တက္ကသိုလ်ဝင်ခွင့်အတွက် စဉ်းစားဆုံးဖြတ်ရမည့် အချိန်

တက္ကသိုလ်ဝင်ခွင့်အတွက် စဉ်းစားဆုံးဖြတ်ရမည့် အချိန်

ယခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်သူများအနေဖြင့် မိမိဝါသနာပါရာ တက္ကသိုလ်သို့ တက်ရောက်ခွင့်ရရန် လာမည့် ဩဂုတ်လ ၁ ရက်တွင် တက္ကသိုလ် ဝင်ခွင့်လျှောက်လွှာများကို စတင် လျှောက်ထားရတော့မည် ဖြစ် သည်။

‘‘ဝင်ခွင့် ရွေးချယ်မှုကတော့  တက္ကသိုလ်ဝင်ခွင့် စိစစ်ရွေးချယ် ရေးအဖွဲ့ကလုပ်မှာပါ။ ဩဂုတ် ၁ ရက်မှာ ၀င်ခွင့်လမ်းညွှန်တွေစပေးမယ်။ လကုန်လောက်ထိ လျှောက်လွှာတွေကို သက်ဆိုင်ရာတိုင်အလိုက် သတ်မှတ်ထားတဲ့ တက္ကသိုလ်တွေမှာ လက်ခံပေးမယ်။  ပြီးရင် နိုဝင်ဘာလလောက် နောက်ဆုံး ထားပြီး ဝင်ခွင့်ပြန်ချပေးဖို့တော့ လျာထားတယ်’’လို့ အဆင့်မြင့် ပညာဦးစီးဌာန ဒုတိယညွှန်ကြား ရေးမှူး ဦးစောခိုင်ကပြောသည်။

၂၀၁၇ ဒီဇင်ဘာတွင် စတင် ဖွင့်လှစ်မည့်၂၀၁၇-၁၈ တက္ကသိုလ် ပညာသင်နှစ် ပထမနှစ်သင်တန်းများ၏ ဝင်ခွင့်ကို ယခင်နှစ်များနည်းတူ တက္ကသိုလ်ဝင်စာမေးပွဲ ရမှတ်ကိုသာ အဓိကထားရွေးချယ် မည်ဖြစ်ကြောင်း တက္ကသိုလ် ပါမောက္ခချုပ်များက ဆိုသည်။

တက္ကသိုလ်ဝင်ခွင့်လက်ခံရာတွင် တက္ကသိုလ်အလိုက် လက်ခံသင်ကြားနိုင်သော သင်တန်းသား အရေအတွက်ကို သတ်မှတ်ထားသည်။

‘‘တက္ကသိုလ်တွေဆီကနေ ၀င်ခွင့်လက်ခံနိုင်မယ့် အရေအတွက်တောင်းထားတယ်။ သူတို့ဆီက သိတာနဲ့ ၀င်ခွင့် လမ်းညွှန်မှာ ထည့်ရိုက်ရုံပဲ။ တက္ကသိုလ်အတော်များများကတော့ အရင်နှစ်က ဦးရေအတိုင်းပဲ။ အပြောင်းအလဲ သိပ်မရှိဘူး’’ဟု အဆင့်မြင့် ပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသိန်းဝင်းက ပြော သည်။

ယခုနှစ်တွင်လည်း တက္ကသိုလ်များ၏ ၀င်ခွင့်လက်ခံမည့် ဦးရေသည် ယခင်နှစ်နှင့် များစွာ ကွာဟမှုမရှိပေ။

READ - မြန်မာ့သတင်းအချက်အလက်နည်းပညာတက္ကသိုလ် (မန္တလေး)သို့ တက္ကသိုလ်ဝင်တန်း ရမှတ် ၄၅၀ နှင့် အထက်ရရှိသူများ လျှောက်ထားနိုင်

ယင်းသင်တန်းများအားလုံးကို သြဂုတ်အတွင်း တက္ကသိုလ်ဝင်ခွင့်လျှောက်လွှာတွင် ရေးသွင်း လျှောက်ထားရမည်ဖြစ်ပြီး သင်တန်းရွေးချယ်မှုကတ်ပြား၌ ထည့်သွင်းရန် မလိုအပ်ဘဲ တက္ကသိုလ်သို့ တိုက်ရိုက်လျှောက်ထားရသော အထူးပြုဘာသာရပ်များ ရှိနေသည်။

