ရန်ကုန်နိုင်ငံခြားဘာသာတက္ကသိုလ်မှာ သင်တန်းသစ်(၃)ခုကို လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးမှုဌာနအစီအစဉ်အရ လာမယ့်ဒီဇင်ဘာလမှာ ဖွင့်လှစ်သင်ကြားတော့မယ်လို့ သတင်းရရှိပါတယ်။
ဖွင့်လှစ်မည့် သင်တန်း (၃) ခုမှာ
၁. နိုင်ငံတကာဆက်ဆံရေးပညာသင်တန်း၊
၂. တရုတ်နိုင်ငံအကြောင်းလေ့လာရေးသင်တန်းနဲ့
၃. အင်္ဂလိပ်စာဘာသာပြန်သင်တန်းတွေကိုဖွင့်လှစ်သွားမှာပါ။
နိုင်ငံတကာဆက်ဆံရေးပညာသင်တန်းနဲ့ တရုတ်နိုင်ငံအကြောင်းလေ့လာရေးသင်တန်းနှစ်ခုကတော့ ဘွဲ့လွန်ဒီပလိုမာသင်တန်းတွေဖြစ်ပြီး အင်္ဂလိပ်စာဘာသာပြန်သင်တန်းကတော့ Certificateသင်တန်းဖြစ်ပါတယ်။
သင်တန်းတစ်ခုချင်းစီမှာ သင်တန်းသားဦးရေ(၄၀) စီ လက်ခံသွားမှာဖြစ်ပြီး ၀င်ခွင့်လျှောက်လွှာ တွေခေါ်ယူမယ့်အချိန်ကို နိုင်ငံပိုင်သတင်းစာတွေကတဆင် ကြေညာပေးမှာဖြစ်တယ်လို့ သိရပါတယ်။
အသစ်ဖွင့်မယ့်သင်တန်းတွေကို လျှောက်ထားလိုပါက တက္ကသိုလ်တစ်ခုခုကနေ ဘွဲ့ရပြီးတဲ့သူဖြစ်ရမယ်လို့ ရန်ကုန်နိုင်ငံခြားဘာသာတက္ကသိုလ်ရဲ့ ပါမောက္ခချုပ် ဒေါက်တာကြည်ရွှင်ကပြောပါတယ်။
အင်္ဂလိပ်စာဘာသာပြန်သင်တန်းရဲ့ သင်တန်းကာလက ခြောက်လဖြစ်ပြီး နိုင်ငံတကာဆက်ဆံရေးပညာသင်တန်း ၊ တရုတ်နိုင်ငံအကြောင်းလေ့လာရေးသင်တန်းတွေကတော့ နှစ်နှစ်သင်ကြားရမှာဖြစ်ပါတယ်။
ပညာရေးလမ်းညွှန်website တွင်မြန်မာတစ်နိုင်ငံလုံးတွင် ပြောင်းလဲနေသော ပညာရေးသတင်းများ၊ အခမဲ့ ပညာရေးသင်ကြားပေးနေသည့် သင်တန်းကျောင်းများ၊ ပြည်တွင်း၊ ပြည်ပပညာသင်ဆုများ၊ ပညာရေးအတွက် သင်တန်းများ၊ အလုပ်ခွင်ဝင်ရန် လိုအပ်သော သင်တန်းများ စသည်တို့ပါဝင်ပါတယ်နော်...။
source: 7day