တက္ကသိုလ်ဝင်ခွင့် စာရင်းများ နိုဝင်ဘာအတွင်း ကြေညာမည်

တက္ကသိုလ်ဝင်ခွင့် စာရင်းများ နိုဝင်ဘာအတွင်း ကြေညာမည်

ယခုနှစ် တက္ကသိုလ်ဝင်စာ မေးပွဲအောင်မြင်သူများ တိုက်ရိုက် လျှောက်ထားရသည့် တက္ကသိုလ် များ၏ ၀င်ခွင့်ရစာရင်းကို အဆိုပါ တက္ကသိုလ်များက ၎င်းတို့အစီအ စဉ်ဖြင့် သီးခြားကြေညာမည်ဖြစ် ပြီး အဆင့်မြင့်ပညာဦးစီးဌာန တက္ကသိုလ်ဝင်ခွင့် စိစစ်ရွေးချယ် ရေးအဖွဲ့သို့ လျှောက်ထားရသည့် တက္ကသိုလ်များ၏ ၀င်ခွင့်ရစာရင်း ကို အဆင့်မြင့်ပညာဦးစီးဌာနက နိုဝင်ဘာအတွင်း ကြေညာမည် ဖြစ်သည်။

‘‘တိုက်ရိုက်လျှောက်တဲ့ တက္ကသိုလ်တွေကတော့ သူတို့အ စီအစဉ်အတိုင်း ကြေညာလိမ့် မယ်။ ၀င်ခွင့်ရွေးချယ်ရေးအဖွဲ့ကို တင်တာကတော့ အရင်နှစ်တွေ လိုပဲ နိုဝင်ဘာလလောက် ထွက် ပါလိမ့်မယ်’’ဟု ဒေါက်တာသိန်း ၀င်းက ဆိုသည်။

အဆင့်မြင့်ပညာဦးစီးဌာနသို့ လျှောက်ထားရသည့် တက္ကသိုလ် ၀င်ခွင့် လျှောက်လွှာများကို နိုင်ငံ တစ်ဝန်းရှိ တက္ကသိုလ် ၂၃ ခုတွင် ဇွန်လ ၂၆ ရက်မှ ဇူလိုင် ၂၀ ရက်အတွင်း ပိတ်ရက်မရှိလက်ခံခဲ့ သည်။

သတ်မှတ်ရက် ကျော်လွန် သည်အထိ မလျှောက်ထားရသေး ပါက အဆင့်မြင့်ပညာဦးစီးဌာန (ရန်ကုန်ရုံးခွဲ) သထုံလမ်း ကမာ ရွတ်မြို့နယ် ရန်ကုန်မြို့သို့ ပေးပို့လျှောက်ထားနိုင်ကြောင်း အဆင့် မြင့်ပညာဦးစီးဌာနက ကြေညာ ထားသည်။

တိုက်ရိုက်ခေါ်သည့် တက္ကသိုလ်များကလွဲ၍ အခြားတက္ကသိုလ်များ၏ ၀င်ခွင့်စနစ်ကို ယခင် နှစ်များကဲ့သို့ ကျောင်းသားက ရွေး ချယ်လျှောက်ထားသော တက္က သိုလ်များတွင် သတ်မှတ်အရေ အတွက် ပြည့်မီသည်အထိ၊ တက္ကသိုလ်ဝင်စာမေးပွဲရမှတ် အများဆုံးမှ အနည်းဆုံးအထိ စိစစ်ကာတက် ရောက်ခွင့်ပြုသည့် စနစ်ကိုဆက် လက်ကျင့်သုံးမည်ဖြစ်သည်။

ပထမနှစ် သင်တန်းများသို့ တက်ရောက်ခွင့်ရသည့် စာရင်းကို သက်ဆိုင်ရာကျောင်းများ၌ ကြေ ညာကာ ကျောင်းသား၊ ကျောင်းသူ များကို စာတိုက်မှတစ်ဆင့် ပြန်လည်အကြောင်းကြားပေးမည့်အ ပြင် ပညာရေးဝန်ကြီးဌာန ၀က်ဘ်ဆိုက်(www.moe.gov.mm) မှတစ်ဆင့် ချက်ချင်းသိရှိအောင် ကြေညာပေးရန် အဆင့်မြင့်ပညာ ဦးစီးဌာနက စီစဉ်နေသည်။

တက္ကသိုလ်ဝင်ခွင့် လျှောက် ထားစဉ် ဦးစားပေးတက္ကသိုလ်၊ ဘာသာရပ်များပြည့်စုံစွာ ဖြည့် စွက်ထားခြင်း မရှိသည့် ကျောင်း သား၊ ကျောင်းသူများ၏ ၀င်ခွင့်များကို အချိန်မီပြန်လည်လျှောက်ထား ရန် အကြောင်းကြားမည် ဖြစ် သည်။

လာမည့် ဒီဇင်ဘာတွင် စတင် ဖွင့်လှစ်မည့် ၂၀၁၈-၁၉ ပညာသင် နှစ် တက္ကသိုလ်၊ ဒီဂရီကောလိပ် နှင့် ကောလိပ်အသီးသီး၏ ပထမနှစ်သင်တန်းများ၌ တက်ရောက် ခွင့်ရရှိသူများအနေဖြင့် သက်ဆိုင်ရာကျောင်းများ၏ ကျောင်းအပ် လက်ခံသည့် ကာလအတွင်း ကျောင်းအပ်ရန် လိုအပ်ကြောင်း ၂၀၁၈ တက္ကသိုလ်ဝင်ခွင့် လမ်း ညွှန်တွင် ဖော်ပြထားသည်။

မိမိတို့ တက်ရောက်လိုသည့် သင်တန်းကျောင်းများနှင့် ပုဂ္ဂလိကကျောင်းများကို ရှာဖွေလိုပါက ဒီ Link မှာရှာဖွေနိုင်ပါသည်။

ပညာရေးလမ်းညွှန် website တွင် ပါဝင်သော သင်တန်းများ ကျောင်းများScholarshipKnowledge များနှင့် ပတ်သက်သော အချက်အလက်များကို ၀င်ရောက်ရှာဖွေ ဖတ်ရှုနိုင်ပါတယ်။

source: 7day daily

News Read 4368 times