ယူနက်စကို၏ နည်းပညာနှင့်သက်မွေးပညာဆိုင်ရာ နိုင်ငံတကာစင်တာ အင်းစိန်ဂျီတီအိုင်တွင်ဖွင့်မည်

ယူနက်စကို၏ နည်းပညာနှင့်သက်မွေးပညာဆိုင်ရာ နိုင်ငံတကာစင်တာ အင်းစိန်ဂျီတီအိုင်တွင်ဖွင့်မည်


UNESCO-UNEVOC သည် ကုလသမဂ္ဂအဖွဲ့ဝင် ၁၉၅ နိုင်ငံတွင် နည်းပညာနှင့် သက် မွေးပညာရေးကဏ္ဍ မြှင့်တင်ရေး ဖွဲ့စည်းထားသည့် ကုလသမဂ္ဂအဖွဲ့အစည်း တစ်ခုဖြစ်ပြီး နိုင်ငံ ၅၀ ကျော်၌ စင်တာများဖွင့်လှစ်ထားသည်။

နှစ်စဉ် ဇူလိုင် ၁၅ ရက်ကို World Youth Skills Day အဖြစ် တစ်ကမ္ဘာလုံးရှိ UNESCO-UNEVOC Center ရှိသောနိုင်ငံတိုင်းတွင် ကျင်းပရန် UNESCO-UNEVOC ဌာနချုပ်က သတ် မှတ်ထားရာ မြန်မာနိုင်ငံ၌ အစိုး ရစက်မှုလက်မှုသိပ္ပံများ၏ နည်း ပညာဆိုင်ရာ ပရောဂျက်ပြိုင်ပွဲကို အင်းစိန်ဂျီတီအိုင်တွင် ဇူလိုင် ၁၅ ရက်က ကျင်းပခဲ့သည်။

အဆိုပါ ပရောဂျက်ပြိုင်ပွဲ သို့ တစ်နိုင်ငံလုံးရှိ အစိုးရနည်း ပညာကောလိပ်နှင့် အစိုးရစက် မှုလက်မှု သိပ္ပံကျောင်းများမှ ကျောင်းသား၊ ကျောင်းသူများက ပရောဂျက် ၂၄ ခု ၀င်ရောက်ယှဉ် ပြိုင်ခဲ့သည်။

‘‘မြန်မာနိုင်ငံဟာ ကုလ သမဂ္ဂလက်အောက်ခံ သက်မွေး ပညာအဖွဲ့အစည်းဖြစ်တဲ့ UNE-SCO - UNEVOC  ရဲ့အဖွဲ့ဝင် နိုင်ငံတစ်ခုဖြစ်လာပါပြီ။ လာမယ့် ၂၀၁၈ နိုဝင်ဘာမှာ UNESCO - UNEVOC Center တစ်ခုဖွင့် လှစ်ဖို့ရှိပါတယ်။ ဒီစင်တာ ဖွင့် ပြီးရင် တစ်ကမ္ဘာလုံးမှာရှိတဲ့သက် မွေးပညာကျောင်းအားလုံးနဲ့ ချိတ် ဆက်ဆောင်ရွက်ပါမယ်။ ဒေသ တွင်းနိုင်ငံတကာအဆင့် သက် မွေးပညာကဏ္ဍကို ပိုမိုတိုးမြှင့် ဆောင်ရွက်နိုင်မှာဖြစ်ပါတယ်’’ ဟု ဦးဝင်းမော်ထွန်းကပြောသည်။

မြန်မာနိုင်ငံတွင် ထိုစင်တာ ကို ပညာရေးဝန်ကြီးဌာနနှင့် UNESCO-UNEVOC တို့ပူး ပေါင်းဖွင့်လှစ်မည်ဖြစ်ပြီး စစ်တာ ဖွင့်လှစ်ပြီးပါက UNESCO-UNEVOC Center ရှိသော အခြား နိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက်ခြင်း၊ စွမ်းဆောင်ရည်မြှင့်တင်မှု အတွေ့အကြုံ၊ ဗဟုသုတများ မျှဝေဖလှယ်နိုင်မည်ဖြစ်သည်။

