၂၀၁၉-၂၀၂၀ ပညာသင်နှစ်အတွက် ပထမနှစ်သင်တန်း ဝင်ခွင့်လျှောက်ထားမည့် ကျောင်းသား/သူများအနေဖြင့် သမဝါယမတက္ကသိုလ် (သန်လျင်)၊ သင်တန်းရေးရာဌာန၊ ကျောင်းသားရေးရာဌာနခွဲတွင် (၉-၇-၂၀၁၉) ရက်မှစ၍ ဝင်ခွင့်လျှောက်လွှာများရယူနိုင်ပြီး (၃၀-၈-၂၀၁၉) ရက်နောက်ဆုံးထား၍ ပြန်လည်ပေးပို့သွားကြရန် ဖြစ်သည်။
ဝင်ခွင့်လျှောက်လွှာများနှင့်အတူ အောက်ပါစာရွက်စာတမ်းများ ပူးတွဲတင်ရမည်ဖြစ်ပါသည်။
** တက္ကသိုလ်ဝင်စားမေးပွဲ အောင်လက်မှတ်မိတ္တူ(သို့) အောင်ကြောင်းထောက်ခံစာမူရင်း
** အမှတ်စာရင်းမူရင်း
** လိုင်စင်ဓါတ်ပုံ (၃) ပုံ (အပြာရောင်နောက်ခံ)
သမဝါယမတက္ကသိုလ် (သန်လျင်) တက္ကသိုလ်ဝင်ခွင့်လျှောက်ထားရာတွင် ဦးစားပေးအဆင့်ဇယားကွက်တွင် မိမိလျှောက်ထားမည့် သမဝါယမတက္ကသိုလ်/ကောလိပ်များအလိုက် ပထမ/ဒုတိယ/တတိယ/စတုတ္ထ ဦးစားပေးအဆင့်များ ထည့်သွင်းဖော်ပြရန်ဖြစ်သည်။
သမဝါယမတက္ကသိုလ်(သန်လျင်) တွင် ဝင်ခွင့်ရရှိပါက တက္ကသိုလ်ဝင်စာအိတ်တစ်ပါတည်း ယူဆောင်လာကြရန်ဖြစ်သည်။
Read More: ၂၀၁၉ ခုနှစ်တက္ကသိုလ်အသီးသီးမှ လက်ခံမည့်ကျောင်းသားအရည်အတွက်များ
၂၀၁၉-၂၀၂၀ ပညာသင်နှစ်အတွက် ပထမနှစ်သင်တန်း ဝင်ခွင့်လျှောက်ထားမည့် ကျောင်းသား/သူများသည် သမဝါယမတက္ကသိုလ်(သန်လျင်)သို့ လျှောက်ထားသည့်အပြင် (သမဝါယမတက္ကသိုလ်ဝင်ခွင့် မရရှိပါက နစ်နာမှုမရှိစေရေးအတွက်) အခြားနှစ်သက်ရာတက္ကသိုလ်၊ကောလိပ်များသို့လည်း လျှောက်ထားရန် လိုအပ်မည်ဖြစ်ကြောင်းအသိပေးအပ်ပါသည်။
Source: Co-operative University,Thanlyin