ယဉ်ကျေးမှုတက္ကသိုလ် (ရန်ကုန်၊ မန္တလေး) ၊ ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်၊ မွေးမြူရေး တက္ကသိုလ်၊ အမျိုးသား စီမံခန့်ခွဲမှု ပညာ ဒီဂရီကောလိပ်၊ အစိုးရစက် မှုလက်မှုသိပ္ပံ (AGTI) တို့ ဖြစ် သည်။

ယင်းတက္ကသိုလ်များ၏ ဝင်ခွင့်ကို သတင်းစာများ၌ သီးခြား ကြော်ငြာကာ ခေါ်ယူလေ့ရှိပြီး တက္ကသိုလ်သို့ တိုက်ရိုက်လျှောက် ထားရခြင်းဖြစ်သည်။

ယင်းတက္ကသိုလ်၊ ဒီဂရီကော လိပ်များ၊ ကောလိပ်များအနေဖြင့် ၀င်ခွင့်လျှောက်လွှာများကို စက်တင်ဘာခန့်တွင် ခေါ်ယူမည်ဖြစ်သည်။

ပညာရေးကောလိပ်များ၏ ဝင်ခွင့်များကို သက်ဆိုင်ရာ ပညာ ရေးကောလိပ်များက သတင်းစာများမှတစ်ဆင့် ခေါ်ယူမည်ဖြစ်ပြီး မြို့နယ်ပညာရေးမှူးရုံးများမှတစ်ဆင့် ဝင်ခွင့်လျှောက်ထားတက် ရောက်ရမည်ဖြစ်သည်။

အသက်မွေးဝမ်းကျောင်းနှင့် ၀ိဇ္ဇာ၊ သိပ္ပံတက္ကသိုလ်များ မတက်ရောက်လိုပါက အဝေးသင်တက္ကသိုလ်များကို ရွေးချယ်တက် ရောက်နိုင်သည်။

တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ကောလိပ်၊ အထူးပြုဘာသာရပ် အသီးသီး၏ ဝင်ခွင့်များကို ပညာ ရေးဝန်ကြီးဌာန က ထုတ်ဝေသော ၂၀၁၇ တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်သူများအတွက် တက္ကသိုလ်ဝင်ခွင့် လမ်းညွှန်စာအုပ်တွင် ဖော်ပြထားမည်ဖြစ်သည်။

ယင်းစာအုပ်များကို ကျောင်းသား၊ ကျောင်းသူများ စာမေးပွဲဖြေ ဆိုခဲ့သော စာစစ်ဌာနကြီးကြပ်ရေး မှူးများ၊ အခြေခံပညာအထက်တန်း ကျောင်းအုပ်ကြီးများထံတွင် ထုတ်ယူနိုင်သည်။

လမ်းညွှန်စာအုပ်နှင့်အတူ တက္ကသိုလ်ဝင်ခွင့် သင်တန်းရွေး ချယ်မှုကတ်ပြားများကိုပါ တစ်ပါတည်း ထုတ်ယူနိုင်ပြီး တက္ကသိုလ် ဝင်ခွင့်လျှောက်လွှာကို မိမိတိုင်း ဒေသကြီးနှင့် ပြည်နယ်ရှိ သတ်မှတ် တက္ကသိုလ်များတွင် လျှောက် ထားရမည်ဖြစ်သည်။

READ - ယခုပညာသင်နှစ်မှစပြီး စာသင်နှစ်တစ်နှစ်တွင် အခြေခံပညာစာမေးပွဲကို လေးကြိမ်သာ စစ်ဆေးတော့မည်

ယခုနှစ်တွင် တက္ကသိုလ်ဝင် ခွင့်လျှောက်လွှာများကို ယခင်က ကဲ့သို့ အဆင့်မြင့်ပညာဦးစီးဌာန (ရန်ကုန်)သို့ လျှောက်ထားရန်မလိုဘဲ နီးစပ်ရာ တက္ကသိုလ်များ၌ လျှောက်ခွင့် ပေးထားခြင်းဖြစ် သည်။

