင် (၂၉၉) ဦး၊ ဆေးတက္ကသိုလ် မကွေးတွင် (၁၉၈) ဦး၊ ဆေးတက္ကသိုလ် တောင်ကြီးတွင် (၄၂) ဦး၊ သွားဘက်ဆိုင်ရာ ဆေးတက္ကသိုလ်၊ ရန်ကုန်တွင် (၉၉) ဦးနှင့် သွားဘက်ဆိုင်ရာဆေးတက္ကသိုလ်၊ မန္တလေးတွင် (၁၀၅) ဦးစုစုပေါင်း ကျောင်းသား/သူ (၁၄၀၁) ဦး တက်ရောက်ခွင့်ရရှိထားကြောင်းသိရပါသည်။

 

Source: Daily Eleven

 

News Read 1597 times