၂၀၁၈ တက္ကသိုလ်ဝင် စာမေးပွဲအောင်သူများကို ၀င်ခွင့်ရတက္ကသိုလ်များတွင် နိုဝင်ဘာ ၁၅ ရက်၌ စတင်ကျောင်းအပ်လက်ခံမည်

၂၀၁၈ တက္ကသိုလ်ဝင် စာမေးပွဲအောင်သူများကို ၀င်ခွင့်ရတက္ကသိုလ်များတွင် နိုဝင်ဘာ ၁၅ ရက်၌ စတင်ကျောင်းအပ်လက်ခံမည်

တက္ကသိုလ်ပြောင်းတက်လိုသူများ ဒီဇင်ဘာ ၂၁ ရက်မတိုင်မီ ပြောင်းရွှေ့ရမည်။

၂၀၁၈ တက္ကသိုလ်ဝင် စာမေးပွဲအောင်မြင်ပြီး တက္ကသိုလ်ဝင်ခွင့် လျှောက်ထားသူများသည် ၀င်ခွင့်ရ တက္ကသိုလ်များတွင် နိုဝင်ဘာ ၁၅ ရက်၌ စတင် ကျောင်းအပ်ရမည်ဖြစ်ပြီး တက္ကသိုလ်ပြောင်း တက်လိုသူများအနေဖြင့်  ဒီဇင်ဘာ ၂၁ ရက်မတိုင်မီ ပြောင်းရွှေ့ရမည်ဟု အဆင့်မြင့်ပညာဦးစီးဌာနက တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ကောလိပ်များသို့ နိုဝင်ဘာ ပထမပတ်က ညွှန်ကြားထား သည်။

တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ကောလိပ်များ၏ ၂၀၁၈-၁၉ပညာသင်နှစ်ကို ဒီဇင်ဘာ ၃ ရက်တွင် စတင်ဖွင့် လှစ်မည်ဖြစ်သည်။

ကျောင်းပြောင်းရွှေ့လျှောက်ထားခြင်း၊ ခွင့်ပြုခြင်း၊ ကျောင်းပြောင်းရွှေ့ အပ်နှံခြင်း၊ ကျောင်းတက်ရောက်ခြင်းတို့ကို ဒီဇင်ဘာ ၂၁ ရက် အပြီးဆောင်ရွက်ရန်၊ အသိပေးချက် ထုတ်ပြန်ရန် အဆင့်မြင့်ပညာ ဦးစီးဌာနက တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ကောလိပ်များသို့ ညွှန်ကြားထားပြီး သတ်မှတ်ရက် ထက် ကျော်လွန် ဆောင်ရွက်ပါက သက်ဆိုင်ရာတက္ကသိုလ်၏ တာဝန်ဖြစ်ကြောင်းလည်း ထည့်သွင်း ညွှန်ကြားထားသည်။

တက္ကသိုလ်တစ်ခုမှ တစ်ခုသို့ တက်လိုသူများသည် ပြောင်းရွှေ့လိုသော တက္ကသိုလ်၏ အနိမ့် ဆုံး ဝင်ခွင့်ပြုသည့် အမှတ်နှင့် ဝင်ခွင့်သတ်မှတ်ချက်များ ပြည့်မီရမည်ဖြစ်ပြီး ပြောင်းရွှေ့လိုသော တက္ကသိုလ်က လက်ခံမှသာပြောင်းခွင့်ရမည်ဖြစ်သည်။

 ‘‘တက္ကသိုလ် တစ်ခုကနေတခြားတစ်ခုကို ပြောင်းချင်ရင် ကိုယ် ဝင်ခွင့်ရတဲ့ တက္ကသိုလ်ဆီက ထောက်ခံချက်ယူပြီး ကျောင်းစဖွင့်တဲ့နေ့ကနေ သတ်မှတ်ရက် အတွင်း လျှောက်ထားရပါတယ်။ ကျော်ရင်တော့ ပြောင်းတဲ့ တက္ကသိုလ်ကလည်း ကျောင်းဝင်မှတ်ပုံ တင် ခွင့်မပြုပါဘူး’’ဟု အဆင့်မြင့်ပညာ ဦးစီးဌာန ညွှန်ကြားရေးမှူး တစ်ဦးက ရှင်းပြသည်။

မိဘများသည် နိုင်ငံ့ဝန်ထမ်းဖြစ်၍ တာဝန်အရ ပြောင်းရွှေ့ရ သောကြောင့် ကျောင်းသား၊ ကျောင်းသူများအနေဖြင့် ပြောင်းရွှေ့ပညာသင်ကြားခွင့် လျှောက်ထားလိုလျှင် ပထမဝင်ခွင့်ရထားသည့် တက္ကသိုလ်၊ ဒီဂရီကော လိပ်၊ ကောလိပ်၌ ပထမအရစ် သတ်မှတ်ကြေးများ ပေးသွင်းမှတ်ပုံတင်ခြင်း မပြုဘဲ မိဘများ အလုပ်တာဝန် ပြောင်းရွှေ့ရသည့် တရားဝင်ရုံးအမိန့်စာဖြင့် ပြောင်းရွှေ့မည့်တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ကောလိပ်သို့ တိုက်ရိုက်လျှောက်ထား ရမည် ဖြစ်သည်။

