တက္ကသိုလ်များ သင်ရိုးညွှန်းတမ်းတွင် ရာသီဥတုပြောင်းလဲမှုဆိုင်ရာဘာသာရပ် ထည့်သွင်းရေးဆွဲမည်

တက္ကသိုလ်များ သင်ရိုးညွှန်းတမ်းတွင် ရာသီဥတုပြောင်းလဲမှုဆိုင်ရာဘာသာရပ် ထည့်သွင်းရေးဆွဲမည်

တက္ကသိုလ်များတွင် ရာသီဥတုပြောင်းလဲမှုဆိုင်ရာဘာသာရပ်ကို ထည့်သွင်းသင်ကြားနိုင်ရေး အတွက် သင်ရိုးညွှန်းတမ်းများ ရေးဆွဲသွားမည်ဖြစ်သည်။

မြန်မာနိုင်ငံရှိ တက္ကသိုလ်သင်ရိုးညွှန်းတမ်းတွင် ရာသီဥတုပြောင်းလဲမှုဆိုင်ရာ ဘာသာရပ်ကို အားဖြည့်သင်ကြားပို့ချနိုင်ရန်အတွက်  သြဂုတ်လ ၂၈ ရက်နေ့က နေပြည်တော်တွင် Least Developed Countries Universities Consortium on Climate Change (LUCCC) အဖွဲ့မှ ပညာရှင်များနှင့် မြန်မာနိုင်ငံမှ ဆက်စပ်ပတ်သက်သူများ ပါဝင်သည့် အလုပ်ရုံဆွေးနွေးပွဲကိုကျင်းပသွားမည် ဖြစ်သည်။

ဦးလှမောင်သိန်းက “ရာသီ ဥတုပြောင်းလဲမှုနဲ့ ပတ်သက်ပြီး မူဝါဒရယ်၊မဟာဗျူဟာရယ်။ နောက်ပင်မလုပ်ငန်းစဉ် Master Planကိုဆွဲထားပြီးဖြစ်ပါ တယ်။ အဆင့် ဆင့် လည်း တင်ပြ ထားပြီးဖြစ်ပါတယ်။ အဲဒီထဲမှာ ဦးစားပေးဧရိယာခြောက်ခုရှိပါ တယ်။ ဧရိယာတစ်ခုက ပညာရေး၊ သုတေသနနဲ့နည်းပညာဖွံ့ဖြိုးရေး ဆိုတာက ဦးစားပေးတစ်ခုအနေ နဲ့ ပါပါတယ်။ အဲဒီထဲမှာအဓိက ကတော့ ပညာရေးနဲ့ သုတေသန ပေါ့နော် ။
Master Plan မှာ အဆင့်မြင့် ပညာကျောင်းတွေမှာ ရာသီဥတုပြောင်းလဲမှုနဲ့ ဆက်စပ် တဲ့သင်ရိုးညွှန်းတမ်းတွေ ပြဋ္ဌာန်း နိုင်တဲ့ရည်မှန်းချက်ပါပါတယ်”ဟု ပြောသည်။

သင်ရိုးညွှန်းတမ်းများကို အ မြန်ဆုံးပြဋ္ဌာန်းနိုင်ရန် အတွက် ရည်ရွယ်လုပ်ဆောင်လျက်ရှိသော် လည်း တက္ကသိုလ်များတွင် စတင် သင်ကြားနိုင်ရန် အချိန်ယူရဦး မည်ဖြစ်ကြောင်းသိရသည်။

ဦးလှမောင်သိန်းက “LUCCC) အဖွဲ့က ပညာရှင်တွေနဲ့ ပေါင်းပြီးတော့ အဆင့်မြင့်တက္က သိုလ်တွေမှာ ရာသီဥတုပြောင်းလဲ မှုနဲ့ ပတ်သက်လို့ သင်ရိုးညွှန်းတမ်းတွေထည့်ဖို့ပေါ့။ ကနဦးအ ဆင့်အနေနဲ့ လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။

အဓိကရည်ရွယ်ချက် ကတော့ ရာသီဥတုပြောင်းလဲမှုနဲ့ ပတ်သက်ပြီး လူသားအရင်းအမြစ်တွေ ဖွံ့ဖြိုးတိုးတက်စေဖို့၊ ရာသီဥတု ပြောင်းလဲမှုကို ပညာရေးကဏ္ဍမှာ လည်းပဲ ရေရှည်စဉ်ဆက်မပြတ် ဖွံ့ဖြိုး တိုးတက်ဖို့ အတွက် ပညာ ရေးကဏ္ဍမှာ ဒါကိုပိုပြီးတော့ Awareness ဖြစ်လာစေဖို့ ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ သတ် မှတ်ထားတဲ့ သင်ရိုးညွှန်းတမ်းပြ ဋ္ဌာန်းရေးဆိုင်ရာလုပ်ထုံးလုပ်နည်း နဲ့အညီ တစ်ဆင့်ပြီးတစ်ဆင့်လုပ်ဆောင်နိုင်ဖို့ လမ်းပြမြေပုံတစ်ခု ရေးဆွဲသွားမယ်။ ရေးဆွဲပြီးနောက် ပိုင်းမှာ သက်ဆိုင်ရာ ဝန်ကြီးဌာန တွေနဲ့ပေါင်းပြီး ဆက်လက်လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။

ဘယ် တော့စသင်ကြားနိုင်မယ်လို့တော့ ပြောလို့ မရသေးပါဘူး။ သင်ရိုး ညွှန်းတမ်းတစ်ခုဆွဲပြီဆိုရင် ၁ သင်ပြပေးမဲ့ပညာရှင်တွေရှိ၊ မရှိ၊ ပညာရှင်ရှိပြီးဆိုရင်လည်း ဒါနဲ့ပတ် သက်တဲ့ သင်တဲ့အခါမှာလိုအပ်တဲ့ ပစ္စည်းတွေစသဖြင့်အားလုံးကို ထည့် သွင်းစဉ်းစားရတာ ဖြစ်ပါတယ်” ဟု ဆက်လက်ပြောသည်။

မြန်မာနိုင်ငံရှိ တက္ကသိုလ် သင်ရိုးညွှန်းတမ်းတွင် ရာသီဥတု ပြောင်းလဲမှုဆိုင်ရာဘာသာရပ် အားဖြည့်သင်ကြားပို့ချရေးဆိုင် ရာ အကြိုညှိနှိုင်းအစည်းအဝေးကို သြဂုတ်လ ၁၇ ရက်က နေပြည်တော်တွင် ကျင်းပခဲ့သည်။

မိမိတို့ တက်ရောက်လိုသည့် သင်တန်းကျောင်းများနှင့် ပုဂ္ဂလိကကျောင်းများကို ရှာဖွေလိုပါက ဒီ Link မှာရှာဖွေနိုင်ပါသည်။

ပညာရေးလမ်းညွှန် website တွင် ပါဝင်သော သင်တန်းများ ကျောင်းများScholarshipKnowledge များနှင့် ပတ်သက်သော အချက်အလက်များကို ၀င်ရောက်ရှာဖွေ ဖတ်ရှုနိုင်ပါတယ်။

source: democracy

News Read 1497 times