လာမည့်ပညာသင်နှစ်မှ စတင်၍ ဆေးတက္ကသိုလ်အသီးသီး၌ သစ်လွင် ကျောင်းသား၊ ကျောင်းသူဦးရေ ၁၄၀၀ ခန့် သင်ကြားပေးမည်

လာမည့်ပညာသင်နှစ်မှ စတင်၍ ဆေးတက္ကသိုလ်အသီးသီး၌ သစ်လွင် ကျောင်းသား၊ ကျောင်းသူဦးရေ ၁၄၀၀ ခန့် သင်ကြားပေးမည်

ကျန်းမာရေး လူ့စွမ်းအားအရင်းအမြစ် ဦးစီးဌာနလက်အောက်တွင် ဆေးတက္ကသိုလ်များ၊ သွားဘက်ဆိုင်ရာ ဆေးတက္ကသိုလ်များ၊ ဆေးဝါးတက္ကသိုလ်များ၊ ဆေးဘက်ဆိုင်ရာ နည်းပညာ တက္ကသိုလ်များ၊ သူနာပြုတက္ကသိုလ်များနှင့် အခြေခံကျန်းမာရေး တက္ကသိုလ်တို့ပါဝင်ပြီး လိုအပ်သော ကျန်းမာရေးဆိုင်ရာ ဆရာဝန်များ ပေါ်ထွက်လာရေးအတွက် တိုးမြှင့်လက်ခံသင်ကြားရခြင်း ဖြစ်သည်။

READ - မြန်မာနိုင်ငံတွင် ပထမဦးဆုံး နိုင်ငံရေးလေ့လာမှု ပညာမဟာဘွဲ့သင်တန်းကို မန္တလေးတက္ကသိုလ်တွင် စတင်ဖွင့်လှစ်ရန်စီစဉ်

ထို့ပြင် ဆေးပညာဝါသနာပါပြီး မိမိဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် တာဝန်ပြန်လည်ထမ်းဆောင်နိုင်မည့် အရည်အသွေးပြည့်ဝသော ဆေးပညာရှင် ဆရာဝန်ကောင်းများ ပေါ်ထွက်လာစေရန် ရည်ရွယ်၍ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသများ၌ သွားလာရေး ခက်ခဲသော ဒေသတို့မှ တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်သူများအား ၂၀၁၂-၂၀၁၃ ပညာသင်နှစ်မှစ၍ ဆေးသိပ္ပံပညာ ဦးစီးဌာနလက်အောက်ရှိ ဆေးတက္ကသိုလ်များသို့ ပညာသင်ခွင့်ရရှိရေး သတ်မှတ်ချက်နှင့် ကိုက်ညီသူများအား ၀င်ခွင့်လျှောက်လွှာ ခေါ်ယူခွင့်ပြုခဲ့ခြင်း ဖြစ်သည်။

ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသဖြစ်သည့် နာဂဒေသ၊ ပအိုဝ်းဒေသ၊ ပလောင်ဒေသ၊ ကိုးကန့်ဒေသ၊ ၀ဒေသ စသည့် သွားလာရေး ခက်ခဲသော ဒေသများမှ ဆေးတက္ကသိုလ်ဝင်ခွင့်ရရှိသူများကို ဆရာဝန်ဘွဲ့ရပြီးပါက မိမိဒေသ၌ တာဝန်ပြန်လည်ထမ်းဆောင်ခွင့်ပြုရန်လည်း စီစဉ်ထားသည်။

ပြီးခဲ့သည့် ပညာသင်နှစ်က ကျန်းမာရေး လူ့စွမ်းအား အရင်းအမြစ် ဦးစီးဌာနရှိ ဆေးတက္ကသိုလ်များ အပါအ၀င် တခြားဆေးပညာနှင့် နှီးနွှယ်သော တက္ကသိုလ်များ၌ တက်ရောက်သင်ကြားနေသော ကျောင်းသား၊ ကျောင်းသူ ဦးရေပေါင်း ၁၇၄၇၆ ဦး ရှိကြောင်း သိရသည်။

မိမိတို့ တက်ရောက်လိုသည့် သင်တန်းကျောင်းများနှင့် ပုဂ္ဂလိက တက္ကသိုလ်များကို ရှာဖွေလိုပါက ဒီ Link မှာရှာဖွေနိုင်ပါသည်။

Source: မြ၀တီ

News Read 3234 times