အခြားအကြောင်း အမျိုးမျိုးကြောင့် ပြောင်းရွှေ့သင်ကြားခွင့် လျှောက်ထားလိုလျှင် ဝင်ခွင့်ရရှိထားသည့် တက္ကသိုလ်၊ ဒီဂရီကော လိပ်၊ ကောလိပ်၌ ပထမအရစ် သတ်မှတ်ကြေးများ ပေးသွင်းပြီး ယင်းတက္ကသိုလ် ပါမောက္ခချုပ်၊ ကျောင်းအုပ်ကြီးထံ ပြောင်းရွှေ့ သင်ကြားလိုသည့် တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ကောလိပ်ကို ဖော်ပြပြီး ဒီဇင်ဘာ ၂၁ ရက်အထိ လျှောက်ထားနိုင်သည်ဟု ၂၀၁၈ တက္ကသိုလ်ဝင်ခွင့် လမ်းညွှန်တွင် ဖော်ပြထားသည်။

ယခုနှစ် တက္ကသိုလ်ဝင်ခွင့် လျှောက်ထားရာတွင် ရန်ကုန်၊ရန်ကုန်နည်းပညာ၊ သတင်းအချက်အလက်နှင့် နည်းပညာ၊ရန်ကုန်နိုင်ငံခြားဘာသာ၊ ရန်ကုန်စီးပွားရေး၊ ရန်ကုန်ပညာရေး၊ မန္တလေး၊  မန္တလေးနည်းပညာ၊   မန္တလေးကွန်ပျူတာ၊   မန္တလေးနိုင်ငံခြားဘာသာ၊နည်းပညာတက္က သိုလ် (မန္တလေး) တို့သို့ တက်ရောက်လိုသူများသည် ယခင်ကဲ့သို့ အဆင့်မြင့်ပညာဦးစီးဌာနသို့ မလျှောက်ရဘဲ တက်ရောက်လိုသော တက္ကသိုလ်သို့  တိုက်ရိုက်လျှောက်ထားခဲ့ရသည်။

ယင်းတက္ကသိုလ်များအနက် တက္ကသိုလ်ခြောက်ခုက တက္ကသိုလ်ဝင်စာ မေးပွဲရမှတ် သတ်မှတ်ထားသည့်အပြင် လူတွေ့စစ်ဆေးခဲ့သည်။

ထိုတက္ကသိုလ်များ၏ ၀င်ခွင့်ရစာရင်းကို စက်တင်ဘာ ၁၇ ရက်က ကြေညာခဲ့ပြီး အောက်တိုဘာ ၁၇ ရက်အထိ ကျောင်းအပ်လက်ခံခဲ့သည်။

သို့သော် အချို့တက္ကသိုလ်များတွင် ၀င်ခွင့်ရ ကျောင်းသားအားလုံး ကျောင်းအပ်နှံခြင်းမရှိ၍ နောက်ဆက်တွဲ ၀င်ခွင့်ခေါ်ယူမှုများ ပြုလုပ်နေသည်။

အဆင့်မြင့်ပညာ ဦးစီးဌာနတက္ကသိုလ်ဝင်ခွင့် စိစစ်ရွေးချယ်ရေးအဖွဲ့သို့ လျှောက်ထားရသည့် တက္ကသိုလ်များ၏ ၀င်ခွင့်ရစာရင်းကို အဆင့်မြင့်ပညာဦးစီးဌာန က အောက်တိုဘာ နောက်ဆုံးပတ်က စတင်ကြေညာနေပြီး ထိုတက္ကသိုလ်များက နိုဝင်ဘာ ၁၅ ရက်တွင် ကျောင်းအပ်စတင်လက်ခံ မည် ဖြစ်သည်။

ပညာရေးလမ်းညွှန်website တွင်မြန်မာတစ်နိုင်ငံလုံးတွင် ပြောင်းလဲနေသော ပညာရေးသတင်းများအခမဲ့ ပညာရေးသင်ကြားပေးနေသည့် သင်တန်းကျောင်းများ၊ ပြည်တွင်း၊ ပြည်ပပညာသင်ဆုများ၊ ပညာရေးအတွက် သင်တန်းများ၊ အလုပ်ခွင်ဝင်ရန် လိုအပ်သော သင်တန်းများ စသည်တို့ပါဝင်ပါတယ်နော်...။

source: 7day

News Read 6360 times