ယင်းစင်တာ ဖွင့်လှစ်နိုင်ရန် ပညာရေးဝန်ကြီးဌာန ဘတ်ဂျက် ဖြင့် အင်းစိန်ဂျီတီအိုင်ဝင်းအတွင်း အဆောင်အအုံသစ်ဆောက်လုပ် နေပြီး ဖွင့်လှစ်ပြီးပါက နည်း ပညာ၊ သက်မွေးပညာဆိုင်ရာ ကျွမ်းကျင်မှုနှင့် ပတ်သက်သည့် ညီလာခံများ၊ အလုပ်အကိုင် အ ခွင့်အလမ်းဖော်ထုတ်ဆွေးနွေးပွဲ များ၊ နည်းပညာအသုံးချ ကုန် ပစ္စည်းတီထွင်ထုတ်လုပ်မှုများ ကျင်းပနိုင်ရန် UNESCO-UNEVOC က ပံ့ပိုးမည်ဖြစ်သည်။

၂၀၀၀ပြည့်နှစ်က စတင် ပိတ်ထားသော ၁၂၂ နှစ် သက် တမ်းရှိ အင်းစိန်ဂျီတီအိုင်အ ဆောက်အအုံကို ပညာရေးဝန် ကြီးဌာနဘတ်ဂျက်ငွေကျပ် နှစ် ဘီလီယံသုံးပြီး ၂၀၁၇ ဇွန်လက စ၍ အကြီးစားပြင်ဆင်မွမ်းမံခဲ့ပြီး နောက် ၂၀၁၇ ဒီဇင်ဘာ ၁ ရက်တွင် ဂျီတီအိုင် ၂နှစ် သင်တန်း များ ပြန်လည်ဖွင့်လှစ်ခဲ့သည်။

အင်းစိန်ဂျီတီအိုင်ဝင်းအတွင်း ယ ခင်အဆောက်အအုံများကို ပြန် လည်မွမ်းမံနေသည့်အပြင် သင် ကြားရေးနှင့် သုတေသနဆိုင်ရာ အဆောက်အအုံသစ်များလည်း ထပ်မံဆောက်လုပ်နေသည်။

အင်းစိန်ဂျီတီအိုင်ကျောင်း ကို ၁၉၈၅ က စတင်ဖွင့်လှစ်ခဲ့ပြီး မြန်မာနိုင်ငံနှင့် အရှေ့တောင်အာရှတွင် ပထမဆုံးစက်မှုလက်မှု ပညာသင်ကျောင်းဖြစ်ခဲ့သည်။

၂၀၀၇ တွင် ရွှေဝါရောင် သံဃာ့အရေးအခင်းမှ ဖမ်းဆီး ထားသူများကို ယင်းကျောင်း ၀င်းအတွင်း ထားရှိခြင်း၊ ကျောင်း ၀င်းအတွင်း ဆေးခန်းဖွင့်လှစ် ခြင်း၊ အခြားပုဂ္ဂလိက လုပ်ငန်း ရှင်များကို ပုဂ္ဂလိက အထက် တန်းကျောင်းဖွင့်ရန် ငှားရမ်းခြင်း တို့ပြုလုပ်ခဲ့ပြီး သင်တန်းများ ဖွင့်လှစ်မှုကိုမူ ရပ်ဆိုင်ထားခဲ့သည်။

မိမိတို့ တက်ရောက်လိုသည့် သင်တန်းကျောင်းများနှင့် ပုဂ္ဂလိက တက္ကသိုလ်များကို ရှာဖွေလိုပါက ဒီ Link မှာရှာဖွေနိုင်ပါသည်။

ပညာရေးလမ်းညွှန် website တွင် ပါဝင်သော သင်တန်းများ ကျောင်းများScholarshipKnowledge များနှင့် ပတ်သက်သော အချက်အလက်များကို ၀င်ရောက်ရှာဖွေ ဖတ်ရှုနိုင်ပါတယ်။


source: 7day daily

News Read 2530 times