ဆေးတက္ကသိုလ်များတွင် အမှတ်တစ်ခုတည်းကြည့်ပြီး ရွေးချယ်ခြင်းမှာ မသင့်၊ အမှတ်အပြင် ၀င်ခွင့်စာမေးပွဲဖြင့် ရွေးချယ်ရန် ပြောကြား

ဆေးတက္ကသိုလ်များတွင် အမှတ်တစ်ခုတည်းကြည့်ပြီး ရွေးချယ်ခြင်းမှာ မသင့်၊ အမှတ်အပြင် ၀င်ခွင့်စာမေးပွဲဖြင့် ရွေးချယ်ရန် ပြောကြား

ဝင်ခွင့်ရွေးချယ်ရန် တင်ပြဆုံးဖြတ်မည်ဟု ကျန်းမာရေးနျင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ပြောသည်။

ဆေးတက္ကသိုလ်များတွင် အမှတ်တစ်ခုတည်းကို ကြည့်ပြီး ရွေးခြင်းမှာ မသင့်မြတ်သည်ကို ထောက်ခံကြောင်း၊ Attitude, Psychology Test မလုပ်ခဲ့သဖြင့် ဆရာဝန်ဖြစ်ပြီး နောက်ပိုင်း ပြဿနာများစွာ ဖြစ်ရသည်ကို တွေ့ရကြောင်း ၀န်ကြီးက ပြောသည်။

“ဒီကိစ္စများကို သိတဲ့အတွက် ဆေးကျောင်းနဲ့ ဆေးနဲ့ နှီးနွယ်သော တက္ကသိုလ်များမှာ ၀င်ခွင့်မှာ အရည်အချင်းစစ် စာမေးပွဲများအတွက် ကြိုတင်စီစဉ်မှုများ ရှိပါတယ်။ အပေါ်ကလည်း ခွင့်ပြုထားပါတယ်။ လုပ်ခွင့်ပေးမယ်ဆိုရင်တော့ အသိပေးမည်ဖြစ်ပါတယ်။ ဆယ်တန်းအောင်တဲ့ကလေးများကို နောင်နှစ်မျာတော့ အမှတ်အပြင် မေးခွန်းတွေမေးမယ်။ Psychology ကို အဓိကထားပါတယ်။ အဲဒါလုပ်ပြီးမှ ရွေးချယ်မယ်။ ထိုအစီအစဉ်ကို ၀န်ကြီးဌာနတစ်ခုတည်းအနေနဲ့ မဆုံးဖြတ်ပါဘူး။ အထက်ကို တင်ပြပြီးတော့ ဆုံးဖြတ်မှာ ဖြစ်ပါတယ်။”

READ - ယွန်းပညာကောလိပ်အတွက် ကျောင်းသား၊ ကျောင်းသူ ၁၀၀ ဦး လက်ခံသင်ကြားမည်

လက်ရှိအချိန်တွင် ၀န်ကြီးဌာနက ဆရာဝန် ၁၇၀၀ ဦးကို မကြာခင် ခန့်အပ်တော့မည်ဖြစ်ကြောင်း၊ ယင်းသို့ ခန့်အပ်ရာတွင် Attitude, Psychology Assessment, Psychology Profiles စသော မေးခွန်းများကို ထည့်သွင်း မေးမြန်းခြင်းအားဖြင့် အလုပ်ဝင်သည့်အခါ ကောင်းမွန်သော ဆရာဝန်ဖြစ်လာ၊ မလာကို ကြိုတင်သိရှိမည်ဖြစ်သည်။

ပြည်သူကို ကျန်းမာရေးဝန်ဆောင်မှုပေးရသည့် ကျန်းမာရေးဝန်ထမ်းများအနက် အချို့မှာ ပြည်သူများအပေါ် ဆက်ဆံရေး အဆင်မပြေမှုရှိနေသည့်အတွက် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာစံရွှေဝင်းက ပြည်သူ့ဆက်ဆံရေး ဘာသာရပ်ပို့ချသင်ကြားပေးသင့်ကြောင်း ပြောကြားခဲ့သည့်အပြင် “အမှတ်တွေကြီးပဲ ကြည့်မလား သက်ဆိုင်ရာ ဆေးတက္ကသိုလ်များကို လုပ်ပိုင်ခွင့်ပေးပြီးတော့ Attitude Test လို့ ခေါ်တဲ့ ၀င်ခွင့်စာမေးပွဲများကို သီးသန့်ဆောင်ရွက်ပြီး သက်ဆိုင်ရာ တက္ကသိုလ်ကနေ ရွေးချယ်တဲ့စနစ်ကို ပြောင်းလဲလို့ မရနိုင်ဘူးလား” ဟု အစီရင်ခံစာအပေါ် ဆွေးနွေးခဲ့စဉ် ပြောကြားခဲ့သည်။

မိမိတို့ တက်ရောက်လိုသည့် သင်တန်းကျောင်းများနှင့် ပုဂ္ဂလိက တက္ကသိုလ်များကို ရှာဖွေလိုပါက ဒီ Link မှာရှာဖွေနိုင်ပါသည်။

Source: democracy today

News Read 6175 times