တက္ကသိုလ်ဝင်တန်းအောင် ကျောင်းသား၊ ကျောင်းသူများ၏ တက္ကသိုလ်ဝင်ခွင့်လျှောက်လွှာကို သြဂုတ်လတွင် စတင်လက်ခံမည်

တက္ကသိုလ်ဝင်တန်းအောင် ကျောင်းသား၊ ကျောင်းသူများ၏ တက္ကသိုလ်ဝင်ခွင့်လျှောက်လွှာကို သြဂုတ်လတွင် စတင်လက်ခံမည်

ယခုနှစ်တက္ကသိုလ်ဝင်တန်းအောင် ကျောင်းသား၊ ကျောင်းသူများ၏ တက္ကသိုလ်ဝင်ခွင့်လျှောက်ထားခြင်းများကို ရန်ကုန်ပညာရေးတက္ကသိုလ်တွင် လျှောက်လွှာလက်ခံရေးဌာနများဖွင်လှစ်ပြီး ၀င်ခွင်လျှောက်လွှာများကို လက်ခံပေးမည်ဖြစ်သည်။

တက္ကသိုလ်ဝင်ခွင့်လျှောက်ထားနိုင်ရန်အတွက် တက္ကသိုလ်လမ်းညွှန်စာအုပ်များကို ပုံနှိပ်ရန် အမှတ်စာရင်းများကို စိစစ်လျက်ရှိပြီး မကြာမီအချိန်အတွင်း ကျောင်းသား၊ ကျောင်းသူများထံ ပုံနှိပ်ဖြန့်ဝေပေးသွားမည် ဖြစ်ကြောင်း အဆင့်မြင့်ပညာဦးစီးဌာန (ရန်ကုန်ရုံးခွဲ) မှသိရသည်။

လက်ရှိအွန်လိုင်းမှာ တက်နေတဲ့အမှတ်စာရင်းတွေက ဒီနှစ်အတွက် သတ်မှတ်ထားတာတွေက မဟုတ်ပါဘူး။ မနှစ်ကဟာတွေဖြစ်ပါတယ်။

READ - အွန်လိုင်းတွင် တက္ကသိုလ်ဝင်ခွင့် သတ်မှတ်ချက်များ မမှန်ဟု ပညာရေးဝန်ကြီးဌာန ထုတ်ပြန်

ဒီနှစ်အတွက်က အမှတ်စာရင်းများကို စိစစ်နေဆဲဖြစ်ပြီး ၀င်ခွင့်တွေကို နှစ်စဉ်လျှောက်ထားခွင့်ပေးနေတဲ့အချိန်ဖြစ်တဲ့ သြဂုတ်လလောက်မှပဲ လျှောက်ထားခွင့်ပေးနိုင်ချေ ရှိပါတယ်။

တက္ကသိုလ်ဝင်ခွင့်လျှောက်ထားမှုများကို လက်ခံသည့်အချိန်တွင် အဆင့်မြင့်ပညာဦးစီးဌာနမှ ထုတ်ပြန်ပေးထား သည့် ၀င်ခွင့်လျှောက်လွှာများကို ကိုယ်တိုင်ကိုယ်ကျ ဖြည့်သွင်းပြီး လျှောက်လွှာများကိုလည်း ကိုယ်တိုင်ကိုယ်ကျ လာရောက်တင်သွင်းရန် လိုအပ်ကြောင်း၊ ၀င်ခွင့်လျှောက်လွှာများကို ပြင်ပပုဂ္ဂိလ်များကို ရေးသားစေပြီး စစ်ဆေးစေခြင်း၊ အပ်နှံခြင်းများ ပြုလုပ်ခြင်းကြောင့် တစ်စုံတစ်ရာ ပြဿနာဖြစ်ပွားပါက မိမိတို့ တာဝန်သာ ရှိပြီး အဆင့်မြင့်ပညာဦးစီးဌာနမှ တာဝန်ယူဖြေရှင်းပေးမည်မဟုတ်ကြောင်း သိရသည်။

ယခုနှစ်တွင် တက္ကသိုလ်ဝင်တန်းအောင်မြင်ထားသူများအနေဖြင့် တက္ကသိုလ်ဝင်ခွင့်လျှောက်လွှာပုံစံအိတ်၊ အရည်အချင်း မှတ်တမ်းချုပ်ရမှတ်အဆင့်၊ အမှတ်စာရင်းများကို မိမိတို့ စာမေးပွဲဖြေဆိုခဲ့သော စာစစ်ဌာန ကြီးကြပ်ရေးမှူးများထံတွင် (ကျောင်းအုပ်) ကျပ် ၈၀၀ ဖြင့် ထုတ်ယူပြီး အဆင့်မြင့် ပညာဦးစီးဌာန (ရန်ကုန်ရုံးခွဲ) သို့ ပေးပို့ရမည် ဖြစ်သည်။

မိမိတို့ တက်ရောက်လိုသည့် သင်တန်းကျောင်းများနှင့် ပုဂ္ဂလိက တက္ကသိုလ်များကို ရှာဖွေလိုပါက ဒီ Link မှာရှာဖွေနိုင်ပါသည်။

Source: democracy today

News Read 8509 times