‘‘အရင်က အဆညရန်ကုန် ကို လျှောက်ရတယ်။ ဒီနှစ်ကစပြီး ကိုယ့်တိုင်းထဲက ၀င်ခွင့်လျှောက် လွှာတင်ဖို့ သတ်မှတ်ထားတဲ့ တက္ကသိုလ်မှာ လျှောက်လွှာတင် ရမယ်။ ဥပမာ ရန်ကုန်တိုင်းကဆို ရင် ရန်ကုန်တက္ကသိုလ်မှာ လျှောက် လွှာတင်ရမယ်’’ဟု ဦးစောခိုင်က ပြောသည်။

ဝင်ခွင့်လျှောက်လွှာများကို မြစ်ကြီးနား၊ လွိုင်ကော်၊ ဘားအံ၊ မန္တလေး၊ မော်လမြိုင်၊ စစ်တွေ၊ မုံရွာ၊ ထားဝယ်၊ တောင်ငူ၊ ပဲခူး၊ မကွေး၊ ရန်ကုန်၊ တောင်ကြီး၊ လားရှိုး၊ ကျိုင်းတုံ၊ ပုသိမ်တက္ကသိုလ်နှင့် ဟားခါးကောလိပ်တို့တွင် လျှောက်ထားရမည်ဖြစ်သည်။

ဝင်ခွင့် လျှောက်ထားရာ၌ သင်တန်းရွေးချယ်မှု ကတ်ပြား တွင် ဖြည့်သွင်းလျှောက်ထားရမည့် တက္ကသိုလ်များ၊ အထူးပြုဘာ သာရပ်များကို ဦးစားပေးပြည့်စုံစွာ ဖော်ပြ၍ အချိန်မီလျှောက်ထားရန် လိုအပ်သကဲ့သို့ သီးခြားခေါ်ယူ သော တက္ကသိုလ်ကောလိပ်များသို့ တက်ရောက်လိုပါကလည်း ယင်း တို့၏ ဝင်ခွင့်ခေါ်ယူမည့် ကြေညာ ချက်များကို အချိန်မီသိရှိကာ သတ်မှတ်ချက်နှင့်အညီ လျှောက် ထားရန် သတိပြုသင့်သည်။

တက္ကသိုလ်ဝင်ခွင့် လမ်းညွှန် စာအုပ်ထုတ်ယူရာ၌ တစ်ပါတည်း ပါဝင်သည့် သင်တန်းရွေးချယ်မှု ကတ်ပြားတွင် မိမိတက်ရောက်လို သည့် တက္ကသိုလ်နှင့် အထူးပြု ဘာသာရပ်များကို ပြည့်စုံစွာ ဖြည့် သွင်းရမည်ဖြစ်သည်။

အချို့ကျောင်းသား၊ကျောင်း သူများသည် သီးခြားခေါ်ယူလေ့ရှိ သော တက္ကသိုလ်ကောလိပ်များ တွင် လျှောက်ထားရန် ရည်ရွယ် ကာ တက္ကသိုလ်ဝင်ခွင့်စိစစ်ရွေး ချယ်ရေးအဖွဲ့သို့ လျှောက်ထားရ သည့် တက္ကသိုလ်၊ အထူးပြုဘာ သာရပ်များကို  မလျှောက်ထားဘဲ နေခြင်းကြောင့်  သီးခြားခေါ်ယူ သည့် တက္ကသိုလ်၊ ကောလိပ်များ တွင် ဝင်ခွင့်မရရှိပါက တက္ကသိုလ် တက်ခွင့် ဆုံးရှုံးခြင်းမျိုး နှစ်စဉ်ဖြစ် ပေါ်လေ့ရှိသည်။

တက္ကသိုလ်တက်ခွင့် မဆုံးရှုံး စေရန် တက္ကသိုလ်ဝင်ခွင့်စိစစ်ရွေး ချယ်ရေးအဖွဲ့က ကြေညာသတ် မှတ်ထားသော နည်းလမ်းအတိုင်း တက္ကသိုလ်ဝင်ခွင့် လျှောက်လွှာ အိတ်ဖြင့် အခြားတက္ကသိုလ်များ သို့ လျှောက်ထားရန် လိုအပ်မည် ဖြစ်သည်။

တက္ကသိုလ်ဝင်ခွင့် စိစစ်ရွေး ချယ်ရေးအဖွဲ့သည် လျှောက်ထား သူများ၏ သင်တန်းရွေးချယ်မှု ကတ်ပြားများကို အမှတ်အနည်း အများအလိုက်စဉ်ထားသည်။ အ မှတ်အများဆုံးရရှိသည့် လျှောက် ထားသူ၏ ကတ်ပြားကစ၍ အ မှတ်အနည်းအများအလိုက် ကတ် ပြားတစ်ခုချင်းကို စိစစ်သည်။ ဦး စားပေးအစီအစဉ်အတိုင်း စိစစ် သည်။

‘‘အရေးကြီးတာက တက္က သိုလ်တွေရဲ့ ၀င်ခွင့်အနိမ့်ဆုံး အ မှတ်တွေက ကြိုသတ်မှတ်ထား တာမဟုတ်ဘူး။ အမှတ်များတဲ့သူ တွေ အလျှောက်များတဲ့ တက္က သိုလ်၊ အထူးပြုဘာသာရပ်တွေက အမှတ်မြင့်သွားတာပဲ။ လျှောက် တဲ့သူအပေါ်မှာ မူတည်တယ်။ ဒီ နှစ်ဘယ်လောက်ဆိုတာ ဘယ်သူ မှ ကြိုမသိနိုင်ဘူး။ ခြွင်းချက်အနေ နဲ့ တချို့တက္ကသိုလ်တွေကတော့ လိုအပ်ချက်အရ အမှတ်အနိမ့် ဆုံးဘယ်လောက်ရရင် လျှောက် နိုင်တယ်ဆိုတာမျိုးတော့ ရှိတယ်’’ ဟု ဒေါက်တာသိန်းဝင်းက ပြော သည်။

လျှောက်ထားသူ၏ သင် တန်းရွေးချယ်မှု ကတ်ပြားတွင် ဖြည့်သွင်းထားသည့် ဦးစားပေး-၁ ရှိ တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ကောလိပ် အထူးပြုဘာသာရပ် တွင် သတ်မှတ်ထားသည့် ဦးရေအ တွင်းဖြစ်ပါက လက်ခံမည်ဖြစ်ပြီး သတ်မှတ်ဦးရေကျော်လွန်နေပါ က ဦးစားပေး-၂ ကို ဆက်လက် စဉ်းစားကာ အဆင့်ဆင့်  ဝင်ခွင့် လက်ခံခြင်းဖြစ်သည်။

ဦးစားပေးအဆင့် သုံးခုသာ ဖြည့်သွင်းထားပါက ယင်းတို့တွင် လက်မခံနိုင်သည့်အခါ ယင်း လျှောက်လွှာကို ပယ်ချမည်ဖြစ် သည်။ ယင်းသို့ ပယ်ချခံရသော လျှောက်လွှာများကို ဝင်ခွင့်ချပေး မည်မဟုတ်ဘဲ အသနားခံစာတင် မှသာ တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ကောလိပ်များတွင် နေရာရှိပါက  လက်ခံရန် စဉ်းစားပေးသည်။တက္ကသိုလ်ဝင်ခွင့်ရစာရင်းများကိုမူ သက်ဆိုင်ရာတက္ကသိုလ် များ၊ အဆင့်မြင့်ပညာဦးစီးဌာန (ရန်ကုန်ရုံးခွဲ)တို့တွင် ဒီဇင်ဘာလ မတိုင်မီ ကြေညာလေ့ရှိပြီး ဝင်ခွင့် ရရှိသည့် အကြောင်းကြားစာများ ကို ကျောင်းသား ကျောင်းသူများ ထံ ပေးပို့သည်။

ဝင်ခွင့်လျှောက်ထားရာတွင် အထောက်အကူဖြစ်စေရန် အသက်မွေးဝမ်းကျောင်းတက္ကသိုလ်အချို့၏ ၂၀၁၆ ၀င်ခွင့်အမှတ်များ ကို ဖော်ပြပေးထားပါသည်။

မိမိတို့ တက်ရောက်လိုသည့် သင်တန်းကျောင်းများနှင့် ပုဂ္ဂလိက တက္ကသိုလ်များကို ရှာဖွေလိုပါက ဒီ Link မှာရှာဖွေနိုင်ပါသည်။

Source: 7 day daily

News Read 5645 times